Skip to main content

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့်ဂျုံများကို သိုလှောင်ရုံများအတွင်း စနစ်တကျထားရှိ၊ ပြည်သူများ၏ လက်ဝယ် အရောက်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်

နေပြည်တော် ဧပြီ ၂၂

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသည့် ဆန်နှင့်ဂျုံ တန်ချိန်၂၇၀၀ ကို မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်းတို့မှ ကွန်တိန်နာများဖြင့် သယ်ယူပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ဆိပ်ကမ်းသာလမ်း စက်မှုဇုန် (၆) သိုလှောင် ရုံသို့ပို့ဆောင်ကာ လှိုင်သာယာ မြို့နယ်အရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ်များအတွက် ယာယီစုပုံထားရှိ၍ ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်