Feb 27, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရဟန္တာမဟာသိမ်တော်ကြီး ဘက်စုံ မွမ်းမံပြုပြင်ခြင်းနှင့် နဝရတ်ရွှေစင်အောင် စေတီတော်နှင့် ပတ္တမြား မျက်ရှင်ပုံတူရုပ်ပွားတော် မဟာဒါနကုသိုလ် စုပေါင်းရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အနီးရှိ အဆိုပါ မဟာသိမ်တော်ကြီး၌ ကျင်းပသည်။
တင်လှူပူဇော်
ရှေးဦးစွာ နဝရတ်ရွှေစင်အောင် စေတီတော်နှင့် ပတ္တမြားမျက်ရှင် ပုံတူရုပ်ပွားတော်မြတ်တို့အား နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီး များနှင့် ရွှေတိဂုံစေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ကြသည်။
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စားဆင်ယင်မှုများကို မှတ်တမ်း စာအုပ်ပြုစုနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ပြောင်းလဲလာ
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Feb 27, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်ယန်း လေးသိန်းတန်ဖိုးရှိ လိုအပ် သော ဓာတ်ခွဲပစ္စည်းများအား ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) မှအမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ ဖေဖော်ဝါရီ ၂၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။
Feb 27, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလအတွက် ဗဟိုစာရင်းအင်းအဖွဲ့ မှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃၂၄ ဒသမ ၅၃သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်းနှင့် ပထမသုံးလတာ အတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၇၅၂ ဒသမ ၄၀ သန်း ရှိခဲ့ကြောင်း သိရသည်။
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနားနှင့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 26, 2020
မန္တလေး ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များက ဆောင်ရွက်နေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကို ယနေ့ ညနေပိုင်းက မန္တလေးမြို့ရှိ ပုံနှိပ်တိုက်များသို့ သွားရောက် ကြည့်ရှု စစ်ဆေး သည်။
Feb 26, 2020
၁။ မြန်မာ့ရုပ်မြင်သံကြားကြည့်ပရိသတ်များ အရုပ်/အသံ အရည်အသွေး ပိုမိုကြည်လင်စွာ ကြည့်ရှုနိုင်ရန်အတွက် MRTV Channel အား ပုံမှန် ထုတ်လွှင့်နေသော Standard Definition (SD) စနစ်အပြင် High Definition (HD) စနစ်ဖြင့်ပါ (၁၅-၁-၂၀၂၀) ရက်နေ့ မှ စတင်စမ်းသပ်ထုတ်လွှင့်ပေးခဲ့ပြီး (၁၅-၂-၂၀၂၀)ရက်နေ့မှ စတင်၍ HD စနစ်တစ်မျိုးတည်းဖြင့်သာ ပုံမှန် ထုတ်လွှင့်ပေး သွားမည် ဖြစ်ပါသည်။
Feb 26, 2020
Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၆-၂-၂၀၂၀ ရက်နေ့၊ ည (၈:၁၅) နာရီ)
Feb 26, 2020
Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၆-၂-၂၀၂၀ ရက်နေ့၊ ည (၈:၁၅) နာရီ)
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ် တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၏ ဒုတိယ ၆ လပတ်အခွန် ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
Feb 26, 2020
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆
Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၄/၂၀၂၀) ကို ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပြောကြားရာတွင် -
Feb 26, 2020
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် GIZ တို့ ပူးပေါင်း၍ စီမံကိန်းဘဏ် Website စတင်လွှင့်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ဘွဲ့လွန်သင်တန်းများဝင်ခွင့် ရွေးချယ်ရေးနှီးနှောဖလှယ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန၊ အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီ တွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အရည်အသွေးရှိသော ပညာရေးကိုဦးတည်ဆောင်ရွက်ရာတွင် မည့်သည့်ခွဲခြားမှုမျှမရှိခြင်း၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားခြင်း၊ ကျောင်းထွက်မှုနှုန်းလျော့နည်းခြင်း များကို ဆောင် ရွက်ပါကြောင်း။
Feb 26, 2020
မော်လမြိုင် ဖေဖော်ဝါရီ ၂၆
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) တွင် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)မှ တာဝန်ယူတည်ဆောက် မည့် Hospitality and Catering Training Center (HCTC) တည်ဆောက်ရေးလုပ်ငန်း၏ ပန္နက်တော် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ကြာအင်းစံပြကျေးရွာရှေ့ရှိ အဆိုပါကျောင်းဝင်းတွင်း၌ ကျင်းပသည်။
Feb 26, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြ လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
Feb 26, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၆
ပညာရေးကောလိပ် (လွိုင်ကော်) ကျောင်း၏ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပညာရေးကောလိပ် (လွိုင်ကော်)မှ ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများအား ကာယားပြည်နယ် အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး တို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သွားရောက်တွေ့ဆုံသည်။
Feb 26, 2020
မန္တလေး ဖေဖော်ဝါရီ ၂၆
မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ စဉ်းစားတွေးခေါ်မှု တိုးတက် စေရန်နှင့် ချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်၍ စကားရည်ပြိုင်လုပွဲ 2020 DEBATE ပြိုင်ပွဲကို မန္တလေး တက္ကသိုလ်ရှိ အင်းဝ(၉)ခန်းမ တွင် ယနေ့ နေ့လယ် ၂ နာရီ က ကျင်းပပြုလုပ်သည်။