Apr 08, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် အဆောက်အဦ (ပန္နက်တင်မင်္ဂလာ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။
Apr 08, 2021
စစ်တီးဝိုင်းအဖွဲ့သားများ တီးခတ်လိုက်သည့် စစ်ချီသီချင်းသံက ကောင်းကင်ယံသို့ ပျံ့လွင့်လျက်ရှိသည်။ အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းကြီးများက စစ်ရေးပြကွင်းအတွင်းသို့ အစဉ်လိုက်ဝင်ရောက်နေရာယူကြသည်။ အစဉ်အလာကြီးမားသည့် တပ်မတော်အတွက် သမိုင်းဝင် အထိမ်းအမှတ် (၇၆) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမြင်ကွင်းမှာ ပြည်သူတစ်ဦးအနေဖြင့် မမေ့ပျောက်နိုင်မည့် ဂုဏ်ယူဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင် ဖြစ်ပါသည်။
Mar 29, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ ခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးသည် အကျဉ်းဦးစီးဌာနသို့ လိုအပ်သော ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ ပို့ဆောင်ရေးအတွက် ဒသမ ၃၈ ခြောက်လုံးပြူး ၁ လက်၊ Icon စကားပြောဆက်သွယ်ရေးစက် ၁ လုံးအား အိတ်အတွင်းထည့်ကာ အရပ်ဝတ်ဝတ်ဆင်၍ ၎င်းပိုင်ဆိုင်ကယ်ဖြင့် ရဲစခန်းမှ ၁၄ လမ်းနှင့် ၈၇ x ၈၈ လမ်းအကြား ကမ်းနားလမ်းအတိုင်း တစ်ဦးတည်း ထွက်ခွာသွားခဲ့ရာ အောင်မြေသာစံမြို့နယ်၊ (၁၄)လမ်းထိပ်၊ နှင်းဆီအိမ်ရာသို့အရောက်တွင် လူစုလူဝေးအင်အား ၂၀၀ ဦးခန့်ပါဝင်သည့် လူအုပ်စုမှ တားဆီးသဖြင့် ဆိုင်ကယ်အား နောက်သို့ပြန်လှည့်မောင်းနှင်စဉ် ဆိုင်ကယ်လဲကျခဲ့ပြီး ဆူပူသူလူအုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရကာ တာယာကွင်းများဖြင့်စွပ်၍ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရကြောင်း သိရှိရပါသည်။
Mar 29, 2021
၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဆူပူအကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းစဉ် ဆူပူအကြမ်းဖက် သူများ အတွင်းမှ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Mar 29, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Mar 29, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 29, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
Mar 29, 2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုကိုးကျွန်းမြို့နယ်သို့ ပြေးဆွဲပေးမည့် M.V CHARITES သင်္ဘောခရီးစဉ်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းမှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
Mar 29, 2021
Sky Net သတင်းဌာနမှ သတင်းထောက် ပိုးဥရန်နိုင်က ဆက်လက် မေးမြန်းရာ ယခင်က ည ၁ နာရီ မှ မနက် ၉ နာရီခွဲအထိ All internet shut-down လုပ်ဆောင်ပြီး အခုနောက်ပိုင်းတွင် Mobile data shut down ongep:Gecocloppesi Money transactions များနှင့် Online services များတွင် တော်တော်လေး အခက်အခဲဖြစ်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့ သတင်းမီဒီယာများ မှာဆိုလျှင် Online နှင့် လုပ်နေရခြင်းဖြစ်သည့်အတွက် ယခုကိစ္စများနှင့် ပတ်သက်ပြီး Telecom Sector များနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ မည်သည့်အကြောင်းအရာများ ဆွေးနွေးလုပ်ဆောင်နေပါလဲ၊ ပုံမှန်မည်သည့် အချိန်တွင် ဖြစ်မည်နှင့် မည်သည့်အခြေအနေမှာ ပြန်ဖြစ်နိုင်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။
Mar 29, 2021
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုလွင်သည် မတ်၂၅ ရက်က မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ရှိ အမှတ်(၁၀) အထည်စက်ရုံသို့ ရောက်ရှိပြီး မိမိ ထုတ်ကုန်ပစ္စည်းအား ဈေးကွက်ရှိ ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချ နိုင်ရေးဆောင်ရွက်ရန်၊ ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ ကုန်ကြမ်းများကို မိမိတို့ ဌာနအတွင်းရှိ စက်ရုံများတွင် ပြန်လည်အသုံးပြုနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ ကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးသည်။
Mar 29, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော် ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁ဝဝ၈၇ ဦး၊ အတွင်းလူနာ ၄၁၉၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများကို ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံ တက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ကိုပါ စီမံဆောင်ရွက်ပေးသည်။
Mar 29, 2021
ဖာပွန်ခရိုင်အတွင်းရှိ ထီးမူထကျေးရွာအနီး တပ်မတော်စခန်းတစ်ခုအား မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် KNLAမှ ဘောကျော်ဟဲ ဦးဆောင်မှုဖြင့် KNLAတပ်မဟာ ၅ တပ်ဖွဲ့ဝင်တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Mar 29, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံနှင့် ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံး ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။
Mar 29, 2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ပခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလာဘိဝံသအား ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်သော အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်အား ဆက်ကပ်ပူဇော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
Mar 29, 2021
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်း အနားကို မတ် ၂၇ ရက်တွင် နေပြည်တော် ဥပ္ပါတ သန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ကျင်းပခဲ့ပြီး ကျန်းမာရေး အခက်အခဲကြောင့် ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပူဇော်ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာတော်ကြီးများကို သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် ပူဇော်လျက် ရှိသည်။
Mar 29, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစု များအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
Mar 29, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 29, 2021
မြန်မာ့မီးရထားတွင် ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ရှိ မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားများ ပြေးဆွဲခြင်း တတိယနေ့ခရီးစဉ်အဖြစ် ယနေ့ နံနက်ပိုင်းတွင်ပြေးဆွဲခဲ့ရာ အင်းစိန်ဘူတာမှ လူစီးတွဲ (၃)တွဲပါ RBE ရထားတွဲဆိုင်းကို လက်ဝဲရစ်လမ်းကြောင်းအတိုင်း နံနက် ၈ နာရီ ၃၅ မိနစ်မှ စတင် ထွက်ခွါပြီး ဘူတာစဉ်ဖြတ်သန်းမောင်းနှင်၍ ရန်ကုန် ဘူတာကြီးသို့ နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်ခဲ့သည်။