Skip to main content

Mar 24, 2021

၂၀၂၁ ခုနှစ် မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားရှိကြောင်း သတင်းအရ မကွေးမြို့၊ မဲထီးလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ယခင်လက်နက်မှုဖြင့်ထောင်ကျဘူးသူ

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

နေပြည်တော်၊ မတ် ၂၄ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ နွယ်နီလမ်းနေ နိုင်ဝင်း(ခ)ကုလား (၂၈)နှစ် (ဘ) ဦးပြည်သိမ်းသည် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ သီတာအောက်လမ်းနေ အောင်ကိုကိုမြင့်(တိမ်းရှောင်) (၂၆)နှစ် (ဘ) ဦးသိန်းဟန်၏ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ် အတွင်းမှ အရှည် ၄ ပေ ၅လက်မခန့်ရှိ ဘောစိဖြင့်ပစ်ခတ်ရသော လက်လုပ်သေနတ် ၁ လက်၊ အရှည် ၂ ပေ ၆ လက်မခန့်ရှိ သစ်သားဒင် ၁ ချောင်း၊ အလျား ၃.၅ လက်မခန့်ရှိ သံစပရိန် ၁

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

(၂၃-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၄-၃-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း (၂,၀၃၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် (၂၃) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၂၈,၇၇၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း (၁၄၂,၃၁၅) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့်စစ်ရေးပြလေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း ပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး အဖွဲ့များ၊ သန့်ရှင်းရေးဝန်ထမ်းများနှင့်အတူ ပြည်သူ များ ဝိုင်းဝန်း၍ အတားအဆီးများနှင့် အမှိုက်များကို ဆက်လက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

ရန်ကုန်နှင့် နေပြည်တော်ရှိ ဗဟိုအဆင့်ဆေးရုံများတွင် ဆေးရုံလုပ်ငန်း ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန COVID-19 Central Command Centre ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၂၀၂၁ ခုနှစ် မတ် ၄ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၂၁ အရ အဖွဲ့ဝင် ၉ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

CDM ( Civil Disobedience Movement) လှုပ်ရှားမှုသည် တိုင်းပြည် အေးချမ်းတည်ငြိမ်မှုကို မလိုလားသော လူတချို့က နိုင်ငံရေး အမြတ်ထုတ်ကာ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား သွေးထိုးပေး နေခြင်း ဖြစ်သည်။ ယခုအခါ CDM လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူအများသွားလာနေသောလမ်းမများပေါ်တွင် အတား အဆီးများ ချထားခြင်း၊ ရုံးတက်နေသော ဝန်ထမ်းအများစုနှင့် ပြည်သူများအား အနှောင့်အယှက်ပေးနေခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များနှင့် ပတ်သက်၍ ကြုံတွေ့ခံစားနေရသည့် ပြည်သူများ၏ ရင်တွင်းစကား သံများကို ပြန်လည်မျှဝေရေးသား ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်း သားပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၁၀၅ လမ်း ၅၂ လမ်းနှင့် ၅၃ လမ်းကြားတွင် ဆူပူအကြမ်းဖက်သူ ၁၅၀ ဦးခန့်က ယနေ့ ညနေ ၄ နာရီခွဲခန့် အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများအား အတားအဆီးများ၊ တာယာကွင်း များမီးရှို့ကာ ပိတ်ဆို့ထားခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေကြကြောင့် ဆူပူ အကြမ်း ဖက် မှုကိုမလိုလားသည့် ပြည်သူများ၏တိုင်တန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များကသွားရောက်၍ အတား အဆီးများအား ဖယ်ရှားရှင်းလင်းရန်နှင့် လူစုခွဲခြင်းများအား ဥပဒေနှင့်အညီဆောင်ရွက်စဉ် ဆူပူ အကြမ်းဖက် သူများက Air Short Gun များ၊ ကုံးသီးများ၊ လက်လုပ်သေနတ်များ၊ ‘ဒုတ်၊ ဓား၊ ဂျင်ဂလိများဖြင့် ပစ်ခတ်ခဲ့သည့် အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များနေရာအထိ အတင်းတိုးဝင်ရောက်၍ လူကိုသေစေနိုင်သည် အထိ အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အရာရှိကြီး ၁ ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှ ဆရာဝန်များ သည်လည်း ၎င်းတို့၏သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

အချို့မြို့နယ်များတွင် နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်း ဖက်သူ အုပ်စုများက ဆူပူဆန္ဒပြမှုများမှ တစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်စေရန် လှုံ့ဆော်သွေးထိုးမှုများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၏ တာဝန်ထမ်းဆောင်နေမှုများကို ပျက်ယွင်းစေရန် လှုံ့ဆော်ခြိမ်း ခြောက်ခြင်းများ ပြုလုပ် လျက်ရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေအသီးသီးတွင် လုံခြုံရေး ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည်များ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီး(၁)ဦးအား တွံတေးမြို့နယ်၊ ဗျောက်ရိုး ကျေးရွာအနီးတွင် ရက်စက်ယုတ်မာစွာသတ်ဖြတ်ခဲ့ပြီး တိမ်းရှောင်နေသူ လှမျိုးအောင်(ခ) ကိုမျိုး(ခ) ဝက်ကြီးနှင့် ၎င်း၏ဇနီးတို့အား လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ တွင် ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိအချို့မြို့နယ်များတွင်ဆူပူအကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် အသက်သေဆုံးသည်အထိရန်ပြုတိုက်ခိုက်လျက်ရှိပြီး ထို့သို့ အကြမ်းဖက်ရာ တွင်အသုံးပြုရန် လက်နက် များ ပြုလုပ်ခြင်း၊လက်ဝယ်တွင်ထားရှိခြင်းများပြုလုပ်လျက်ရှိခြင်း ကြောင့် သက်ဆိုင်ရာ နယ်မြေများ လိုက် လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ သတင်း ဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက် လျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက် ဆန္ဒဖော်ထုတ် သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက်တိုက်ခိုက်ခြင်းများအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာမှု အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် လမ်းမများပေါ်၌ တာယာကွင်းများ၊ သဲအိတ် များ၊ သစ်ကိုင်းများ၊ အုတ်ခဲကျိုးများနှင့် သံချောင်းများစသည့် အတားအဆီးများ ထူထပ်စွာ ချထား၍ ပိတ်ဆို့တားဆီးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

(၂၀၂၁ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ သူများအား ပြစ်ဒဏ်အသီးသီးချမှတ် လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် မတ် ၂၂ ရက် ည ၈ နာရီ ၄၀ မိနစ် ခန့်တွင် အနောက်မြို့ပတ်လမ်း၊ ကျောင်းကြီးစုရပ်ကွက်၊ Mytel ရုံးအနီး၌ မသင်္ကာဖွယ် ဆိုင်ကယ် ၄ စီးအား စစ်ဆေးရန် တားဆီးစဉ် နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံး လုပ်နည်း များနှင့်အညီ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရွှေဖြူကျေးရွာနေ ရှိုင်းဘိုဘို(ဘ) ဦးသိန်းတန်နှင့် ကျောင်းကြီး စုရပ်ကွက်၊ ဖရဲလမ်းနေ သိန်းဇော်မြင့်(ဘ)ဦးစိန်လင်း တို့အား မီးရှို့ရန်အဝတ်စဖြင့် အသင့်ပြုလုပ်ထားသော ဓာတ်ဆီ ၃ ပုလင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်