ယမန်နေ့မှအဆက်
ဆက်လက်၍ Sankei Shinbon သတင်းဌာနမှ ဒေါက်တာဇော်သန်းက မကြာသေးမီက စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သော အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ ဘုံသဘောတူညီမှု ၅ ချက်၏ အကျိုးဆက်အဖြစ် အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင်နှင့် အာဆီယံ အတွင်းရေးမှူး မြန်မာနိုင်ငံသို့ လာ ရောက်မည့် ခရီးစဉ်နှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ခရီးစဉ် နှင့်ပတ်သက်၍ ယခုချိန်ထိ တရားဝင် အကြောင်းကြားခြင်းမျိုး မရှိပါကြောင်း၊ နောက်တစ်ပတ်ခန့်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် အာဆီယံမှတာဝန် ရှိသူများနှင့် ဆွေးနွေးရန်ရှိပါကြောင်း၊ လာရောက်ခြင်းမဟုတ်ဘဲ ဆွေးနွေးမှု ရှိသည်ဟုသာ ဆိုလိုပါကြောင်း၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် အာဆီယံခေါင်းဆောင် အသီးသီး၏ အကြံပြုဆွေးနွေးချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ပြန်လည်ဆွေးနွေးပြီး ထုတ်ပြန်ခဲ့သည့် အချက်သုံးချက်ရှိပြီး ထိုအချက် သုံးချက်အပေါ်တွင်သာ ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လေးစားတန်ဖိုးထား အချက်သုံးချက်မှ ပထမအချက် အနေဖြင့် ပေးအပ်ခဲ့သည့် အကြံပြုချက် များအပေါ် အပြုသဘောဆောင်ပြီး ကောင်းမွန်သည့် အချက်များပါသည့် အတွက်ကြောင့် ကျေးဇူးတင်ပါကြောင်းနှင့် ပြည်တွင်းမှာ လတ်တလော ဖြစ်ပွားနေသည့် အခြေအနေများနှင့် ဆက်စပ်ပြီး အလေးပေးထည့်သွင်း စဉ်းစားသွားမည်ဟု ပြောကြားခဲ့ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် အာဆီယံမှ အဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်များကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုရရှိရေး ဦးစားပေးဆောင်ရွက် နေရခြင်းကြောင့် ပြည်တွင်းတည်ငြိမ်မှု အပေါ် မူတည်ပြီး အာဆီယံမှ အဆိုပြု သည့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်များကို အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အကောင်အထည်ဖော်ရေးတွင် အာဆီယံမှ အပြုသဘော ပါဝင်ကူညီ ပံ့ပိုးလိုမှုနှင့် ပတ်သက်၍ အာဆီယံ ပဋိညာဉ်၊ အာဆီယံနည်းလမ်း၊ အာဆီယံ စိတ်ဓာတ်များအပေါ် အခြေခံမည်ဆိုလျှင် နိုင်ငံကောင်းကျိုးအတွက် စဉ်းစားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများသည် မိမိတို့၏မိသားစု၊ အသိုက်အဝန်းဖြစ်ပါကြောင်း၊ အဆိုပါ မိသားစုအသိုက်အဝန်း ကို လေးစားတန်ဖိုးထားပါကြောင်း ဖြေကြားသည်။
ONE News သတင်းဌာနမှ သတင်း ထောက် ဦးသွင်ထူးအောင်က ကျောင်း ဖွင့်မည့်ကိစ္စနှင့်ပတ်သက်ပြီး သိလိုပါကြောင်း၊ မိဘများအနေဖြင့် သား၊ သမီး များကို ကျောင်းလွှတ်ရန်အတွက် စိုးရိမ် မှုများ ရှိနေသည်ဟု သိရပါကြောင်း၊ အကယ်၍ ကျောင်းတက်နိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကို မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောင်း တက်နိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေး သာမက ကျောင်းပတ်ဝန်းကျင်လုံခြုံရေး ဆရာ၊ ဆရာမများ လုံခြုံရေး၊ ကျောင်းလိုက်ပို့ မည့် ကျောင်းသားမိဘများ လုံခြုံရေးရှိမည်ဖြစ်ကြောင်းနှင့် စီမံဆောင်ရွက် ပြီးဖြစ်ပါကြောင်း၊ စီမံဆောင်ရွက်ချက် အသေးစိတ်ကို မပြောလိုသော်လည်း သိရှိနိုင်သည့် အခြေအနေတစ်ရပ်ထိ ပြောလိုပါကြောင်း။
ပထမအချက်အနေဖြင့် ကျောင်း တွင်းလုံခြုံရေး၊ ဒုတိယအချက်အနေဖြင့် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးနှင့် တတိယအချက်အနေဖြင့် ကျောင်းလာမည့်လမ်း၊ အဓိကကျသည့်နေရာများတွင် လုံခြုံရေးများ စီမံဆောင်ရွက်ထားပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်မှုသုံးခုတွင် အဓိက ပင်မအဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့ကို ပူးပေါင်း ဆောင်ရွက်မည့် ပြည်သူလူထုထဲမှ ကျောင်းသား၊ ကျောင်းသူများလုံခြုံရေး၊ မိဘပြည်သူများ လုံခြုံရေး၊ ကျောင်းများ လုံခြုံရေးကို စိတ်ပါဝင်စားသည့် ပြည်သူ လူထုလုံခြုံရေး အဖွဲ့များကိုလည်း ဆက်သွယ်ဆောင်ရွက်ပြီး ဖြစ်ပါ ကြောင်း။
ပူးပေါင်းဆောင် ရွက်သွားမည်
အထူးသဖြင့် ရပ်ရွာအခြေပြုသည့် လုံခြုံရေးအဖွဲ့များရှိပြီး ပြည်သူလူထုအပြင် အခြားအသင်းအဖွဲ့များ ရှိပါကြောင်း၊ ထိုအဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်း ဆရာ၊ ဆရာမများ၏ လုံခြုံရေး၊ ကျောင်းလုံခြုံရေးများကို အထူးအလေးထားဆောင် ရွက်လျက်ရှိပါကြောင်းနှင့် ဆောင်ရွက်ရာတွင်လည်း အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် မိဘပြည်သူ များအနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပြီး ကလေးများ၏အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်အတွက် ပူးပေါင်း ဆောင်ရွက်သွားကြပါဟု ပြောလိုပါကြောင်း၊ မိမိအာမခံသည့် တစ်ခုအနေဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်နေပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စများဖြစ်သည့်အတွက် အသေးစိတ် မပြောရခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။
ONE News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က အောင်ဘာလေထီလုပ်ငန်းများ အရောင်းကျဆင်းနေခြင်းများ တွေ့ရပါကြောင်း၊ ထီလုပ်ငန်း နယ်ပယ်နှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်မည်သို့ရှိသလဲ၊ လက်ရှိတွင် ထီပေါက်နေသူများကို Cheque ဖြင့် ပေးနေသလား၊ ငွေသားဖြင့် ပေးနေသလား။ နောက်ဆုံးအခြေအနေများ သိလိုပါကြောင်း မေးမြန်းသည်။
ထီထိုးသူမရှိ၍ ရပ်ဆိုင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ထီလုပ်ငန်းနှင့်ပတ်သက်ပြီး ရွှေ့ဆိုင်းရခြင်းများ ရှိပါကြောင်း၊ ထီလုပ်ငန်းသည် ထီထိုးသည့်သူများထံမှ ရရှိလာသည့် ငွေအပေါ်မူတည်ပြီး ပြန်ထုတ်ပေးရသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တစ်ခုသာရှိကြောင်း၊ အခြားနိုင်ငံများ တွင် ပုဂ္ဂလိကများအား ပေးထားသည့် ထီလုပ်ငန်းများရှိပါကြောင်း၊ ကုမ္ပဏီ များမှလုပ်နေသည့် တရားဝင် ငွေရေး ကြေးရေးနှင့် ပတ်သက်သည့်လုပ်ငန်း များရှိပါကြောင်း၊ ထီလုပ်ငန်းဆောင်ရွက်ရာတွင် ထီပေါက်သူများနှင့်ပတ်သက်ပြီး ပြည်တွင်းအခွန်ဦးစီးဌာနနှင့် ဘဏ္ဍာတို့မှ သွားပြီး ရန်ကုန်တွင် ထုတ်ရခြင်းများရှိကြောင်း၊ အခြားနယ်များတွင်လည်း ထုတ်ရခြင်းများရှိပါကြောင်း၊ အသေးစိတ် မသိပါကြောင်း၊ ၎င်းဌာနများမှ Cheque လက်မှတ်သာပေးလိုက်ခြင်း ဖြစ်၍ ဘဏ်များတွင် သွားထုတ်ရသည်ဟု သိရကြောင်း၊ မေးခွန်းကို မိမိသဘောပေါက်သည်မှာ ထီလုပ်ငန်းများနှင့် ပတ်သက်ပြီး ရပ်ဆိုင်းနေသည့်ကိစ္စဖြစ်ပါကြောင်း၊ ထီထိုးသူမရှိ၍ ရပ်ဆိုင်းနေခြင်းဖြစ်ပါကြောင်း၊ ထီထိုးသူရှိလာလျှင် ပြန်လည် လည်ပတ်သွားနိုင်သည့် အနေအထားမျိုး ရှိမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
Myanmar National Post 500€: ဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက NLD အစိုးရလက်ထက်မှာ အစိုးရကို ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ ဦးလှဆွေနှင့် ဦးဌေးအောင်တို့ကို ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၁၂၄(ခ)တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ နစက အစိုးရတက်လာပြီး နောက်ပိုင်း ဒီလူများကို အာမခံပေးလိုက်သည်ကို တွေ့ရကြောင်း၊ ထိုသို့ တရားစွဲဆိုခံရသည့်အထဲတွင် အမျိုးသားရေး ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူ လည်း အပါအဝင်ဖြစ်ကြောင်း၊ ဒါပေမယ့် ဆရာတော် ဦးဝီရသူကို အာမခံမပေး သေးတာဘာကြောင့်လဲ သိချင်ကြောင်း၊ ဆရာတော်ကို ဘယ်နေရာမှာရှိလဲ ဆိုသည်ကို သို့လော၊ သို့လော ပြောနေသည်များလည်းရှိကြောင်း၊ ထို့ကြောင့် ဆရာတော်ကို ဘယ်နေရာမှာ ထားတယ် ဆိုတာကိုပါဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဒီကိစ္စနှင့်ပတ်သက်၍ အာမခံ ပေးခြင်း၊ မပေးခြင်း ဆိုတာသည် သက်ဆိုင်ရာတရားရုံးမှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆရာတော်ကို ဘယ်မှာထားလဲ ဆိုတာသည် တရားရုံးမှ တရား ရုံး၏ချုပ်မိန့်နှင့်ဆိုလျှင် အကျဉ်းထောင် မှာပဲရှိမည်ဖြစ်ကြောင်း၊ မိမိသိသလောက် အခြားနေရာသို့ ရွှေ့ပြောင်းထားခြင်းများ မရှိကြောင်း ဖြေကြားသည်။
Myanmar National Post သတင်း ဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က ကျောင်းလုံခြုံရေး အတွက် အစိုးရ (အပိုင်းမှ စနစ်တကျစီစဉ်ထားသည်များ ကိုလည်း ကြားသိခဲ့ပြီးဖြစ်ကြောင်း၊ အချို့သော ပြည်သူများသည်လည်း ကျောင်းလုံခြုံရေးမှာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်လိုသည်များရှိကြောင်း၊ ဒီလိုကူညီမှုများကို တရားဝင်ခွင့်ပြုပေးနိုင်မည့် အစီအစဉ် များရှိလားသိချင်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့များ ပြန်လည်ဖွဲ့စည်းမည်ဆိုခြင်းသည် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးနှင့် သက်ဆိုင်လား သိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျောင်းလုံခြုံရေးအဖွဲ့များမှာ လုံခြုံရေးကို စိတ်ပါဝင်စားသည့် ပူးပေါင်းဆောင်ရွက် လိုသည့် ပြည်သူများ ပူးပေါင်းခွင့်ရှိကြောင်း၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်း မည်ဆိုသည်မှာ မဟုတ်ပါကြောင်း၊ ကောလာဟလသာ ဖြစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့များနှင့် ပတ်သက်၍ ဖွဲ့စည်းခြင်းဆောင်ရွက်ခြင်း