Skip to main content

Sep 20, 2021

သမားရိုးကျစိုက်ပျိုး ထုတ်လုပ်မှုမှ ဈေးကွက်ကို မျှော်မှန်းပြီး ခေတ်မီနည်းပညာများ အသုံးပြု ထုတ်လုပ်သည့် အရည်အသွေး ကောင်း သီးနှံများ ထုတ်လုပ်နိုင်ကြမှသာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အကျိုးအမြတ် သေချာစေမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများဘက်မှ ကူညီအားပေး လျက်ရှိနေမှုအပေါ် တောင်သူလယ်သမားများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူ အားလုံးတို့ကလည်း မိမိတို့ကျရာအခန်းကဏ္ဍများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေသနေတောင်သူများဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က ကချင်ပြည်နယ် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သမဝါယမဦးစီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

တပ်မတော်သည် ခေတ်အဆက်ဆက် ကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပြီး နောင်တွင်လည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် တိုင်းရင်းသားလူမျိုးစုများ အဓိကနေထိုင်သည်ဖြစ်သဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် ဒေသတွင်းဖြစ်ပေါ်သည့် အခက်အခဲများကို တိုင်းရင်းသားများနှင့်အတူ အေးအတူ ပူအမျှလုပ်ဆောင်၍ လက်တွဲဖြေရှင်းကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာန ချုပ်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား လားရှိုးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

“နံနက်ခင်းစောစောစီးစီးကော်ဖီပူပူလေးတစ်ခွက် သောက်လိုက်ရသဖြင့် လန်းဆန်းသည့် ခွန်အားမျိုးကို ညနေခင်း လက်ဖက်ရည် တစ်ခွက်မှ ထပ်မံမလုပ်ပေးနိုင်” ဟု ဆိုသကဲ့သို့ ကော်ဖီသောက်သုံးခြင်း၏ ရရှိသောအကျိုးအမျိုးမျိုးတို့ကို ညွှန်းဆိုထားကြပါသည်။ ကော်ဖီနှင့် လက်ဖက်ရည်သည် နေ့စဉ်လူမှုဘဝနယ်ပယ်တွင် မပါမဖြစ် အသုံးဝင်သောပစ္စည်းဖြစ်သည်။ နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့်အလေ့အထ ရှိနေကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 20, 2021

ယနေ့ မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ အမျိုးသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအတွက် အားစိုက်ရုန်းကန်နေရသည့် အခြေအနေဟု ဆိုရမည်ဖြစ်သည်။ ဤအဆိုသည် အပြုသဘောဖြင့်ဆောင်သည့် အမြင်ဘက်မှ အဆိုဖြစ်ပြီး မညှာစတမ်းဆိုရလျှင် အမျိုးသားစည်းလုံးညီညွတ်မှုတို့ အစည်းပြေလာလျက်ရှိသည့် အခြေအနေဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု လျော့ရဲလာခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် ဝက်ကာလအတွင်း ပြည်တွင်းပြည်ပ ပယောဂများ၏ ရလဒ်များက မျက်မှောက်ကာလတွင် ဆက်လက်ဖြစ်ပေါ်လာနေခြင်းပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

(၂၅) ကြိမ်မြောက် မဲခေါင်မြစ်ကော်မရှင်၏ ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်၌ လာအို နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ Online စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့် ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီနှင့် တာချီလိတ် စခန်း ငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီးရေ ၁၆ စီးဖြင့်အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးဖြင့် ၅၆ တန်၊အောက်ဆီဂျင်(အိုးခွံ) ၄၆၃၀၊ Oxygen Plant ရှစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၀ ခု၊ PPE ဝတ်စုံ ၅၀၀ နှင့် နှာခေါင်း စည်း (Mask) ၁၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးမှာ ရန်ကုန် မြို့သို့ တစ်စီး၊ မန္တလေးမြို့သို့ နှစ်ဆီးဖြစ်ပြီး Oxygen Plant ရှစ်ခုမှာ ရန်ကုန်မြို့သို့နှစ်ခု၊ ပခုက္ကူမြို့သို့ နှစ်ခု၊ မုံရွာမြို့၊မြိုင်မြို့ ဂန့်ဂေါမြို့နှင့် ထန်ထလန် မြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့၊ မင်းဓမ္မ လမ်းရှိတိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာ နချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေ လိုသည့် NUG ၊ CRPH အကြမ်းဖက်အဖွဲ့များသည် ငြိမ်းချမ်းစွာနေထိုင်ကြသည့် အပြစ် မဲ့ပြည်သူလူထုကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ပြည်သူလူထုအများသွားလာ လှုပ်ရှားနေသည့် ဈေးများ၊ စာသင်ကျောင်းများ၊ လမ်း တံတားများအထိ ဖောက်ခွဲ ဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်လျက်ရှိရာ မကွေးမြို့၊ မင်းကန်ကြီးရပ်ကွက်တွင် (၅)နှစ်အရွယ် လူမမယ် ကလေးတစ်ဦး သေဆုံးခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

ရုံးပိတ်ရက်ရှည်ကာလကုန်လွန်ပြီး ရုံးတွေပြန်ဖွင့်သည့်အခါ ဝန်ထမ်းများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းပြည်၏ အစိတ်အပိုင်း တစ်ခုပင်ဖြစ်ပြီး တပ်မတော်နှင့် နိုင်ငံ့သမိုင်းကို ခွဲခြား၍ ရမည်မဟုတ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းသည် တိုင်းပြည်ကိုအလုပ်အကျွေးပြုနေခြင်းပင် ဖြစ်သည်ကို သိရှိနားလည်ရ မည်ဖြစ်ပြီး တပ်မတော်သည် တိုင်းပြည်အတွက်ပင်ဖြစ် ရမည်ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့ တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဗလမင်း ထင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 19, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံ အမှာစကား ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန်