Skip to main content

¬ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၁ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ ၅၉ ပါတီမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ပထမအကြိမ်တွေ့ဆုံစဉ်က ဆွေးနွေးခဲ့ကြသည့် ဥပဒေပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲပေးခြင်း ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိပြီး မဲစာရင်းကောက်ယူရာတွင် လဝက၏ အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ပုံစံ ၆၆ လူဦးရေ စာရင်းမှရယူပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုက်ဆိုင်စစ်ဆေးကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ယူစာရင်းထည့်သွင်းကောက်ယူသွားရန် စီစဉ်ထားပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲများတွင် မဲစာရင်းကောက်ယူခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များတွင် ဥပဒေနှင့်အညီ ကျင်းပဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီကြစေလိုပါကြောင်း၊ အကြံဥာဏ်များလည်း ပေးကြစေလိုကြောင်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ ပထမဦးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းများ စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်အနက် ၃၀၆ မြို့နယ်ကို စစ်ဆေးခဲ့ပြီး ကျန်ရှိနေသည့် ၉ မြို့နယ်ကိုလည်း ဆက်လက်စစ်ဆေးလျက်ရှိပါကြောင်း၊ မကြာမီ မဲစာရင်းစစ်ဆေး မှုများ ပြီးစီး သွားမည်ဖြစ်ပါကြောင်း၊ စစ်ဆေးဆောင်ရွက်ပြီးသည့် မြို့နယ်များကိုလည်း နေ့စဉ်ထုတ် သတင်းစာ များတွင် သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မေ ၁၉ ရက်အထိ မြို့နယ် ၂၂၃ မြို့နယ် အတွက် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။ မဲစာရင်းများစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လူဦးရေ ၆,၁၃၇,၀၄၇ ဦး မဲစာရင်း တွင်ပါဝင်ပြီး လဝက၏ ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်ကတ် (နိုင်၊ ဧည့်၊ ပြု၊ အမတ) ကိုင်ဆောင်သူများမှာ ၃,၉၇၉,၆၉၅ ဦး ဖြစ်သဖြင့် ကွာခြားချက်အနေနှင့် ၂,၁၅၇,၃၅၂ ဦးရှိပြီး မဲပေးခဲ့သူအရေအတွက်မှာ စုစုပေါင်း ၄,၁၈၈,၂၄၉ ဦး ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူအရေအတွက်မှာ ၇၄၇,၁၃၈ ဦး ၊ နိုင်ငံသားကတ် (၃) ကြိမ်ထပ်၊ (၂) ကြိမ်ထပ် ပါဝင်နေသူအရေအတွက်မှာ ၂၈၀,၄၈၂ ဦးရှိပြီး မဲမသမာမှုဖြစ်နိုင်သည့် အရေအတွက်မှာ ၁,၀၂၇,၆၂၀ ဦး ဖြစ်ကြောင်းကို စစ်ဆေးတွေ့ ရှိရကြောင်း။ ကယားပြည်နယ်တွင် လူဦးရေ ၂၁၂,၉၁၆ ဦး မဲစာရင်းတွင်ပါဝင်ပြီး လဝက၏ ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်ကတ် (နိုင်၊ ဧည့်၊ ပြု၊ အမတ) ကိုင်ဆောင်သူများမှာ ၂၁၄,၀၇၄ ဦး ဖြစ်ပါကြောင်း၊ မဲပေးခဲ့သူ အရေအတွက်မှာ စုစုပေါင်း ၁၆၂,၈၅၇ ဦး ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ အရေအတွက်မှာ ၅,၅၅၂ ဦး ၊ နိုင်ငံသားကတ် (၃) ကြိမ်နှင့်အထက်ပါဝင်နေသူ ၉၃၀ ၊ (၂) ကြိမ်ထပ် ၁၆,၆၈၀ ပါဝင်နေပြီး ရခိုင်ပြည်နယ်တွင် လူဦးရေ ၄၇၇,၉၅၇ ဦး မဲစာရင်း၌ပါဝင်ပြီး လဝက၏ ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်ကတ် (နိုင်၊ ဧည့်၊ ပြု၊ အမတ) ကိုင်ဆောင်သူအရေအတွက်မှာ ၆၃၀,၀၅၂ ဦး ဖြစ်ပါကြောင်း၊ မဲပေးခဲ့သူအရေအတွက်မှာ စုစုပေါင်း ၃၂၉,၂၆၄ ဦး ဖြစ်ပါ‌ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲပေးခဲ့သူအရေအတွက်မှာ ၇၇,၅၇၃ ဦး ၊ နိုင်ငံသားကတ် (၃) ကြိမ်နှင့်အထက်ပါဝင်နေသူ ၄,၁၀၁ ဦး၊ (၂) ကြိမ်ထပ် ပါဝင်နေသူ ၄၇,၇၁၂ ဦးဖြစ်ပြီး မွန်ပြည်နယ်တွင် လူဦးရေ ၁,၈၄၇,၇၈၀ မဲစာရင်း၌ပါဝင်ပြီး လဝက၏ ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်ကတ် (နိုင်၊ ဧည့်၊ ပြု၊ အမတ) ကိုင်ဆောင်သူ အရေအတွက်မှာ ၁,၆၀၂,၉၆၀ ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ အရေအတွက်မှာ ၃၀၅,၉၈၇ ဦး ၊ နိုင်ငံသားကတ် (၃) ကြိမ်နှင့် အထက်ပါဝင်နေသူ ၁၃,၀၀၂ ဦး၊ (၂) ကြိမ် ပါဝင်နေသူ ၁၇၄,၂၆၈ ဦးဖြစ်ကြောင်း။ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် အမည်စာရင်းများ အစုလိုက်အပြုံလိုက်ပါဝင်နေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ်၊ သုံးကြိမ်ထပ်၍ပါဝင်နေခြင်းတို့ကို တွေ့ရှိ ရပါကြောင်း၊ ယင်းမှာ မဲစာရင်းများပြုစုရာ၌ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကောက်ယူထား သည့်စာရင်းကို မြို့နယ်ကော်မရှင်က မဲစာရင်းထည့်သွင်းဆောင်ရွက်ကြရာတွင် ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ပါတီအောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြပြီး ကောက်ယူရာတွင်လည်း ရပ်ကွက် အတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/မရှိ၊ မဲပေးခွင့်ရှိသူ ဟုတ်/မဟုတ် စသည်ဖြင့် စိစစ်ခြင်းမရှိခဲ့သည့်အတွက် ယခုလိုမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို စိစစ်တွေ့ရှိရပါ ကြောင်း၊ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် ရွေးကောက်ပွဲမတိုင်မီ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်မှစ၍ ဆောင်ရွက်နိုင်ကြောင်း ကြေညာချက်ထုတ်ပြန် ဆောင်ရွက်ခဲ့ သည့်အတွက် ကြိုတင်ဆန္ဒမဲ များကောက်ခံရာ၌ အချို့နေရာများတွင် NLD ပါတီ အောင်နိုင်ရေး အဖွဲ့များလိုက်ပါ၍ နေအိမ်များသို့ သွားရောက်ဆန္ဒမဲကောက်ခံခဲ့ကြပါကြောင်း။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိဒေသသို့ မပြန်နိုင်သူများကို ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းညွှန်ကြားချက်ကြောင့် မဲစာရင်းထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးစေခဲ့ခြင်းကိုလည်း စိစစ်တွေ့ရှိရကြောင်း၊ မဲပေးရာတွင်လည်း နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ မဲရုံများတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ မဲပေးခွင့် ရရှိခဲ့ပြီး မဲရေတွက်ရာတွင်လည်း ကော်မရှင်တံဆိပ်မပါသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များ၊ အမှန်ခြစ် ခြစ်ထားသော မဲလက်မှတ်များ၊ ကြိုတင်ဆန္ဒမဲအိတ်များ ပေါက်ပြဲသဖြင့် ပယ်မဲဖြစ်ရမည့် မဲလက်မှတ်များကိုပါ ထည့်သွင်းရေတွက် နိုင်ကြောင်းနှင့် ခိုင်လုံမဲအဖြစ်သတ်မှတ်နိုင်ကြောင်း ညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ အထက်ပါဆောင်ရွက်မှုများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များနှင့်ညီညွတ်မှုမရှိဘဲ ဥပဒေကိုကျော်လွန်ဖောက်ဖျက်ဆောင်ရွက် ခဲ့ကြောင်း ခိုင်မာသည့်သက်သေ အထောက်အထားများနှင့်တကွ စစ်ဆေးတွေ့ရှိခဲ့ကြောင်း။ အောက်ခြေ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံများ၌ ယခုကဲ့သို့ မဲမသမာမှုဖြစ်စဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလလောက်တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် NLD အမာခံများကို ထပ်မံထည့်သွင်းဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး / ပြည်နယ်/ ခရိုင်/ မြို့နယ် ကော်မရှင်များဖွဲ့စည်းရာတွင် ဝန်ကြီးချုပ်များထံမှ အမည်စာရင်းများတောင်းခံ၍ NLD ပါတီမှ အမာခံများကိုထည့်သွင်းကာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ဖွဲ့စည်းပြီးဖြစ်သည့် ကော်မရှင်အဖွဲ့ခွဲများတွင်လည်း ပါတီအမာခံပုဂ္ဂိုလ်များဖြင့် အစားထိုးပြင်ဆင်ဖွဲ့စည်းခဲ့သည်ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့အပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များ တွင်လည်း လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကို ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်တွင် နိုင်ငံတော် သမ္မတက ထပ်မံဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။ ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ပါတီတစ်ခုတည်းက ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး အစိုးရဖွဲ့ နိုင်ရေး အတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများ ပါဝင်စွက်ဖက်သည့် အထောက်အထားများ ကိုလည်း သတင်းစာများတွင် ဖော်ပြခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် INGO များဖြစ်သည့် IDEA၊ IFES တို့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရုံးခန်းများဖွင့် လှစ်ပြီး ရွေးကောက်ပွဲခေါင်းစဉ်ဖြင့် နိုင်ငံခြားအဖွဲ့အစည်းများ၏ ရန်ပုံငွေများရယူ၍ ပါဝင်ပတ်သက် အကြံဉာဏ် ပေးကာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ပါကြောင်း၊ မကြာမီကာလတွင် မဲစာရင်းစစ်ဆေး ဆောင် ရွက်ခြင်းများ ပြီးစီးမည်ဖြစ်သည့်အတွက် ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကိုလည်း ပြည်သူများထံ ဖော်ပြအသိပေး ဆောင်ရွက်သွားမည်ကို အသိပေးပြောကြားလိုကြောင်း။ မိမိတို့အနေဖြင့် ယခင်ရွေးကောက်ပွဲကော်မရှင်က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများနှင့် မဲမသမာမှုများကို ရွေးကောက်ပွဲပြီးကာလမှသာ ပြန်လည် စစ်ဆေးဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အာဏာရပါတီ၏ ဥပဒေမဲ့ဆောင်ရွက်ချက်များကို လက်တွေ့ခံစားခဲ့ကြရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သိရှိ ခံစားခဲ့ရသည့် ရွေးကောက်ပွဲမသမာမှုများ၊ ဥပဒေမဲ့ဆောင်ရွက်ခဲ့မှုများ၊ အထောက်အထားများကို မိမိတို့ ကော်မရှင်ထံသို့ ရေးသားပေးပို့ကြစေလိုပါကြောင်း၊ မဲစာရင်းစစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဥပဒေချိုးဖောက်မှုများကို ဆောင်ရွက်ခဲ့သည့် NLD ပါတီကို မည်ကဲ့သို့အရေးယူ ဆောင်ရွက်သင့်သည်ကို ပါတီများ၏သဘောဆန္ဒကိုသိရှိလိုကြောင်း။ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေး လေ့လာရန် ပထမ အကြိမ်တွေ့ဆုံပွဲ၌ ပြောဆိုဆွေးနွေးမှုရှိခဲ့ပါကြောင်း၊ ပါတီတချို့မှလည်း စာတမ်းများ ရေးသားပေးပို့ခဲ့ ကြပါကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် အသုံးပြုနိုင်ခြင်း ရှိ/မရှိ နိုင်ငံရေးပါတီများအနေဖြင့် ဆွေးနွေး ပေးစေလိုပါကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်မှာ နည်းအမျိုးမျိုးရှိသော်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီ သည့် စနစ်မျိုးကိုသာ ကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အားလုံးတွင် ကျင့်သုံးဆောင်ရွက်နိုင် ခြင်း ရှိ/မရှိ၊ မိမိတို့နိုင်ငံ၏ ပညာတတ်မြောက်မှုအဆင့်အတန်းအရ ကျင့်သုံးရန် သင့်/မသင့် စသည် များကိုလည်း ပါတီများအနေဖြင့် ဆွေးနွေးဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ အဆိုပါအချက်များ အနက် မှ အချိန်အခါအရ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်ကို မိမိတို့ ရွေးချယ်ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ လာမည့်ရွေးကောက်ပွဲကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ အပိုဒ် (၅) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်အောင် အထက်ပါမှားယွင်း ချက်များကို သင်ခန်းစာဖော်ထုတ်ပြီး အကောင်းဆုံးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြား သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ကော်မရှင်အနေဖြင့် ထောက်ပံ့ကူညီပေးရေး၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးရေးနှင့် ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စနစ်ဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်သွား ရေး၊ တည်ဆဲဥပဒေများ ချိုးဖောက်၍ မဲမသမာမှုဆောင်ရွက်ခဲ့သည့်ပါတီအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရေးနှင့် အချိုးကျကိုယ်စားပြုစနစ် (PR)နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးအကြံပြုကြရာ တင်ပြချက် များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)