နေပြည်တော် စက်တင်ဘာ ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့် ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီနှင့် တာချီလိတ် စခန်း ငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီးရေ ၁၆ စီးဖြင့်အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးဖြင့် ၅၆ တန်၊အောက်ဆီဂျင်(အိုးခွံ) ၄၆၃၀၊ Oxygen Plant ရှစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၀ ခု၊ PPE ဝတ်စုံ ၅၀၀ နှင့် နှာခေါင်း စည်း (Mask) ၁၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးမှာ ရန်ကုန် မြို့သို့ တစ်စီး၊ မန္တလေးမြို့သို့ နှစ်ဆီးဖြစ်ပြီး Oxygen Plant ရှစ်ခုမှာ ရန်ကုန်မြို့သို့နှစ်ခု၊ ပခုက္ကူမြို့သို့ နှစ်ခု၊ မုံရွာမြို့၊မြိုင်မြို့ ဂန့်ဂေါမြို့နှင့် ထန်ထလန် မြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ကုမ္ပဏီ ၂၀၄ ခုမှ ယာဉ်စီးရေ ၃၈၀ ဖြင့် အောက်ဆီ ဂျင်(အရည်) Bowser ယာဉ်ဖြင့် ၅၈၆ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၁၂၆တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် တန် ၂၀၊ Storage Container လေးခု၊ အောက်ဆီဂျင် (အရည်) Distributor တစ်ခု၊ အောက်ဆီဂျင် (အိုးခွံ) ၇၄၀၀၀၊ Oxygen Plant ၁၅၃ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက်နှစ်ခု၊ Oxygen Generator ၁၈ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၁၁၃၂၈ ခု Test Kit ခုရေ ၇၀၀၀၀၊ PPE အစုံရေ ၁၀ သိန်း၊ လက်အိတ် ၈၁ တန်နှင့်နှာခေါင်းစည်း (Mask) တန် ၂၂၇၀ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပြည်ပမှတင်သွင်း လာသည့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် စုစုပေါင်း ၂၉ စီး မှာ ရန်ကုန်မြို့သို့အစီး ၂၀၊ မန္တလေး မြို့သို့ လေးစီး၊ မော်လမြိုင်မြို့သို့ နှစ်စီး၊ ပဲခူးမြို့၊ မုံရွာမြို့နှင့် ပြည် မြို့များသို့ တစ်စီးစီဖြစ်ပြီး Oxygen Plant စုစုပေါင်း ၁၅၃ ခု မှာ ရန်ကုန်မြို့သို့ ၁၀၈ ခု၊ မန္တလေး မြို့သို့ ၁၂ ခု၊ ပခုက္ကူမြို့သို့ သုံးခု၊ချောက်မြို့သို့သုံးခု၊ လားရှိုးမြို့သို့ နှစ်ခု၊ မင်းဘူးမြို့သို့ နှစ်ခု၊ မအူပင် မြို့သို့ နှစ်ခု၊ မော်လမြိုင်၊ မုံရွာ၊မြစ်ကြီးနား၊ မိုးကောင်း၊ မြင်းမူ၊ ၊ မုဒုံ၊ပြည်၊ မိတ္ထီလာ၊ မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ်၊ မိုးညှင်း၊ကံကြီးထောင့်၊ ဖားကန့်၊ အောင်လံ၊ ကဝ၊ စဉ့်ကူး၊ မြိုင်၊ ဂန့်ဂေါ၊ထန်တလန်နှင့် တန့်ယန်းမြို့များသို့ တစ်ခုစီဖြစ်ကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
သတင်းစဉ်