ဆိုတာသည် တပ်မတော်တွင် စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးသားဖြစ်ကြောင်း၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်ဖွဲ့စည်းရာတွင် နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ကြောင်း၊ ပြည်သူ့စစ်များဖွဲ့စည်းခြင်းမှာ လုံခြုံရေးအရ လိုအပ်သည့် နေရာများတွင်သာ ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းမည်ဆိုလျှင် စည်းမျဉ်း၊ စည်းကမ်းများအရ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဖွဲ့စည်းရန်အတွက် လျှောက်ထားရသည်များ သင်တန်းပေးခြင်းများ နှင့် အရန်များရှိကြောင်း၊ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်ဖွဲ့စည်းပြီးသည့် နေရာများ လည်းရှိကြောင်း၊ ဖွဲ့စည်းသည့်နေရာများသည် လုံခြုံရေးအရ အမှန်တကယ် လိုအပ်သည့် နေရာများတွင်သာ ဖွဲ့ထား ခြင်းဖြစ်ကြောင်း၊ ကျောင်းများနှင့် ရပ်ကွက်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့် သူများအနေနှင့် သီးသန့်လုံခြုံရေး အစီအစဉ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ဖိတ်လည်းဖိတ်ခေါ်ပါကြောင်း ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး ကယခင်အစိုးရလက်ထက် ရန်ကုန်တိုင်း အတွင်းမှာရှိသည့် မြေသိမ်းကိစ္စများကို တစ်ဧက သိန်း ၁၀၀ နှုန်းနှင့် ပေးလျော် ခြင်းများရှိခဲ့ကြောင်း၊ ယခုလိုတပ်မတော်မှ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက် သည့်အချိန်မှာ ဒီနစ်နာသူများကို ပေးချေသည့် ကိစ္စသည် မပြီးပြတ်သေးကြောင်း၊ ဒီကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေနှင့် ဘယ်လိုဆက်လက်ဆောင်ရွက်ရန်ရှိသလဲ၊ ဘယ်လို ညွှန်ကြားချက်များ ရှိထားလဲ သိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မြေပေးရေးကိစ္စနှင့် ပတ်သက်၍ မိမိတို့ အသုံးပြုနေသည့် ဥပဒေသည် ယခင်က ဥပဒေပင်ဖြစ်ကြောင်း၊ သို့သော် ယခုခေတ်မှာ ပေါက်နေသည့် မြေဈေးနှင့် ယခင်အသုံးပြု ခဲ့သည့် ဥပဒေသည် ကိုက်ညီမှုမရှိနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဥပဒေကို လက်ရှိကိစ္စ နှင့် ကိုက်ညီအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ သို့ရာတွင် လက်တွေ့ဒီကိစ္စ များကို မပြုပြင်သေးခင်မှာ လက်တွေ့ လုပ်ဆောင်နေသည့် လုပ်ငန်းသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီများ အနေဖြင့် မြေလျော်ကြေးနှင့် ပတ်သက်၍ ပိုင်ရှင်လည်းတကယ်ရှိပြီး အမည် လည်းပေါက်သည့် မြေကွက်များကို လက်တွေ့မြေပြင်မှာ ပေါက်နေသည့် သင့်လျော်သည့် ငွေကြေးနှင့် ပေးလျော် နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က ပြည်တွင်း၊ ပြည်ပချေးငွေကုမ္ပဏီများ မှငွေကြေးများ ထုတ်ချေးပေးထားသည် များ ရှိကြောင်း၊ ယခုကာလတွင် ချေးယူ သုံးစွဲထားသည့် လူများသည် လုပ်ငန်း များမှာလည်း ငွေကြေးမလည်ပတ်နိုင်၊ ငွေကြေးပြန်လည် စီးဆင်းရန်အတွက် လည်း အခက်အခဲဖြစ်ကြသည့်အတွက် ပြန်လည်ပေးဆပ်ရန် အခက်အခဲများ ဖြစ်နေကြောင်း၊ ၎င်းကိစ္စများကို ချေးငွေ ကုမ္ပဏီများနှင့်ညှိနှိုင်းပြီး အချိန်ကာလ တစ်ခုအထိ ရွှေ့ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိ သိချင်ကြောင်း မေးမြန်း သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိသိရ သလောက်သည် ပေးထားသည့်ချေးငွေ များနှင့်ပတ်သက်၍ ဝန်ထမ်းချေးငွေများ ဆိုလျှင်လည်း ဆိုင်းငံ့ထားသည်များရှိကြောင်း၊ ကုမ္ပဏီများနှင့်ပတ်သက်၍ Covid-19 ရောဂါကာလမှာ ချေးထားသည့် ငွေများလည်း ရှိကြောင်း၊ ဒီငွေများ နှင့်ပတ်သက်၍ ဆိုင်းငံပေးထားသည် များ၊ ရာခိုင်နှုန်းလျှော့ပေးထားသည်များ လည်းရှိသည်ဟုသိရကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများလည်းပါကြောင်း၊ ၎င်းတို့ကို ဘယ်လောက် ရာခိုင်နှုန်း လျှော့ပေးထားပြီး၊ ဘယ်လောက်ကာလ အထိ ဆိုင်းငံ့ပေးထားသည်ဆိုတာကို အသေးစိတ် ပြန်ကြည့်ပြီး ဖြေကြားပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ Naypyitaw Time Wone:G?$9 တိုင်းတာဝန်ခံ အယ်ဒီတာ ဦးမင်းမောင် က CDM လုပ်ပြီး လုပ်ငန်းများကို ပြန်လည်ဝင်ရောက်လာသည့် အရာရှိ များသည် ၎င်းတို့၏ အောက်လက်ငယ်သားများကို နည်းမျိုးစုံနှင့် ပညာပေး နှိပ်ကွပ်နေသည်ကို သတင်းအချက် အလက်များနှင့် မြေပြင်အချက်အလက်များအရ သိရှိရကြောင်း၊ ထိုကိစ္စများကို ဝန်ကြီးတို့အနေနှင့် မည်သို့အရေးယူ ဆောင်ရွက်ရန် စီစဉ်ထားခြင်းရှိ/မရှိ သိချင်ကြောင်း မေးမြန်းသည်။
ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများအရ ဆောင်ရွက်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စ များနှင့်ပတ်သက်၍ တိုင်ကြားမှုများ လည်းရှိပါကြောင်း၊ တရားဝင်တိုင်ကြား ထားခြင်းနည်းကြောင်း၊ များသော အားဖြင့် လူမှုကွန်ရက်စာမျက်နှာများ တွင် မြင်နေရသည်များလည်းရှိကြောင်း၊ CDM လုပ်သည့်သူများ ပြန်ဝင်လာပြီး ဝန်ထမ်းများကို နှိပ်စက်သည်ဆိုသည့် အကြောင်းအရာမျိုးများ တွေ့ရ
ကြောင်း၊ တရားဝင်တိုင်ကြားထားသည့် အကြောင်းအရာအချို့ ကိုလည်း သိရကြောင်း၊ တရားဝင် တိုင်ကြားထားသည် များနှင့်ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း၊ သင့်တော်သည့် အရေးယူမှု များလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တွေ့ရသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ တရားဝင်တိုင်ကြားရန် လိုကြောင်း၊ ဝန်ကြီးဌာနမှ ယခုလို တရားဝင်တိုင်ကြားလျှင် မိမိကိုပဲ ပြန်အရေးယူမှာဆိုသည့် စောဒကတက် သည်များလည်းရှိကြောင်း၊ တရားဝင် တိုင်ကြားသည် ဆိုသည်မှာ CDM နှင့် ပတ်သက်၍ တိုင်ကြားပါဆိုသည့်ဌာန များတွင် တိုင်ကြားနိုင်ကြောင်း၊ သက်ဆိုင်ရာကို တိုက်ရိုက်လိပ်မူ၍လည်း တိုင်ကြားနိုင်ပါကြောင်း၊ ကောလာဟလ အချက်အလက် အခြေခံလောက်နှင့် ဝန်ထမ်းတိုင်းကို အရေးယူလို့မရကြောင်း၊ ၎င်းတို့၏ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများအရသာ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
