Skip to main content

တောင်ကြီးမြို့နယ်နှင့် နောင်ချိုမြို့တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် နံနက် ၂ နာရီခွဲတွင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၇)ရပ်ကွက်ရှိ မျိုးညွန့်(ခ)ပူတူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ ပါဟက်ရပ်ကွက်ရှိ မန္တလေး-လားရှိုးသွားကားလမ်း မိုင်တိုင်အမှတ် (၈၀/၄)တွင် စိုးမင်း အောင်(ခ)အိုက်ပီး မောင်းနှင်ပြီး နိုင်လင်း လိုက်ပါလာသည့် AD VAN အမျိုးအစား မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား