Oct 27, 2020
၁။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များ အားလုံးကို ၃၁-၁၀-၂၀၂၀ ရက်နေ့အထိ ဆက်လက်တိုးမြှင့် သတ်မှတ်ကြောင်း ၂၈-၉-၂၀၂၀ ရက်စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-
Oct 27, 2020
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာခြင်း
Oct 27, 2020
(၂၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၇၉၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၄၆၆)ဦး တွေ့ရှိရပါသည်။
Oct 27, 2020
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်တွင် လုယက်မှုကျူးလွန်သူများကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Oct 27, 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ)၏ အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား ဦးဆောင်သော အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 27, 2020
ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး (၂၀၂၀) (World Health Summit 2020) ၌ မကူးစက်နိုင်သော ရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရေရှည်တည်တံ့ လက်လှမ်းမီရရှိရေး ဆွေးနွေးပွဲ အစီအစဉ်ကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂နာရီခွဲတွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်၌ ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အဓိက ဆွေးနွေးသူ တစ်ဦးအဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ငူခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွေ့ဆုံ
Oct 27, 2020
ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် တောင်ငူခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများ နှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
Oct 27, 2020
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲရန် မှာယူထားသည့် Embraer E 190-100 LR XY-ALO လေယာဉ်အသစ်သည် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ အဆိုပါ လေယာဉ်သစ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ တာဝန်ရှိသူများက Water-salute အခမ်း အနားပြုလုပ်၍ ကြိုဆိုခဲ့သည်။
Oct 27, 2020
ယနေ့အချိန်အခါကို တိုင်းပြည်တွင် ကြုံတွေ့နေရသော ကူးစက်ရောဂါ ဘေးနှင့်ပတ်သက်၍ လမ်းဆုံလမ်းခွ ရောက်နေသည့်အချိန်အခါဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု ကာလမှာ တစ်နှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီး ထိုအချိန်တွင် နိုင်ငံအတွက် အရေးကြီးသော ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို ပြုလုပ်တော့မည့်အချိန်အခါနှင့် တိုက်ဆိုင်နေသည်။
Oct 27, 2020
လူ့ဘောင်လောကအစကာလမှ ယနေ့အထိ တိုးတက်ပြောင်းလဲလာသည့် လူ့ယဉ်ကျေးမှု သမိုင်းတွင် ပညာကဦးဆောင်၏။ သမိုင်းဦး ဘုံမြေခေတ်က ကျောက်လက်နက်ပစ္စည်း အသုံးအဆောင်များမှသည် ယနေ့ကိုင်တွယ်သုံးစွဲနေကြသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ အသီးသီး ထိသည် ပညာဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသော် မှားအံ့မထင်။
Oct 26, 2020
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်း ဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း
Oct 26, 2020
(၂၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၂,၄၀၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၄၂၆)ဦး တွေ့ရှိရပါသည်။
Oct 26, 2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံအတွင်းရေးမှူး (၂) ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
Oct 26, 2020
၁။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တင်ဒါကော်မတီသည် လဟယ်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့နယ်ရုံး အဆောက်အအုံ (၆၈'×၃၀') RC ၊ သွပ်မိုး ၊ (၂) ထပ်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံသား များပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
Oct 26, 2020
မြစ်ကြီးနားနှင့် ပူတာအိုခရိုင်ချင်းဆက်လမ်းဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအိုလမ်း၌ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပိုင်းအတွင်း လမ်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃ ၊ ၂၄ ရက်တို့တွင် သွားရောက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
Oct 26, 2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများက မြို့အ၀င် လူ၀င်/ လူထွက် စောင့်ကြပ် ကြည့်ရှုစစ်ဆေး မေးမြန်းခြင်းတို့ကို မြို့အ၀င် စုပေါင်း စစ်ဆေးရေးဂိတ်တွင် နေ့/ည ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Oct 26, 2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် တည်ဆောက်လျက်ရှိသော အစိုးရနည်းပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်အဖွဲ့က ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်တွင် သွားရောက်ကြည်ရှုခဲ့ကြောင်း သိရသည်။
Oct 26, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ် များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဝါရှင်တန် မြို့ရှိ မြန်မာသံရုံးနှင့် ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့မှ ပူးပေါင်းစီစဉ်သည့် (၇) ကြိမ်မြောက် မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီး ယား သမ္မတနိုင်ငံ အင်ချွန်းအပြည် ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန် လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၇ နာရီ ခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Oct 26, 2020
ကုမုဒ
ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလတွင် ကျွန်တော် တက္ကသိုလ်ကျောင်းသားဘဝမှာ ဘာသာရပ်အသီးသီး သင်ကြားပေးခဲ့ကြသော ဆရာကြီး ဆရာမကြီးတွေကို အထူးအမှတ်ရနေမိပါ တယ်။ ဆရာကြီး ဆရာမကြီး တွေအကြောင်း မရေးသားခင်မှာ မျက်မှောက်ခေတ် မျိုးဆက်သစ် လူငယ်တွေ ဗဟုသုတဖြစ်စေဖို့ ကျွန်တော် တို့ငယ်ဘဝ ပညာသင်ကြားခဲ့ရပုံကို အနည်းငယ်တင်ပြ လိုပါတယ်။
ငယ်ဘဝပညာရေးခရီးလမ်း