Naypyitaw Time သတင်းဌာနမှ တိုင်းတာဝန်ခံ အယ်ဒီတာ ဦးမင်းမောင် က မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ စတင်တက် သည့်လ ၁၅ ရက်နေ့မှစ၍ ကုန်ဈေးနှုန်း များ ၃၀ ရာခိုင်နှုန်း တက်လာကြောင်း၊ ဒုတိယလတွင် ၅၀ ရာခိုင်နှုန်းတက်လာ သည်ကို ထပ်မံတွေ့ရှိရကြောင်း၊ ယခု တတိယလတွင် ၇၀ ရာခိုင်နှုန်းအထိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် စားသုံးကုန်ပစ္စည်းများ၊ လောင်စာဆီများ စသဖြင့် ၇၀ ရာခိုင်နှုန်းအထိ တက်လာသည်ကို မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ သိရှိ ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေနှင့် ဘယ်လိုထိန်းချုပ်ကူညီ ပေးနိုင်မလဲ သိလိုကြောင်း မေးမြန်း သည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေ နှင့် စီးပွားရေး လုပ်ငန်းများနှင့် အခြေခံ စားသောက်ကုန် လုပ်ငန်းများနှင့် ပတ်သက်ပြီး တိုးတက်မှုရှိအောင် ဆောင်ရွက်နေခြင်းကို ပြောကြားကြောင်း၊ ဆောင်ရွက်နေသည့်နေရာမှာ အဓိကအနေဖြင့် ယခင်အပတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးပွဲတွင် SME လုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရန် အစီအစဉ်များ ပြောကြားခဲ့ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ် သည့်အတွက် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထူး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က သယ်ယူပို့ဆောင်ရေး အခက်အခဲရှိခဲ့ပြီး သယ်ယူပို့ဆောင်ရေး အခက် အခဲနှင့်အညီ ကုန်စည်ပို့ဆောင်ရေး အခက်အခဲများဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်စည်များ ဈေးတက်သွားခြင်းများ ရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းထိလည်း သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်ပြီး အပြည့်အဝ လည်ပတ်နိုင်ပြီလားဆိုလျှင် အပြည့်အဝ မလည်ပတ်နိုင်သေးကြောင်း၊ ဥပမာ ရထားလိုင်းများနှင့် ပတ်သက်၍ အပြည့်အဝ မလည်ပတ်နိုင်သေးကြောင်း၊ ရထားလိုင်းများနှင့် ပတ်သက်ပြီး အချို့လူစီးရထားများသာ ထွက်နိုင်ပြီး ကုန်တင်ရထားများအနေဖြင့် လည်ပတ်နိုင်ရန် လိုသေးကြောင်း။
စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်း များရှိပြီး ၎င်းနှင့်ပတ်သက်၍ စက်သုံးဆီ များကို အရင်းအမြစ်ကနေ ဆောင်ရွက် နိုင်ရန်အတွက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေဖြင့်လည်း သန်လျင် ရေနံချက်စက်ရုံကို သွားရောက်၍ လုပ်ငန်းလည်ပတ်နိုင်ရေး ဆောင်ရွက် ခဲ့ခြင်းများရှိကြောင်း၊ ယင်းအခြေခံအရင်း အမြစ်များမှ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံ စားကုန်များနှင့်ပတ်သက်ပြီး မိမိတို့ ဆောင်ရွက်နေသည်မှာ အခြေခံစားကုန်များကို ပြည်သူ့လက်ဝယ် တိုက်ရိုက် ရောက်ရှိနိုင်စေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း။ လက်တွေ့မဟုတ်ဘဲနှင့်ပြောခြင်းမဟုတ် ထိုအရာများကို ပြောနေကြသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင် တက်တယ်လို့ ပြောနေကြပြီး ထိုအရာများမှာ ကိုဗစ်ကာလ ကတည်းကပင် ကုန်ဈေးနှုန်းများ တက်လာသည်ကို မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်တွေ့လုပ်ခဲ့သည့် သူမျိုး ဖြစ်သည့်အတွက်ကြောင့် ပြောနိုင်ခြင်းဖြစ်ပြီး Covid-19 ကာလ တွင် ကုန်ဈေးနှုန်း ဘယ်လောက် ကမောက်ကမဖြစ်ကြောင်းကို သတင်းထောက်များလည်း လက်တွေ့သိလိမ့် မည်ဖြစ်ကြောင်း၊ ဘာကြောင့် ပြောနိုင်လဲ ဆိုသည်မှာ တပ်မတော်အနေဖြင့် Covid-19 ကာလတွင် ပို့ဆောင် ဆက်သွယ်ရေးများ ရပ်နေသည့်အတွက် ကလော၊ အောင်ပန်းဒေသများတွင် တောင်သူများရောင်းရန် ပုံနေသည့် သီးနှံများကို သွားဝယ်ပြီး အောက်ကို ပြန်၍ဖြန့်ပေးရကြောင်း၊ မိမိတို့အနေ ဖြင့် လက်တွေ့ကူညီပေးခဲ့သည့်လုပ်ငန်း များဖြစ်ခြင်းကြောင့် ပြောခြင်းဖြစ်ကြောင်း၊ လက်တွေ့မဟုတ်ဘဲနှင့် ပြောခြင်းမဟုတ်ကြောင်း။
