Skip to main content

တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေးမူဝါဒ

 

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိပြီး ပြည်သူများ၏ လူနေမှုဘဝမြင့်မားတိုးတက်သည်။ လျှပ်စစ် ဓာတ်အားရရှိ၍ လူမှုစီးပွားမြင့်မားသည်။ လူမှုစီးပွားမြင့်မား၍ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိသည်။ လျှပ်စစ်သည် ပြည်သူတို့၏လူမှုစီးပွားဘဝ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောအရာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး စီမံကိန်းအလိုက် တိုးတက်ဆောင်ရွက်နေကြသည်။ လျှပ်စစ်ဓာတ်အားနှင့် ဖွံ့ဖြိုးတိုး တက်မှုသည် ကျွဲကူးရေပါသလို အတူလိုက်ပါဖွံ့ဖြိုးတိုးတက်သောကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး ကြိုးပမ်း ဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံတွင် အစောပိုင်းကာလများက လျှပ်စစ်ဓာတ်အားရရှိရေးတွင် အလွန်ချို့တဲ့ခဲ့သည်။ မြို့ကြီးများတွင်ပင် အလှည့်ကျစနစ်ဖြင့် မီးပေးခဲ့ရပြီး ပြည်သူတို့၏လူမှုစီးပွားဘဝ နိမ့်ကျခဲ့ရသည်။ နယ်မြို့များတွင်လည်း လျှပ်စစ်မီးအပြည့် အဝမရဘဲ အချို့မြို့များတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဓာတ်အားပေးစက်များ ပြုလုပ်ထားရသည်။ ကျေးလက်ဒေသ များနှင့်ဝေးလံသောဒေသများတွင် လျှပ်စစ်မီးနှင့်အလှမ်းဝေးပြီး အမှောင်ထဲတွင် နေထိုင်ကြရသည်။ နောက်ပိုင်းတွင် လျှပ်စစ်မီးရရှိရေး ကြိုးပမ်းဆောင်ရွက်ကြသောကြောင့် မြို့များတွင် လျှပ်စစ်ဓာတ်အား အတော်ရလာခဲ့သည်။ လျှပ်စစ်မီး ပြတ်တောက်မှုမှာလည်း အတော်နည်းသွားခဲ့သည်။

ယခုအခါတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို တိုးတက်ဆောင်ရွက်လျက်ရှိရာ နိုင်ငံအနေဖြင့် ရာခိုင်နှုန်းတစ်ဝက်မျှ လျှပ်စစ်ဓာတ်အားရလာခဲ့သည်။ နယ်မြို့များတွင်လည်း လျှပ်စစ်မီးရှိ နေပြီး ကျေးလက်များပါ လျှပ်စစ်မီးရရှိလာကြ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲ ကြားမှပြည်သူများ လျှပ်စစ်အပြည့် အဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံ့ဘဏ္ဍာငွေများ ကျခံသုံးစွဲလျက်ရှိသည်။ ယခုဆယ်စုနှစ်တစ်ခုအတွင်း လျှပ်စစ်ဓာတ်အား အပြည့် အဝရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး နည်းလမ်းအမျိုးမျိုး ဖြင့် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များကို ရာခိုင်နှုန်းတစ်ဝက်အထိ ဦးစားပေးထုတ်လုပ်သုံးစွဲလျက်ရှိသည်။ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နည်းလမ်းအမျိုးမျိုးဆောင်ရွက်ရာတွင် မြန်မာ နိုင်ငံ၌ ရေသယံဇာတပေါများကြွယ်ဝသဖြင့် ရေအားလျှပ်စစ်မှ ၄၈ ရာခိုင်နှုန်း ထုတ်လုပ်သုံးစွဲလျက်ရှိသည်။ ပြန်လည် ပြည့်ဖြိုး မြဲစွမ်းအင်မှာ တစ်ရာခိုင်နှုန်းသာ အသုံးပြုနိုင်သေးသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ဒသမ ၇ဂီဂါဝပ် ထုတ်လုပ်လျက်ရှိသည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေးမူဝါဒအရ လိုအပ်လာမည့် လျှပ်စစ်ဓာတ်အား ဂီဂါဝပ်မှာ ၂၃ ဒသမ ဖြစ်သည်။ ယင်းလျှပ်စစ် ဓာတ်အား ပမာဏရရှိရန်အတွက် နိုင်ငံတော်က နှစ်စဉ်စီမံကိန်းအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အားရာနှုန်းပြည့်ရရှိရေး ကြိုးပမ်းဆောင်ရွက်ရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် အချိုးကျဆောင်ရွက်ရာ၌ ရေအားလျှပ်စစ်မှ ၃၈ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၃၃ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၀ရာခိုင်နှုန်းနှင့် နေစွမ်းအင်၊ လေစွမ်းအင် တို့ကဲ့သို့ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်တို့မှ ကိုးရာခိုင်နှုန်း ဆောင်ရွက်သွားမည် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များသောကဏ္ဍများကိုလျှော့ချပြီး ကုန်ကျစရိတ်နည်းသောကဏ္ဍများကို တိုးချဲ့ ထုတ်လုပ်လာခြင်းသည် ဖွံ့ဖြိုးမှုမြင့်မားရေးနှင့် ဝန်ထုပ်ဝန်ပိုးများလာမှုကို လျှော့ချနိုင်ရန်အတွက်ဖြစ်သည်။ နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်းနိုင်ငံ များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် နေရောင်ခြည်၊ လေပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အလုံအလောက်ရှိပါလျက် တစ်ရာခိုင်နှုန်းသာထုတ် လုပ်နိုင်သဖြင့် ယင်းကိုတိုးချဲ့နိုင်ရန်အတွက် မြန်မာနိုင်ငံဒေသအသီးသီး၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၃၀ ထုတ်လုပ် နိုင်ရန် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ၂၉ ခုဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အသေးစားနှင့်အလတ်စားဆိုလာစီမံကိန်းများ အကောင်အထည်ပေါ်အောင် ဆောင်ရွက်လျက်ရှိပြီး သဘာဝဓာတ်ငွေ့ရည်၊ ရေနံဓာတ်ငွေ့ရည်တို့ ရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အား စွမ်းအင်တိုးချဲ့ ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး၊ ကာဗွန်လျှော့ချရေးတို့ကို အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ နှင့်ဆွေးနွေး ညှိနှိုင်းသဘောတူထားသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာရှိသည့်ကြားမှ နိုင်ငံတော်နှင့်ပြည်သူများ၏ အနာဂတ်ဖွံ့ဖြိုးတိုး တက်ရေးကိုရှေးရှု၍ အရေးကြီးသော လျှပ်စစ်ဓာတ်အားတစ်နိုင်ငံလုံး အပြည့်အဝရရှိရေးမူဝါဒကို လက်တွေ့အကောင် အထည်ဖော်နေပြီဖြစ်ပါကြောင်း။