Skip to main content

Sep 01, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို လက်ခံကုသပေးခြင်းများ ဆောင်ရွက် လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများနှင့် လူမှုကူညီရေးအသင်း အဖွဲ့များသို့ စေတနာရှင်အလှူရှင်များက ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

၁။ ၁။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ယင်းကအမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အားထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိပါသည်။ အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နှင့် ယင်းကအမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံး ကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေးအတွက် ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များသည် ပုသိမ်တပ်နယ်အတွင်းရှိ နယ်မြေခံတပ်များတွင် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တ ကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၆ ခုမှ အိမ်သုံးဆေးဝါး ၂၁၄ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၅၁ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချ ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင် ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများသည် မြို့နယ်များအတွင်းရှိ အခြေခံ အိမ်ထောင်စုဝင်များအတွက် အခြေခံစားသောက်ကုန် ဆန်များကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ ၁၂ လမ်းနှင့် ၇၇ လမ်းထောင့်၊ ဓမ္မနိဗဒ္ဓထားဝယ် ဓမ္မာရုံကြီးနှင့် ၈၆ လမ်း၊ ၁၃ လမ်းနှင့် ၁၄ လမ်းကြား၊ ကိုးခန်းဓမ္မာရုံ၌ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း ယခင်ထက်စာလျှင် လျော့ကျလာပြီ ဖြစ်သည်။ ရောဂါဖြစ်ပွားနှုန်း ၁၀ ရာခိုင်နှုန်းကျော်သာ ရှိတော့ပြီး ဆက်လက်လျော့ လာအောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေသည်။ နိုင်ငံအတွင်း အကြမ်းဖက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများမှာ နိုင်ငံအတွင်း နေရာအချို့ တွင်သာ အနည်းငယ်ဖြစ်ပွားလျက်ရှိသည်။ မြို့ရွာလုံခြုံရေးကို ဖိဖိစီးစီးဆောင်ရွက် နေသောကြောင့် ယခင်ထက် စာလျှင် လျော့နည်းလာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 31, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီ အစည်းအဝေးအမှတ် စဉ်(၄/၂၀၂၁)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်