ကုန်ဈေးနှုန်းများ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်
ထိုအရာများသည် ယင်းကာလ ကတည်းက အဆက်အစပ်ဖြစ်လာခဲ့သည့် အရာများဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင်မှ ကုန်စည်များ ကမောက်ကမဖြစ် သွားသည်ဆိုသည့် သုံးသပ်ချက်မှာ မမှန်ဘူးဟု ပြောကြားလိုကြောင်း၊ လုံးလုံးမမှန်ပါဟု ပြောခြင်းမဟုတ်ကြောင်း၊ ယင်းစွပ်စွဲချက်မှာ လုံးလုံး မဟုတ်ဘူးဟု ပြောလိုကြောင်း၊ အစကတည်းက ဖြစ်ပေါ်ခဲ့သည့် အခြေအနေဖြစ်ပြီး တစ်ကမ္ဘာလုံးတွင်လည်း Covid-19 ကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေခြင်း၊ ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ရပ်တန့်နေ ခြင်းများရှိကြောင်း၊ ဥပမာဆိုလျှင် မူဆယ်ဂိတ်တွင် ကုန်စည်များ ရပ်တန့် နေခြင်း၊ ပို့ကုန်များရပ်တန့်နေခြင်းများရှိကြောင်း၊ ထိုအရာသည် မည်သည့်အစိုးရ တက်တက် ရပ်တန့်သည့် အရာဖြစ်ကြောင်း၊ ဘာကြောင့်ရပ်တန့်ရလဲဆိုလျှင် တစ်ဖက်တွင် ဖြစ်ပေါ်နေသည့် Covid-19 ရောဂါအခြေအနေကြောင့် ကားများပို့သည့်အခါတွင် ယခင်ကထက်ပို၍ ကန့်သတ်ခြင်း၊ ယခင်ကထက်ပို၍ စစ်ဆေးခြင်း၊ ယင်းပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ကြောင်း၊ ယင်းအရာ များအားလုံးကို ပြည်သူလူထုကို ပြောကြားလိုသည်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူ လူထု အဓိကအားကိုးရမည့် အခြေခံ စားကုန်များနှင့်ပတ်သက်ပြီး ပိုမို ထုတ် လုပ်နိုင်ရေး၊ ပိုမိုတိုးချဲ့နိုင်ရေး၊ အခြေခံ ကျကျ ကူညီနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အခြေခံစားကုန်များဖြစ်သည့် ကုန်ဈေးနှုန်း များနှင့် ပတ်သက်ပြီး ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
Naypyitaw Time သတင်းဌာနမှ တိုင်းတာဝန်ခံ အယ်ဒီတာ ဦးမင်းမောင် က မိမိတို့လက်ရှိ မြန်မာနိုင်ငံ အတွင်း ရှိနေသည့် ထုတ်ကုန်ပစ္စည်းများမှာ နိုင်ငံတကာကို ပို့ရန်အတွက် export, import အခက်အခဲများ ရှိပြီး တောင်သူ များစိုက်ပျိုးထားသည့် စရိတ်ပင်ပြန်မရဘဲ အရှုံးများပေါ်နေသည်ကို မြေပြင် အခြေအနေအရ တွေ့ရှိရကြောင်း၊ ထိုအရာနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မည်သို့သော ပံ့ပိုးမှုများ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ကြိုးပမ်းဆောင်ရွက်ပေး ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ အနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလမှ ဧပြီလ အထိ ယာယီစာရင်းများအရ ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၃၆ သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၉၆၃သန်း၊ ကုန်သွယ်မှုပမာဏ ၆၀၉၉ သန်းရှိသည်ကို စာရင်းဇယားအရ သိရကြောင်း၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလား