နေပြည်တော် ဇွန် ၆
အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မ ပြည်သူတွေကွဲပြားကြ ဖို့လိုပါပြီနှင့် အခြားဆောင်းပါးများစာအုပ်ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စီစဉ်ထုတ်ဝေ ဖြန့်ချိသည်။
အဆိုပါစာအုပ်တွင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် ဖော်ပြခဲ့သည့် ဆောင်းပါး များထဲမှ ဆောင်းပါး ၉၂ ပုဒ် ရွေးချယ်ကာ စုစည်းဖော်ပြထားသည်။
အဆိုပါ စာအုပ်တွင်ပါရှိသည့် ဆောင်းပါးရှင် မင်းပြည့်ရေးသားသည့် “ဝန်ထမ်းတာဝန် ကိုနားလည်ပေးပါ” ဆောင်းပါးတွင် “နိုင်ငံ့ဝန်ထမ်းဆိုတာ ဘယ်အစိုးရဖြစ်ပါစေ၊ အစိုးရယန္တရား ရဲ့ အစိတ်အပိုင်းတွေပါ။ အစိတ်အပိုင်း တစ်ခုချင်းကောင်းအောင် ဆောင်ရွက်ရင် အစိုးရယန္တရား တစ်ခုလုံးကောင်းမှာ ဖြစ်ပါတယ်။ ဘယ်အစိုးရ တက်တက်ဆင်းဆင်း၊ ရှိနေ၊ ဆောင်ရွက် နေရတာက ဝန်ထမ်းတွေပါ။ ဝန်ထမ်းအဖွဲ့အစည်း၊ လုပ်ငန်း၊ ဌာနတွေမှာ သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံ့ဝန်ကို ထမ်းရတာ ဖြစ်ပါတယ်”ဟု နိုင်ငံ့ကောင်း ကျိုးအတွက် ဝန်ထမ်းများ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြစေဖို့ အကြံပြုရေးသား ထားသည်ကို တွေ့ရသည်။
အလားတူ ဆောင်းပါးရှင် အောင်ဇေယျက “ကြောင်းကျိုးဆက်စပ်တွေးစေချင်” ဆောင်းပါးတွင် “ အကျိုးတရားဟူသည် အကြောင်းတရားနှင့်ကင်း၍ မပေါ်ပေါက်ချေ။ ထိုအကျိုးတရားတွင် အကြောင်း တရားများ ရှိနေသည်။ သွေးထိုးလမ်းကြောင်း ပေးသောအဖွဲ့သည် ပြည်သူနှင့် ဝန်ထမ်းများကို အကျိုးတရားကိုသာ ကွက်ပြ၍ အပြစ်တင်ဆန့်ကျင် စေသော်လည်း အကြောင်းတရားများကိုမူပြည်သူနှင့် ဝန်ထမ်းတို့ သတိမမူမိအောင် ဖုံးကွယ်မှေးမှိန် ထားသည်။ ကြောင်းကျိုးဆက်စပ်မှု သဘာဝ တရားကို ကြောင်း-ကျိုး အဆက်ဖြတ်ထားသည်။ မည်သည့်ကိစ္စမဆို ကြောင်းကျိုးဆက်စပ်ကြည့်မှ ပြည့်စုံစွာ သုံးသပ်ဆုံးဖြတ်နိုင်သည်”ဟူ၍ အကြောင်း အကျိုးနှင့်ဆက်စပ်၍ CDM တွင် အသိမှားရိုက်သွင်း ခံခဲ့ရသော ပြည်သူများနှင့် ဝန်ထမ်းများ သိရှိဆင်ခြင် နိုင်စေရန် သုံးသပ်ရေးသားထားသည်။ ယင်းစာအုပ်တွင်ပါဝင်သည့် ဆောင်းပါးရှင် တင်မေဆက်က “ဝန်ထမ်းများကို ရုံးတက်ခြင်းအတွက် အရှက်ရစေရန် အမျိုးမျိုးရေးသား ဖြန့်ဝေကြသည်။ ဝန်ထမ်းတစ်ဦးနှင့် နောက်ကွယ်က မိသားစုများ၏ စားဝတ်နေရေး ထည့်မစဉ်းစား ပေးကြဘဲ ဘယ်ကိုမှန်းမသိ ရုန်းထွက်ခိုင်းနေခြင်း၊ ဆန္ဒပြမှုကို အရှိန်မြှင့်ရန် လူထုကို တိုက်တွန်းမြှောက်ပင့် ပေးနေခြင်းသည် အကြမ်းဖက်ဆူပူမှု Riot အထိမှသည် မင်းမဲ့စရိုက်ဆန်သည့် လူအုပ်စု Anarchy Mob qp:Jalgo oposcopošosova တွန်းပို့ပေးနေခြင်းဟုသာ ယူဆမိပါသည်” စသည့် အကြောင်းအရာများ အပါအဝင် “အသိဉာဏ်နှင့် ယှဉ်တွဲသည့် ယုံကြည်မှု” ဆောင်းပါးဖြင့် ပြည်သူများ စဉ်းစားဆင်ခြင်ဉာဏ်နှင့် ယှဉ်ကာ ဆုံးဖြတ်နိုင်စေဖို့ သုံးသပ်ရေးသားဖော်ပြထားသည်။ ။
ယင်းစာအုပ်ကို ရောင်းဈေးငွေကျပ် ၃၅၀၀ ဖြင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်း ဆိုင် အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁၈၂၄၈၁၀၂၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇ ၃၄၁၄၆၈၁၊ အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၈၃၈၁၄၄၈နှင့် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်