Skip to main content

လုပ်ငန်းခွင်ကို ဝင်ရောက်တဲ့အခါ ကိုဗစ် - ၁၉ ရောဂါကင်းဝေးအောင် စည်းကမ်းချက်တွေကို လိုက်နာရင်း တစ်ဖက်ကလည်း မိမိရဲ့ ကာယ၊ ဉာဏအားတွေကို အပြည့်ထည့်ပြီး စွမ်းအားပြည့် လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဒေါက်တာခင်ခင်ကြီး

 

ရုံးပိတ်ရက်ရှည်ကာလကုန်လွန်ပြီး ရုံးတွေပြန်ဖွင့်သည့်အခါ ဝန်ထမ်းများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းထားသည်။

 

မေး။ ။ ရုံးတွေပြန်ဖွင့်တဲ့အခါ ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလိုက်နာဆောင်ရွက်ရမယ်ဆိုတာကို ပြောကြားပေးပါဦး။

 

ဖြေ။ ။ ရုံးပိတ်ရက် ရှည်တွေ ၇ ကြိမ် ပိတ်ပေးလိုက်တဲ့အတွက်ရောဂါဖြစ်ပွားမှုတွေက တဖြည်းဖြည်းနဲ့ ၁၀ ရာခိုင်နှုန်းအောက်ကို ကျဆင်း လာပြီး ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်လာပါပြီ။ ရုံးပိတ်ခြင်း၊ Work from Home ဆောင်ရွက်ခြင်းက ကာကွယ်ထိန်းချုပ်ရေးမှာပါဝင်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ် ပါတယ်။ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာ ရေးအစရှိတဲ့ လူမှုဘဝတွေ ပြန်လည်စတင်နိုင်ဖို့ ဆိုတာ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ က အရေးကြီးပါတယ်။

ဒီလိုဝင်ရောက်ဖို့နဲ့ ပတ်သက်ပြီး အချို့ကလည်း မိမိကို မကူးစက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး စိုးရိမ်ပူပန်တွေရှိနေပါတယ်။ ရုံးကို ပြန်လာရတဲ့ အခါ လူရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုတွေ ခံစား ရသလဲဆိုတာကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၅ ရက်မှာ ထုတ်ဝေတဲ့ ကျန်းမာရေးနှင့် အပြုအမူပိုင်းဆိုင်ရာ သိပ္ပံပညာမဂ္ဂဇင်းက ဖော်ပြထားတာကို ပြောကြား လိုပါတယ်။ ။

ပိတ်ရက်ရှည်တွေကနေ လုပ်ငန်းခွင်ကို ပြန်ဝင် ရတော့မယ်။ အချို့တွေက မိတ်ဆွေအပေါင်း အသင်းတွေနဲ့ တွေ့ရမယ်၊ မပြီးပြတ်သေးတဲ့ အလုပ် တွေကို ပြန်လည်လုပ်ဆောင်ရမယ်ဆိုပြီး တက်ကြွ ပါတယ်။ အချို့တွေက စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူးလို့

ပြောထားပါတယ်။ ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ကို သုတေသနလေ့လာချက်အရ ၇၀ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်ကိုဝင်ဖို့ စိုးရိမ်သောကရှိနေပါတယ်။ အဓိက စိုးရိမ်သောကဖြစ်ရတဲ့အချက်တွေကို ကြည့်မယ်ဆိုရင် ၅၁ ရာခိုင်နှုန်းက ရောဂါကူးစက် မှာကို စိုးရိမ်ပါတယ်။

နောက်တစ်ခုက အများပြည်သူသယ်ယူ ပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ ဘတ်စ်ကား၊ ရထား စတာတွေနဲ့ လာရတဲ့အတွက်လည်း စိုးရိမ်ပါတယ်။

