Skip to main content

Mar 14, 2020

လွိုင်ကော်  မတ် ၁၄

ကယားပြည်နယ်အတွင်းရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းများ စစ်ဆေးရေး ကော်မတီ နှင့်  ခရိုင်/ မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန် က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 14, 2020

နေပြည်တော် မတ် ၁၃


ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း မတ် ၁၀ ရက် နံနက်ပိုင်း တွင် ပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့် အပြန်အလှန်ဆွေးနွေးမှု၌ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သက်ဆိုင်ရာ နိုင်ငံအနေဖြင့် တုံ့ပြန်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

အလုံးစုံငြိမ်းချမ်းရေးရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေ

ဆက်လက်ဖတ်ရှုရန်

Mar 14, 2020

နေပြည်တော် မတ် ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် Myanmar Blue Sky Rescue Development Council အဖွဲ့အစည်းနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော် မတ် ၁၃

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား HIV ကာကွယ်ရေးအစီအစဉ် တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေး တက်ရောက်ရန် ထိုင်းတော်ဝင်မင်းသမီး Soamsawali Krom Muen Suddhanarinatha နှင့်အဖွဲ့သည် ယနေ့ညနေ ၃ နာရီ ၅၅ မိနစ်တွင် အထူး လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော် မတ် ၁၃

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန စုဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော် မတ် ၁၃

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင် ရွက်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော် မတ် ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၄ ဦး တက်ရောက်ပြီး ၂၀ ဦးခွင့်တိုင်ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော် မတ် ၁၃

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ယနေ့ တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၀၉၂၂၂ ဦးရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော် မတ် ၁၃

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၃) ရက်

 

(၁) ဓာတ်ခွဲနမူနာများရယူခြင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိဆေးရုံအသီးသီးမှ စောင့်ကြည့်လူနာနှင့် သံသယလူနာအဖြစ် အဖြစ် သတ်မှတ်သော လူနာများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ရယူပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

နေပြည်တော် မတ် ၁၃

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေကြမ်း နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၄၅/ ၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက် )

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၄၆/ ၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက် )

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

လွိုင်ကော်  မတ်  ၁၃

နယ်စပ်ရေးရာဝန်ကြီ:ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကယားပြည်နယ်၊ လွိုင်ကော်မြို့  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)၊ ကယားရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈)နှင့် အခြေခံ သိုးမွေးစက်ဆွဲသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲကို ယမန်နေ့  နံနက် နာရီခွဲအချိန် တွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

ဘားအံ  မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီဌာန၊ ဘားအံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁)နှင့် ရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နရီက အဆိုပါသင်တန်းကျောင်း တွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

ပုသိမ်  မတ်  ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က သင်တန်းဆင်းအမှာစကား​​ပြော​ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

လဟယ်        မတ်    ၁၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းဆင်းပွဲကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းက နိုင်ငံတော်အစိုးရက နယ်စပ်ဒေသဖွံ့ဖြိုးရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ယခုလိုသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေး နေပါကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

လှိုင်းဘွဲ   မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ်ရုံး မြိုင်ကြီးငူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2020

ဟားခါး  မတ်  ၁၃

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဦးက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများအား ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်