Apr 23, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Apr 23, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။
Apr 23, 2022
(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Apr 23, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည် နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြောက်ဦးမြို့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ပညာသာမိအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားသည်။
Apr 23, 2022
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသည့် ဆန်နှင့်ဂျုံ တန်ချိန်၂၇၀၀ ကို မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်းတို့မှ ကွန်တိန်နာများဖြင့် သယ်ယူပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဆိပ်ကမ်းသာလမ်း စက်မှုဇုန် (၆) သိုလှောင် ရုံသို့ပို့ဆောင်ကာ လှိုင်သာယာ မြို့နယ်အရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ်များအတွက် ယာယီစုပုံထားရှိ၍ ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 23, 2022
နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ ဆရာတော်ကြီး ကိုးပါးအား တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိတိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ပဓာနနာယက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ဦးဆောင်၍ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မကျည်းကျွန်းမြောက်ကျောင်းဆိုင်ရာ ဒါယကာ/ဒါယိကာမတို့က စုပေါင်းဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်း တွင် မကျည်းကျွန်းမြောက်ကျောင်းတိုက်ရှိ တိပိဋက ဓမ္မဗိမာန်တော်ကြီး၌ ပြုလုပ်သည်။
Apr 23, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် နံနက် ၂ နာရီခွဲတွင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၇)ရပ်ကွက်ရှိ မျိုးညွန့်(ခ)ပူတူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည်
Apr 23, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တောင်ကြီးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက ဦးဆောင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များသည် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၄)မိုင်သစ်တော ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျိုင်းတုံမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာ သည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိ သော ဆိုင်ကယ်အပိုပစ္စည်းများ၊ ကားကူရှင်အစွပ်များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၁၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
Apr 23, 2022
အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ ကောက်ယူခြင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Apr 23, 2022
ထွန်ယက်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ သိုလှောင်သည်အထိ စက်မှုလယ်ယာစနစ် အပြည့်အဝ အသုံးပြုဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။