နောက်တစ်ချက်က ကလေးတွေကို ထားခဲ့ရမှာ အတွက်လည်း စိုးရိမ်ပါတယ်။ အဓိက ဒီအချက်တွေ

ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မအံ့ဩ ပါနဲ့။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါတယ်။ သင် တစ်ယောက်တည်း ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ အရင်တုန်းက အိမ်မှာ Work from Home အလုပ် လုပ်စဉ်ကလည်း လုပ်နေကျအခြေအနေတစ်ခု မဟုတ်တဲ့အတွက် ခက်ခဲခဲ့ပါတယ်။ ဒါကို ကျော်လွန် ပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခု အိမ်မှာနေတဲ့ အခြေအနေကနေ ရုံးပြန်တက်ရတယ် လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့အခါမှာလည်း အခက် အခဲရှိမယ်ဆိုပြီး စိုးရိမ်ကြပါတယ်။ မစိုးရိမ်ကြပါနဲ့၊ လူရဲ့ ဦးနှောက်က ပုံမှန်အလုပ်တွေ ပြန်လည် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ တတ်နိုင်သမျှ ကိုယ့်ရဲ့ စိတ်သောကတွေကို လျှော့ချဖို့ ပြောထားပါတယ်။

 

မေး။ ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလုပ်ငန်းခွင်ဝင်တဲ့အခါဘယ်လိုလိုက်နာ ဆောင်ရွက်ရ မယ်ဆိုတာ ထုတ်ပြန်ထားတဲ့အချက် တွေရှိရင်လည်း ပြောကြားပေးပါဦး။

 

ဖြေ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောထားတာရှိပါတယ်။ လုပ်ငန်းခွင်က ကိုဗစ် -၁၉ ကူးစက်နိုင်သလားဆိုရင် ကူးစက်နိုင် ပါတယ်။ အသက်ရှူလမ်းကြောင်းကထွက်တဲ့အစက် အမှုန်တွေ ရှိနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်မိရင် ကူးစက်နိုင်ပါတယ်။ လုပ်ငန်းခွင်ကို သွားစဉ်မှာလည်း ကူးစက်နိုင်ပါ တယ်။ အလုပ်ကိစ္စနဲ့အပြင်ကို ထွက်ရရင်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့ WHO က တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး သုံးပေ အကွာနေမယ်။ ထိတွေ့မှုတွေကို တတ်နိုင်သမျှလျှော့မယ်။ ရောဂါပိုးကပ်ငြိနိုင်တဲ့ စားပွဲ၊ ကုလား ထိုင်တွေကို သန့်ရှင်းရေးလုပ်မယ်။ ဒီလိုနည်းနဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

လုပ်ငန်းခွင်အပေါ်မူတည်ပြီး အန္တရာယ်ရှိမှု အဆင့်တွေကို ဒီလိုခွဲခြားထားပါတယ်။ အန္တရာယ် အနည်း ဆုံးအလုပ်ဆိုတာက အများနဲ့မဆက်ဆံ ရတဲ့အလုပ်တွေ၊ လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့တစ်ယောက် အထိအတွေ့နည်းတဲ့အလုပ်တွေ၊ တယ်လီဖုန်းနဲ့ဖြေကြားရတဲ့ အလုပ်တွေက အန္တရာယ်နည်းပါတယ်။

အသင့်အတင့်အန္တရာယ်ရှိတဲ့ အလုပ်တွေက အများပြည်သူနဲ့ ထိတွေ့မှုတွေရှိနေတဲ့ လုပ်ငန်း တွေဖြစ် ပါတယ်။ ပေါ့ဆလို့မရပါဘူး။ အများစုသော လူတွေက အသင့်အတင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် မှာ လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။ ဈေးတွေ၊ ကုန်စုံ ဆိုင်တွေ၊ အစားအစာရောင်းသူတွေ၊ ဘတ်စ်ကား မောင်းသူတွေ၊ ကူးစက်မှုများတဲ့ဒေသမှာ အများ ပြည်သူနဲ့ထိတွေ့မှုများတဲ့သူတွေ၊ လက်လီအရောင်း ဆိုင် ရောင်းဝယ်ဖောက်ကားသူတွေ၊ ပစ္စည်းပို့သူတွေ၊ တစ်နေရာတည်းမှာ စုစည်းလုပ်ကိုင်ရတဲ့ လုပ်ငန်း တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ လုံခြုံရေးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ ရေနဲ့ ပတ်ဝန်း | ကျင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေရသူတွေ

စသဖြင့်က အလယ်အလတ်အဆင့် အသင့်အတင့် | အန္တရာယ်ရှိနိုင်ပါတယ်။

ဘယ်သူတွေက အန္တရာယ်အရှိဆုံးလဲဆိုရင် တချို့ အလုပ်တွေက အများနဲ့ ထဲထဲဝင်ဝင် ဆက်ဆံ ရတဲ့အပြင် သူတို့လုပ်ရတဲ့အလုပ်ရဲ့ သဘောသဘာဝကိုက အန္တရာယ်ရှိနိုင်တဲ့အရာတွေနဲ့ ထိတွေ့နေရ တာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူ၊ ကိုဗစ် - ၁၉ ပိုးတွေ့သူ၊ သံသယလက္ခဏာခံစားနေရသူတွေကို ပို့ဆောင် ပေးနေရသူတွေဖြစ်ပါတယ်။ နောက်တစ်ခုက ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ၊ သံသယလက္ခဏာ ရှိတဲ့သူ၊ ပိုးတွေ့သူနဲ့ ထိတွေ့မိသူတွေရဲ့ အိမ်တွေမှာ သန့်ရှင်းရေးလုပ်ငန်းလုပ်ကိုင်နေရသူတွေ၊ ကိုဗစ် -၁၉ ကြောင့် သေဆုံးသွားသူတွေကို သယ်ဆောင် ပေးရသူတွေ၊ သင်္ဂြိုဟ်ပေးရသူတွေ၊ စည်ပင်သာယာ ကဝန်ထမ်းတွေဖြစ်ပြီး အလွန်အန္တရာယ်ရှိနိုင်ပါ တယ်။ ဒါကြောင့် ဒီလိုအလုပ်တွေကို လုပ်ကိုင် ပေးနေတဲ့ စေတနာလုပ်အားရှင် (Volunteer) တွေက အလွန်လေးစားဖို့ကောင်းပါတယ်။ တော်ရုံ စိတ်ဓာတ်နဲ့ မလုပ်နိုင်ပါဘူး။ နောက်ပြီး လူမှုရေးနဲ့

ဆိုင်တဲ့ ကူညီပေးတဲ့အဖွဲ့အစည်းတွေ၊ ကိုဗစ် - ၁၉ ပိုးတွေ့သူရဲ့အိမ်ကို ပစ္စည်းပို့ဆောင်ရသူတွေ၊ ရေပိုက်

တွေ၊ အဲကွန်းတွေစသဖြင့် ပြင်ဆင်မှုတွေလုပ်ဆောင် ပေးရသူတွေက အလွန်အန္တရာယ်များပါတယ်။

ကိုယ့်ရဲ့ လုပ်ငန်းခွင်အပေါ်မူတည်ပြီး အန္တရာယ် ရှိတဲ့အဆင့်ကို သိရှိပြီးပြီဆိုရင် လုပ်ငန်းခွင်ရဲ့ ပတ်ဝန်းကျင်၊ အလုပ်ရဲ့ သဘောသဘာဝနဲ့ အန္တရာယ်ရှိနိုင်မှု၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ အကာအကွယ်ပစ္စည်းတွေရနိုင်မှုကိုလည်း မျှော် တွေးပြီး ကြိုတင်စီစဉ်တာတွေကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ အသက်အရွယ်နဲ့ နောက်ခံ

ရောဂါရှိမှု အခြေအနေကလည်း ထည့်သွင်းစဉ်းစား ရမယ့် အချက်ဖြစ်ပါတယ်။ WHO က ပြောထား ပါတယ်။ အန္တရာယ်ရှိနိုင်တဲ့အလုပ်တွေကို အသက် အရွယ်ကြီးသူ၊ နောက်ခံရောဂါရှိသူတွေကို တတ်နိုင် သမျှ တာဝန်မပေးဖို့ ၊ အန္တရာယ်နည်းနိုင်တဲ့အလုပ် တွေကို လုပ်ဆောင်စေဖို့ ပြောထားပါတယ်။

အချုပ်အားဖြင့် ဘယ်လုပ်ငန်းခွင်မှာမဆို အရေး ကြီးတဲ့အချက်က လက်ဆေးရမှာဖြစ်ပါတယ်။ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းမှ၇၀ အထက်ရှိနေတဲ့ လက်သန့်စင်ဆေးရည်ကို အသုံးပြုဖို့လိုပါတယ်။

