Skip to main content

Apr 09, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

သုတဝေအသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ် (၁၃)ကို ဧပြီ ၉ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ အကြီးအကဲများအား ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၇ ရက်တွင် ပျဉ်းမနားမြို့၊ ဥယာဉ်စုရပ်ကွက်၊ အိုးဘိုရပ်၊ သစ္စာလမ်းနှင့် ပဒုမ္မာလမ်းကြား၊ အမှတ်(၃/၁၉၆)နေ ဦးအောင်အောင် (ဘ)ဦးစိန်မောင်အား ဆူပူအကြမ်းဖက်မှုတွင်အသုံး ပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်၊ အောင်သုခလမ်း၊ အမှတ်(၆၅)နေ မင်းကောင်းစံ (ဘ)ဦးဇော်ဝင်းအား ၎င်း၏နေအိမ်၌ ဆူပူအကြမ်းဖက်မှု များတွင်အသုံးပြုသည့် ပစ္စည်းများဖြင့်လည်းကောင်း၊ မြောင်းမြမြို့နယ်၊ ကဝက်တိုက်နယ်၊ တစ်ပင်ချောင်းအုပ်စု၊ မြေနီကုန်းကျေးရွာနေ NLD အဖွဲ့ဝင် သိန်းဇော်ဦးနှင့် သုံးခွကွမ်းခြံကျေးရွာနေ ထွန်းထွန်းအောင်တို့ ၂ ဦးအား လေသေနတ် ၁ လက်၊ မက်ဂဲနစ် Gun ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Apr 09, 2021

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ASEAN-UK Open-Ended Troika Dialogue သို့ နိုင်ငံခြားရေးဝန် ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တပ်နယ်အားကစားခန်းမ၌ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၇ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေ (မူကြမ်း)အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

စားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံပြည့်ဝရေး ကျွမ်းကျင်ရာ စိုက်ပျိုးရေးသုတေသန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ ဌာနများမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေနံဓာတုဗေဒ စက်ရုံစု(သံပရာကန်)၊ ထောက်ရှာပင်/ကမ်းနီရေနံမြေ၊ မန်းရေနံမြေနှင့် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင်တို့သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်၊ ကျော်လွန်ဆောင်ရွက်ချက်များအား အရေးယူပေးပါရန် တိုင်ကြားစာအရ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

(၇-၄-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၈-၄-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၁,၇၅၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၄၉,၆၀၇) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၂,၅၅၈) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ ဓမ္မဝိဇိတဗိမာန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီးက ကျောင်းပိုင်းဆိုင်ရာ အချက်အလက်များ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို အသေးစိတ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်တွင် ဆူပူအကြမ်းဖက်သူများက ယနေ့ နံနက် ၅ နာရီခွဲခန့်မှစ၍ အတားအဆီးများဖြင့် လမ်းအား ပိတ်ဆို့ထားရှိကြောင်း သိရှိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အတားအဆီးများအား သွားရောက်ဖယ်ရှားရှင်းလင်း ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွက်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်လှုံ့ဆော်ခြင်း၊ CRPH မတရားအသင်းအား ထောက်ခံသည့် အကြောင်းအရာများ၊ မမှန်သတင်းများအား ဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှုဖြစ်ပေါ်စေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖော်ပြခြင်းနှင့် ဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ အနုပညာရှင်အချို့နှင့် အခြားပါဝင်ပတ်သက်သူများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်