Apr 22, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သို့ ရောက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Apr 22, 2022
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘော ဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
Apr 22, 2022
အားလုံးအတွက် အဟန့်အတားမဲ့ခရီးသွား အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Apr 22, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Apr 22, 2022
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စာရင်းကိုင်(၄) မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)နှင့် စာရင်းကိုင်(၄) အလုပ်ခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Apr 22, 2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအတွက် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၉၁ ဒသမ ၆၃၁၄ တန်၊ သစ်မာ ၁၁၂ ဒသမ ၇၆၈၆ တန်၊ အခြား ၃၀၉ ဒသမ ၂၇၆၅ တန် စုစုပေါင်း ၆၁၃ ဒသမ ၆၇၆၅ တန်၊ တရားခံ ၄၃ ဦး၊ ယာဉ်/ယန္တရား ၂၇ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
Apr 22, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၆ ဒသမ ၁၈၂၈)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၇၉၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Apr 22, 2022
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာ သတင်းဌာန၊ South China Morning Post သတင်း ဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့မှ သတင်းထောက်များကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
Apr 22, 2022
အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centeron Integrated Rural Development for Asia and the Pacific - CIRDAP)၏ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd Governing Council (GC-23) Meeting) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual Meeting အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ၏အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။