ချောင်းဆိုး၊ နှာချေရင် အုပ်ပြီးဆိုးရမယ်။ အနည်းဆုံး သုံးပေကနေ ခြောက်ပေခွာဖို့ လိုပါတယ်။ Maskကို တပ်ထားရမယ်။ လုပ်ငန်းခွင်မှာ သန့်ရှင်းမှုကိုလည်း အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မလိုအပ်ဘဲ ခရီး သွားတာ၊ သူများစားပွဲကို သွားလည်တာ၊ အတူ ဝိုင်းဖွဲ့စားသောက်တာ၊ စကားစမြည်ပြောတာတွေ ကို လုံးဝမလုပ်ဆောင်သင့်ပါဘူး။ ဒီလို ကိုဗစ် - ၁၉

ကာကွယ်ရေးနဲ့ဆိုင်တဲ့ မူဝါဒတွေကို အတိအကျ ချမှတ်ထားရမှာဖြစ်ပြီး ပညာပေးတာ၊ သင်တန်း ပေးတာတွေကိုလည်း လုပ်ဆောင်ထားရမှာ ဖြစ်ပါ တယ်။

ကိုဗစ် - ၁၉ ကာကွယ်ရေးနဲ့ပတ်သက်ပြီး အစစ အရာရာမှာ သတိရှိနေရမှာဖြစ်ပါတယ်။နေမကောင်း ဘူး၊ ရောဂါလက္ခဏာတွေခံစားနေရပြီဆိုရင် မိမိတစ်ဦးတည်း သီးသန့်ခွဲနေဖို့လိုအပ်ပါတယ်။ သက် ဆိုင်ရာ လုပ်ငန်းခွင်အကြီးအကဲကို အကြောင်း ကြားရမှာဖြစ်ပြီး တာဝန်ကျေချင်ဇောနဲ့ နေမကောင်း ဖြစ်နေတာကို လုပ်ငန်းခွင်ကို လာစရာမလိုပါဘူး။ မိမိတင်မကဘူး အခြားသူတွေကို မကူးစက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ။ဒီလိုအန္တရာယ်ရှိတဲ့အဆင့်ကို သိပြီဆိုရင် ဘယ်လိုအန္တရာယ်နည်းအောင် လုပ်ကိုင်ဆောင်ရွက် ပေးရတယ်ဆိုတာကို သိဖို့လိုပါတယ်။ အန္တရာယ်နည်းတဲ့လုပ်ငန်းခွင်က လူတွေကပြဿနာမရှိပေမယ့် အများစုသောဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေတဲ့ အသင့်အတင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်က လူတွေက ဂရုစိုက်ဖို့လိုပါတယ်။

အသင့်အတင့်အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်က တစ်နေ့ကို နှစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးရမှာ ဖြစ်ပါတယ်။ ညစ်ပေမှုများတဲ့နေရာတွေကို ရေနဲ့ဆပ်ပြာသုံးပြီး သန့်ရှင်းရေးလုပ်ရမယ်။ အထူးသဖြင့် အများသုံးတဲ့ပစ္စည်းတွေဖြစ်တဲ့ရေချိုးခန်း၊ အိမ်သာ တွေကို တစ်နေ့ကို နှစ်ကြိမ် သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပြီးလိုအပ်တဲ့နေရာတွေကို ပိုးသန့်စင်ဆေးရည်နဲ့ သန့်ရှင်းရမှာဖြစ်ပါတယ်။ တတ်နိုင်သမျှ တစ်ယောက် နဲ့တစ်ယောက် ခပ်ခွာခွာနေနိုင်အောင် လုပ်ငန်းခွင် မှာ အချိန်မထပ်အောင် စီမံပေးရမှာ ဖြစ်ပါတယ်။ ပြင်ပလေရအောင် နေရောင်ခြည်ရအောင် တံခါးတွေ ဖွင့်ထားဖို့လိုပါတယ်။ နေရာတိုင်းမှာ လက်ကို အလွယ်တကူဆေးနိုင်အောင် ရေနဲ့ဆပ်ပြာထားရှိခြင်း၊ အချို့နေရာတွေမှာ ရေမလို လက်သန့်စင်ဆေးရည်ကို ထားရှိစီစဉ်ထားသင့်ပါတယ်။ လုပ်ငန်း ခွင်အပေါ်မူတည်ပြီး လိုအပ်ရင် ခေါင်းဆောင်း၊ Face Shield Mask လိုပါတယ်။ စီစဉ်ထားရှိပေးဖို့လည်း လိုပါတယ်။

