နေပြည်တော်၊ ဇွန် ၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သာသနာ့ဗိမာန်တော် စာဖြေဌာန၌ သာသနာရေး ဦးစီးဌာနမှ ကျင်းပလျက်ရှိသော အစိုးရဓမ္မာစရိယ စာမေးပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှ ၉ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ စုစုပေါင်း ၂၈၉ ပါးတို့က ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုလျက်ရှိသည်။
ထိုသို့ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိရာ စာမေးပွဲကြီးကြပ်သည့် ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များထံ အအေးဖျော်ရည်နှင့် နဝကမ္မအလှူငွေများကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တွေတပ်နယ်မှ ဗိုလ်မှူးချုပ် ဆန်းဌေးမောင်နှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်