Skip to main content

Oct 31, 2020

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးအလေးအမြတ်ထားကြသော နေ့တစ်နေ့ဖြစ် ပါသည်။ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားကို အကြောင်းပြုကာ အဘိဓမ္မာခုနစ်ကျမ်းကို

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

(၂၉-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၄၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၀၉၃) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃၀-၁၀-၂၀၂၀) ရက်နေ့၊ ည (၇:၀၀)နာရီ

(၂၉-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၃၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

#Ministry of Health and Sports, Myanmar

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

အောက်တိုဘာ (၃၁)ရက်တွင် ကျရောက်မည့် World Cities Day (2020) အခမ်းအနားကို ကမ္ဘာတစ်ဝန်းတွင် Event ပေါင်း(၅၀၀)ကျော်ဖြင့် Online မှ ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ World Cities Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN – Habitat တို့ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အဖြစ် Virtual Event ကို  ယနေ့ မွန်းလွဲ ၂ နာရီတွင် Online ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့သည် ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အိုးတော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးကြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသောကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန်တနင်္သာရီတိုင်းဒေသကြီးမှ တတိယအကြိမ် သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီက ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရွှေဘိုမြို့နယ် သီးလုံး၊ နှမစားရစ်၊ ဆိပ်ခွန်၊ ဇီးဖြူကုန်း၊ ချီပါ နှင့် မင်းကုန်း စသည့်ကျေးရွာ(၆)ရွာရှိ မဲရုံများတွင် အသက်(၆၀)နှစ်နှင့် အထက်မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းမြေ့  လုံခြုံစွာ ကြိုတင်ဆန္ဒမဲပေး နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

သစ်တောဦးစီးဌာနသည် အင်းလေးကန် ရေဝေရေလဲထိန်းသိမ်းရေးစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှစတင်၍ ၂၀၄၉-၂၀၅၀ ဘဏ္ဍာနှစ်အထိ နှစ် ၃၀ စီမံကိန်းချမှတ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမ(၁၀)နှစ် စီမံကိန်းဖြစ်သည့် ၂၀၂၀-၂၀၂၁ ခုနှစ်မှ၂၀၂၉-၂၀၃၀ ခုနှစ်အထိ ပထမ(၁၀)နှစ်စီမံကိန်းဆောင်ရွက်မည့် အစီစဉ် များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ သစ်တောဦးစီးဌာနက ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့က (virtual) Online စနစ်ဖြင့် ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ One State One Township Project စီမံချက် ဖြင့် ဂွမြို့ပေါ် ရပ်ကွက်များ မြေငှားဂရန်ထုတ်ပေးခြင်း နှင့် ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်များထံ ပေးအပ် ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အနည်းငယ်ကျဆင်းလာသည့် အလားအလာကို တွေ့ရ သည်။ သို့သော် သေဆုံးသူ အရေအတွက်လျော့လာသော်လည်း ရောဂါဖြစ်ပွားမှုမှာ ထောင်ဂဏန်း အထက်ရှိနေသေး၍ ဖြေလျှော့ နေထိုင်ရန် မသင့်သေးပေ။ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆက်လက်လိုက်နာရန်လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2020

လူတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြ၏ဟူသည့် အဆို ရှိသည်။အမှောင်ထဲတွင်နေရသူက အလင်းရောင်ကို မျှော်သကဲ့သို့ နာကျင်ခံစားနေရသူတို့က ရွှင်လန်းကျန်းမာစေဖို့ အစရှိသဖြင့် အနာဂတ်ကို မျှော်လင့်ရင်းရှင်သန်နေကြ၏။ အလင်းရောင်အောက် တွင် နေရသူတို့ကလည်း ပိုမိုတောက်ပနွေးထွေးသည့် နေရောင်ကို မျှော်လင့်ကြ၏။ ရွှင်လန်းကျန်းမာသူကလည်း ကြွယ်ဝ ချမ်းသာ ဘဝကို မျှော်လင့်ကောင်း မျှော်လင့်နေကြမည်။ ။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၇)ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

(၂၈-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၄၀၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

(၂၈-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၂၅၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၃၃၁)ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ဂျပန်နိုင်ငံအစိုးရ၏ “ရွေးကောက်ပွဲ အကူအညီ ပေးရေးစီမံကိန်း” အရ ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေး သူများအား အမှတ်အသားပြုမည့် ကြာရှည်ခံမင်ဘူး (၁၁၃၀၀၀) ဘူးအား ထောက်ပံ့ လှူဒါန်းသည့် အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည်၊၊

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

နိုင်ငံရေးပါတီ ဝန်းရံသူများသို့ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က Online မှတစ်ဆင့် သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

မြန်မာဝိုင်အမ်စီအေနှင့် မြစ်ကြီးနားဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး ရွေးကောက်ပွဲတွင် မဲပေးကြမည့် ကချင်ပြည်နယ်ရှိ လူငယ်များ နိုင်ငံသား ဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်အတွက် ပြည်သူ့နီတိသင်တန်း ကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် အောက်တိုဘာ ၂၆ ရက် မှ ၂၈ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 29, 2020

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အတွက် နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေးကြမည့်သူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင် ဆန္ဒမဲများ ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်