အလွန်အန္တရာယ်များတဲ့ လုပ်ငန်းခွင်က လူတွေ က အထူးသတိထားပြီး ကိုဗစ် - ၁၉ စည်းကမ်းတွေ ကို လိုက်နာရမှာ ဖြစ်ပါတယ်။ ခုနပြောခဲ့တဲ့အချက် တွေအပြင် လိုအပ်ရင် လက်အိတ်တွေ ၊ မျက်လုံးကို ကာကွယ်ဖို့ Eye Protector တွေ၊ ခန္ဓာကိုယ်ကိုရောဂါပိုးအန္တရာယ်မှကာကွယ်ဖို့ လိုအပ်တဲ့ရင်ဖုံး အကာအကွယ်တွေ၊ လည်ရှည်ဖိနပ်တွေ ဝတ်ဆင်ဖို့ လိုပါတယ်။ ဒီလိုဝတ်ဆင်တတ်အောင်၊ ချွတ်တတ် အောင်၊ အသုံးပြုပြီးရင်လည်း အန္တရာယ်ကင်းစွာ စွန့်ပစ်တတ်အောင် လေ့ကျင့်ပေးထားရမှာဖြစ်ပြီး စနစ်တကျသုံးစွဲမှု ရှိ/မရှိကိုလည်း ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဒီလို အလွန်အန္တရာယ်များတဲ့ လုပ်ငန်း ခွင်မှာ နောက်ခံရောဂါရှိနေသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက် ၆၀ အထက်တွေကို တာဝန်မပေးဖို့  WHO က ပြောကြားထားပါတယ်။

မေး ။ ။ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းရှင်းဖို့ဘယ်လို လုပ်ဆောင်သွားရပါမလဲ။

 

ဖြေ ။ ။ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းရှင်းစွာ လုပ်ဆောင်နိုင်ဖို့ နိုင်ငံတိုင်းက ဆောင်ရွက်လျက်ရှိပါ တယ်။ ဥပမာ အိန္ဒိယ နိုင်ငံက ရောဂါဖြစ်ပွားမှုများသလို သေဆုံးမှုတွေလည်း များတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သူတို့လည်း ရုံးတွေပိတ်ရတယ်၊ Stay Home တွေ လုပ်ရတယ်၊ Lockdown တွေ လုပ်ရပါတယ်။ ရုံးတွေပြန်ဖွင့်တဲ့ အခါ လိုက်နာရမယ့်အချက်တွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ News 18 Life Style ဝက်ဘ်ဆိုက်မှာ ဇွန်လ ၃၀ရက်က ဖော်ပြထား တဲ့ရုံးလုပ်ငန်းခွင်တိုင်းက လိုက်နာရမယ့် ကာကွယ်ရေးအချက် ၁၀ ချက်ဆိုပြီးရှိပါတယ်။ ဒါကို ဝေမျှချင်ပါတယ်။လုပ်ငန်းခွင်အများစုက အရာရာကို မျှဝေသုံးစွဲ ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နီးနီး ကပ်ကပ် ထိုင်ရတာတွေရှိပါတယ်။ အိမ်သာတွေ၊ ရေချိုးခန်းတွေကလည်း တွဲပြီးသုံးရတာတွေ ရှိပါတယ်။ ဒါကြောင့် ရောဂါကူးစက်နိုင်ခြေတွေ ရှိပါတယ်။ နံပါတ် (၁) ရောဂါလက္ခဏာမရှိသူများသာ ရုံးတက်ရန် ဖြစ်ပါတယ်။ ဖျားနေရင် ရုံးမလာရ ဘူးဆိုတာ အသိပေးထားမယ်။ ရုံးတွေမှာ အဖျား တိုင်းတာတာတွေ လုပ်သင့်ပါတယ်။ အသက်ကြီးသူ ကိုယ်ဝန်ဆောင်နဲ့ နောက်ခံရောဂါရှိသူတွေကို အများနဲ့ထိတွေ့တဲ့ နေရာမှာ တာဝန်မပေးသင့်ပါ ဘူး။ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ။

