Skip to main content

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတံခွန်စိုက်ဒိုင်းအား ဟိုပုံးတပ်နယ်အသင်းရရှိ

နေပြည်တော်၊ ဇွန်  ၆

 

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးတံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇွန် ၅ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ကွင်း၌ ပြုလုပ် ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် ဟိုပုံးတပ်နယ်အသင်းနှင့် ဗထူးတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြပြီး ဟိုပုံးတပ်နယ်အသင်းက ဗထူးတပ်နယ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသည့် ဟိုပုံး တပ်နယ်အသင်းတို့အား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

 

အဆိုပါ တိုင်းမှူးတံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် မေ ၁၇ ရက်မှ ဇွန် ၅ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်