နေပြည်တော် စက်တင်ဘာ ၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ၊ တာချီလိတ်နှင့် ထီးခီးစခန်း (၆) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၁၃) ခုမှ ယာဉ်စီးရေ (၃၄) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးဖြင့် (၁၉) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၃)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၂၂၅၂)ခု၊ Oxygen Plant (၁)ခု၊ အိမ်သုံး Oxygen Concentrator (၂၁၈)ခု၊ PPE ဝတ်စုံ (၃၁၅၀) နှင့် နှာခေါင်းစည်း (Mask) တန် (၈၀) တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည်(Bowser)ယာဉ် (၁)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၁)ခုမှာ လားရှိုးမြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။
(သတင်းစဉ်)