နံပါတ် (၂) ရောဂါပိုးကင်းစင်အောင် ပိုးသန့်စင် ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရုံးတွေရဲ့ အဝင် မှာ ရေနဲ့ဆပ်ပြာသုံးပြီး လက်ဆေးဖို့ ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ ကားတွေ၊ ဖယ်ရီတွေ၊ လုပ်ငန်း အပေါ်မူတည်ပြီး အသုံးအဆောင်ပစ္စည်းတွေ၊ အိမ်သာ၊ ရေချိုးခန်းတွေ၊ တံခါးလက်ကိုင်တွေ၊ ဓာတ်လှေ ကားနံရံတွေ၊ ခလုတ်တွေကိုလည်း သန့်ရှင်း ရေးလုပ်ရမှာ ဖြစ်ပါတယ်။ ရုံးကားမောင်းသူ၊ ဖယ်ရီ မောင်းသူတွေအနေနဲ့ မိမိကိုယ်တိုင် အန္တရာယ်ကင်းဖို့၊ မိမိရဲ့ ကားကိုစီးသူတွေ အန္တရာယ်ကင်းဖို့ အထူး ပဲဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မောင်းသူနဲ့ ဖယ်ရီ စီးသူတွေ အနည်းဆုံး သုံးပေနဲ့ ခြောက်ပေခြားရမှာ ဖြစ်ပါတယ်။ ကားကိုလည်း ဆိုဒီယမ်ဟိုက်ပိုကလို ရိုက် ၁ ရာခိုင်နှုန်းပါဝင်တဲ့ အရည်၊ ဖျန်းဆေးနဲ့ သန့်ရှင်းရေးလုပ်ရမှာ ဖြစ်ပါတယ်။

နံပါတ် (၃) သီးခြားဇုန်တစ်ခုထားဖို့ လိုတယ်လို့ ပြောပါတယ်။ အသက်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင် သည်တွေနဲ့ နောက်ခံရောဂါရှိသူတွေကို အများနဲ့ မထိတွေ့ရတဲ့ နေရာတွေ၊ သီးခြားဇုန်တွေမှာ ထားဖို့ လိုပါတယ်။ နံပါတ် (၄) ပါးစပ်၊ နှာခေါင်းစည်း တပ်တယ်။ လိုအပ်ရင် မျက်လုံးကို ကာကွယ်နိုင်ဖို့ Face Shield တပ်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လုပ်ငန်းခွင်ကလည်း ဖြည့်ဆည်း ပေးဖို့လိုပါတယ်။ ချောင်းဆိုး၊ နှာချေရင် လက်ကိုင်ပုဝါ၊ တစ်ရူးအသုံးပြုဖို့၊ အလွယ်တကူ မရနိုင်ရင် မိမိလက်မောင်းတံတောင်ကွေးနဲ့ ကွယ်ပြီး အုပ်ပြီးဆိုးဖို့ လိုပါတယ်။ နံပါတ် (၅) လက်သန့်ရှင်းဖို့ လိုပါတယ်။ ရေမလိုလက်သန့်စင်ဆေးရည်တွေကို အလွယ်တကူထားပေးဖို့ လိုပါတယ်။ မိမိကိုယ်ပိုင် လည်း ယူဆောင်သွားဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ရေနဲ့ဆပ်ပြာသုံးပြီး သန့်ရှင်းဖို့ လိုပါတယ်။

