နေပြည်တော် ဇွန် ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဇွန် ၅ ရက်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ လေဆိပ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြ မှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာ ဌာနများအလိုက် မိမိတို့၏ဝန်ထမ်း များအားကျန်းမာရေးနှင့်ပတ်သက်၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါ ကူးစက်ပြန့်ပွားမှုသည် မြန်ဆန်ပြီး ပြင်းထန်မှုရှိသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၏ လမ်းညွှန်ချက်များအတိုင်း ဂရုပြုနေထိုင် သွားကြရန်နှင့် လုပ်ငန်းတာဝန် များထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အထူး ဂရုပြု ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လေကြောင်းထိန်းမျှော်စင်အား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီးတာဝန်ရှိသူများမှလေကြောင်း ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက်ပျံသန်းနိုင်ရေး အစဉ်အမြဲဂရုပြုဆောင်ရွက် သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်း များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဂျပန်နိုင်ငံ အစိုးရ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော The Project for Improvement of Aircraft Surveillance System တွင် ပါဝင်သော လုပ်ငန်းဖြစ်သည့် Secondary Surveillance Radar-SSR တပ်ဆင်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုများအပေါ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန်မှာကြားခဲ့ သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လေယာဉ်ဆီသိုလှောင် ဖြန့်ဖြူးသည့်နေရာသို့ သွားရောက် ကြည့်ရှုခဲ့ပြီး လေယာဉ်ဆီ သိုလှောင်ထားရှိမှု အခြေအနေနှင့် မီးဘေးအန္တရာယ် ဆောင်ရွက်ထား ရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရမည့် ၆ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက် ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက် ရေးလုပ်ငန်းနှင့် ပတ်သက်၍ စံချိန် စံညွှန်းနှင့်အညီ တည်ဆောက် သွားကြရန်နှင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
သတင်းစဉ်