ဒေရှ် နယ်စပ်ကုန်သွယ်ရေးများအနေဖြင့် တရုတ်ဘက်တွင် ပို့ကုန်အမေရိကန် ဒေါ်လာ ၆၃၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၃၂ သန်းဖြစ်ပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၈၆၉ သန်းဖြစ်ကြောင်း၊ ထိုအရာများသည် စာရင်းဇယားအရတွေ့ရခြင်း ဖြစ်ပြီး ယခင်ပြောထားသည်မှာ လက်တွေ့ မြေပြင်ဖြစ်ပေါ်နေသည့် အခက်အခဲများ တွေ့ရကြောင်း၊ ဈေးကောင်းမရခြင်းများ၊ ပို့၍မရခြင်းများနှင့် ပတ်သက်၍လည်း ရေးသားနေကြောင်း၊ ဥပမာအားဖြင့် ဖရဲသီးကိစ္စဖြစ်ပြီး ထိုအရာမှာ ယင်းအစီ ရင်ခံစာအရ တွေ့ရခြင်းဖြစ်ကြောင်း၊ ယင်းတစ်ခုကို နှိုင်းပြမည်ဖြစ်ပြီး ဖရဲသီး ကိစ္စ တရုတ်ကိုပို့သည့်အခါ တောင်သူ များ အခက်အခဲတွေ့ ရသည်ဆိုသည့် သတင်းများလည်း ကြားရကြောင်း၊ ၎င်းတို့အခေါ်အဝေါ်အရ နှစ်မျိုးရှိပြီး ဝမ်းထဲတွင်ပုံသွားသည့် ဝမ်းပုံသီးရှိပြီး ဂျပ်ဖာနှင့်တင်သည့် ဂျပ်ဖာသီးရှိကြောင်း၊ ဝမ်းပုံသီးများမှာ အောက်ပိုင်း တွင် စိုက်သည့် အသီးများဖြစ်ပြီး ဂျပ်ဖာ သီးများသည် အပေါ်ပိုင်းတွင်စိုက်သည့် အသီးများဖြစ်ကာ ဘာကြောင့်ဖြစ်ရလဲ ဆိုသည်မှာ မည်သူကိုမှ အပြစ်တင်၍မရကြောင်း၊ တစ်ဖက်တွင် ဖြစ်ပေါ်နေသည့် Covid-19 အခြေအနေရှိပြီး ဒီဘက်တွင်လည်း ဝမ်းပုံအသီးများမှာ အကုန်ရေကြောင်း ရပြီး ဂျပ်ဖာသီးများသည် အကုန်မရောင်းရကြောင်း၊ မရောင်းရသည့်အကြောင်းမှာ တစ်ဖက်တွင် အရည်အသွေးစစ်သည့် အခါတွင် ဂျပ်ဖာထဲတွင် ထည့်မည့် ဂျပ်ဖာသီးများမှာ ရက်မပြည့်ဘဲ အကုန် ခူးလိုက်ကြောင်း၊ ခူးပြီး ရောင်းသည့် အချိန်တွင် တစ်ဖက်မှ ဈေးနှိမ်ခြင်းများ ရှိပြီး ယင်းအခက်အခဲများ ရှိကြောင်း၊ ကုန်သွယ်မှုတွင် မိမိတို့အနေဖြင့် ပြောရမည်ဆိုလျှင် ၎င်းတို့၏ Quartity ကို မိမိတို့ဘက်မှ Quarity အမီ ထုတ် ပေးနိုင်ရန်လိုကြောင်း၊ နစ်နာမှုများနှင့် ပတ်သက်လျှင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများမှ ကုန်သွယ်ရေးနှင့် စီးပွားရေးသံမှူးများ ရှိပြီး ၎င်းတို့မှတစ်ဆင့်လည်း ကြိုးပမ်း အားထုတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တာဝန်ယူမှု၊တာဝန်ခံမှုရှိရမည် နယ်စပ် ကုန်သွယ်ရေးအနေနှင့်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးကောင်းရခြင်း၊ မရခြင်းဆိုသည်မှာ မိမိတို့အပေါ်တွင် မူတည်သလို၊ တစ်ဖက်တွင်လည်း မူတည်ကြောင်း၊ အကုန်လုံး တစ်ဖက်တွင်လည်းအပြစ်ရှိသလို၊ မိမိတို့ ဘက်တွင်လည်း အပြစ်ရှိသည်ဟု ဆိုလို ခြင်း မဟုတ်ကြောင်း၊ ထိုအရာများသည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ များထဲမှ ထုတ်နုတ်ပြောကြားနေခြင်း ဖြစ်ကြောင်း၊ သို့သော် မည်သို့ပင်ဖြစ်စေ၊ မိမိတို့အနေဖြင့် ပြည်သူလူထု အပေါ်တွင် ကူညီစောင့်ရှောက်ပေးရမည့် တာဝန်ရှိပြီး အစိုးရတစ်ရပ်ဖြစ်လာလျှင် တာဝန် ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ထိုအရာနှင့်ပတ်သက်ပြီး မိမိတို့အား အသေးစိတ်အချက်အလက်များ ပေးပါရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် တောင်သူများ၏နစ်နာမှုများ၊ ကုန်သွယ်ရေးတွင် နစ်နာမှုများရှိခဲ့ပါက ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)