နံပါတ်(၆) တစ်ယောက်နဲ့တစ်ယောက် ဝေးဝေး နေဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး သုံးပေနဲ့ခြောက်ပေ၊ ဖြစ်နိုင်ရင်ခြောက်ပေ ခြားနိုင်ရင် ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် ကွန်ဖရင့် လို လူများများနဲ့ အစည်းအဝေးလုပ်ရတာကို လူကိုယ်တိုင်နဲ့ တက်ရောက်တာမျိုးမဟုတ်ဘဲ အွန်လိုင်းက လုပ်ဆောင်ဖို့ လိုပါတယ်။ မဖြစ်မနေ လုပ်ဆောင်ရရင် လူအနည်းဆုံးနဲ့ အချိန်တိုတိုနဲ့ ပြီးအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ။

နံပါတ် (၇) တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာ ခွာဖြစ်နေဖို့ လုပ်ငန်းခွင်အချိန်ဇယားကို တစ်ထပ် တည်းမကျအောင် ဆွဲဖို့လိုပါတယ်။ Break Time နားချိန်ပေးဖို့လိုပါတယ်။ လုပ်ငန်းခွင်ရဲ့ ရည်မှန်း ချက်ကို ပြည့်မီအောင်လုပ်ဆောင်ရင်းနဲ့ အခြားတစ်ဖက်ကလည်း ရောဂါကင်းဝေးစေရေးအတွက် အစီအမံများကိုလည်း ချမှတ်လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။ နံပါတ် (၈) တစ်ကိုယ်ရေသန့်ရှင်းရေးကို လည်း အားပေးရမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးအပြင် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် လိုက်နာရမယ့်စည်းကမ်းတွေကို အသိပေး၊ သတိပေး ပိုစတာတွေကို ထားရှိရမှာဖြစ်သလို ဆုပေးတာ၊ ချီးကျူးစကားပြောတာတွေနဲ့ လိုက်နာဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နံပါတ် (၉) လုပ်ငန်းခွင်က တစ်စုံတစ်ယောက် ဖျားနာနေတယ်၊ သံသယလက္ခဏာရှိတယ်ဆိုရင် အပြစ်တင်တာမျိုးမလုပ်ဘဲသက်ဆိုင်ရာကို သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။ မိမိမှာ သံသယလက္ခဏာ ရှိတယ်၊ ပိုးတွေ့သူနဲ့ ထိတွေ့မှုရှိတယ်ဆိုရင် အထက်ဌာနကို ချက်ချင်းသတင်းပို့ပြီး သီးခြားခွဲနေရမယ်။ ( လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဆောင်ပြီး လိုအပ်ရင် ကုသမှုတွေ ခံယူရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ဖျားနာနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အပြစ်တင်တာမျိုး မလုပ်ဘဲ ခွင့်ပေးသင့်ပါတယ်။ ဖေးမကူညီ ရမှာ ဖြစ်ပါတယ်။ နံပါတ် (၁၀) မိမိလုပ်ငန်းခွင်မှာ ပိုးတွေ့သူ တစ်ယောက်၊ နှစ်ယောက်ရှိရင်သူအလုပ် လုပ်ခဲ့တဲ့နေရာကို ၄၈ နာရီ အသုံးမပြုဘဲ ပိုးသန့်စင်ရမှာ ဖြစ်ပါတယ်။ ပိုးတွေ့သူများလာရင် ဒီဌာနကို ၄၈ နာရီပိတ်ပြီး ပိုးသန့်စင်ရမှာ ဖြစ်ပါတယ်။ ။

အချုပ်အားဖြင့်ပြောရရင် မိမိရဲ့အလုပ်ကို ချစ်မြတ်နိုးရမှာ ဖြစ်ပါတယ်။ အလုပ်ကို ချစ်မြတ်နိုးမှ မိမိနိုင်ငံကို ချစ်တယ်လို့ပြောနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းက ကိုယ့်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပညာရေး စသဖြင့် ဘက်ပေါင်းစုံက ပြန်ပြီး နာလန်ထူအောင် လုပ်ဆောင်ရမှာဖြစ်တဲ့ အတွက်လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်တဲ့အခါ ကိုဗစ်( ၁၉ ရောဂါကင်းဝေးအောင် စည်းကမ်း ချက်တွေကို လိုက်နာရင်း တစ်ဖက်ကလည်း မိမိရဲ့ ကာယ၊ ဉာဏအားတွေကို အပြည့်ထည့်ပြီး စွမ်း အားပြည့်လုပ်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ထက်လျှံ