Skip to main content

Doctor Of Philosophy ဒေါက်တာဘွဲ့ဆွတ်ခူးရရှိ အောင်မြင်တော်မူခဲ့သော ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်

 

နေပြည်တော်၊ ဇွန်  

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဟိုခုံကျောင်းပရိယတိ္တစာသင်တိုက်တွင် သီတင်းသုံး လျက်ရှိသော ဒေါက်တာ အာလောက ဖမဟာ ရှဲန်လျဲန်း အရှင်သူမြတ်သည် အိန္ဒိယ နိုင်ငံ University Of My Sore တက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာ သင်နှစ်တွင် Doctor Of Philosophy ဒေါက်တာဘွဲ့ ဆွတ်ခူးရရှိ အောင်မြင်တော် မူခဲ့ခြင်းကြောင့် ကျိုင်းယင်းကျောင်း တိုက် ဂိုဏ်းချုပ် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာရ်စာရ အမှူးပြုသော သံဃာတော်များနှင့် စေတနာရှင် အပေါင်းတို့က ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုခုံကျောင်းတိုက်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ ကျိုင်းယင်း ကျောင်းတိုက် ဂိုဏ်းချုပ်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များ က မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ကြပြီး ဒေါက်တာ အာလောကဖမဟာ ရှဲန်လျဲန်း ၏ ထေရုပတ္တိကို ဖတ်ကြားလျှောက်ထားကြသည်။

၎င်းနောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြပြီး ဟိုခုံကျောင်းပရိယတိ္တစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ အနုမောဒနာတရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်