နေပြည်တော် မေ ၂၀
တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောင်ရွက်လိုသောလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးတင်ပြတောင်းခံခဲ့သော လုပ်ငန်းများအနက် လတ်တလော မဖြစ်မနေ ဆောင်ရွက် ပေးသင့်သည့် လုပ်ငန်းများကို ဦးစားပေး ရွေးချယ်နိုင်ရေးနှင့် မကြာမီကာလတွင် မုတ်သုန် ရာသီကျရောက်တော့မည်ဖြစ်သည့်အတွက် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်ထားရှိရန်နှင့် ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ထားရှိမှုကို သိရှိလိုကြောင်း ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီးက မုတ်သုံကာလ နီးနေပြီဖြစ်၍ ယခင်အတွေ့အကြုံများကို အခြေခံပြီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် မိုးလေဝသအခြေအနေနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများ အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အထူးအလေးပေး ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရေးတင်ပြထားသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဦးစားပေးရွေးချယ်နိုင် ရေး လမ်းညွှန်မှုခံယူကာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)