နေပြည်တော် ဇွန် ၆
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဇွန် ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ - တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံနှင့်မြို့သို့ ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။
သတင်းစဉ်