Sep 19, 2021
သီလဟူသည် လိုက်နာကျင့်သုံးအပ်သော ကျင့်ဝတ်များပင်ဖြစ်သည်။ ကောင်းမှုဖြစ်၍ကျင့် ဆောင်ရမည့်သီလသည် စာရိတ္တသီလဖြစ်ပြီး မကောင်းမှုဖြစ်၍ ရှောင်ကြဉ်ရမည့်သီလမှာ ဝါရိတ္တသီလဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ကို လိုက်နာကျင့် သုံးကြသော ငါးပါးသီလသည် ရှောင်ကြဉ်ရသည့် ဝါရိတ္တသီလဖြစ်သည်။ စင်စစ်အားဖြင့် ငါးပါးသီလသည်
Sep 18, 2021
အကြမ်းဖက်သမားများသည် ခရမ်း-မောင်းမ ကားလမ်းအတိုင်းမောင်းနှင်လာသော လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပါဝင်သော မော်တော်ယာဉ်အား ယမန်နေ့ ညနေ ၆ နာရီခန့်က ငြုပ်သီးလှော် ကွန်ကရစ် တံတား အကျော် လမ်းဘေးချုံပုတ်တစ်ခုအတွင်းမှလက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန် ပစ်ခတ် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 18, 2021
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသ ကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဥပဒေရေးရာဝန်ကြီးဌာန၌ ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
Sep 18, 2021
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Sep 18, 2021
ကျွန်ုပ်သည် အိုင်အေအတန်း၌ ပညာသင်ကြားနေစဉ်သတင်းစာများတွင် မြန်မာမိန်းမများ နောက်ပိတ် ဖိနပ် စီးသင့်၊ မစီးသင့် များစွာရေးကြ၏။ စီးသင့်သည်ဟုစသူကား ရွှေဘိုက မဂျမ်းခင်ဆိုသူဖြစ်သည်။ မစီးသင့် ဟု ပြန်၍ရေးကြသောသူတို့တွင် ကျွန်ုပ်လည်း တစ်ယောက်အပါ အဝင် ဖြစ်၏။
Sep 18, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
Sep 18, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁၅ ရက် ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့်ပြသ ခဲ့သည့် ကိုဗစ် -၁၉ရောဂါကာကွယ်ထိန်းချုပ်ဆိုင်ရာဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။
Sep 18, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေချိန်တွင်ဒေသတွင်းစားနပ်ရိက္ခာဖူလုံ ရေးနှင့်ပြည်သူ များ၏ စားသောက်ရေးကို အထောက် အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူ သုံးကုန် လုပ်ငန်းများကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူ များက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 18, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Sep 18, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၂၇ကျောင်း တို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင်သက်ဆိုင်ရာ သင်တန်းကျောင်း အသီးသီး ကျင်းပသည်။
Sep 18, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Sep 18, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Sep 18, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့တွင် တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 18, 2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူ များကို ကုသရေးလုပ်ငန်းများကို နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ၎င်း လုပ်ငန်းများကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် စေတနာရှင် အလှူ ရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာ များကို လှူဒါန်းပေးလျက်ရှိသည်။
Sep 18, 2021
အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (ASEAN Senior Officials Meeting on the Environment- ASOEN and Related Meetings) စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ဘရူနိုင်းနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
Sep 18, 2021
၂၀၂၁-ခုနှစ်၊ ကမ္ဘာ့ လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (World Patient Safety Day 2021) အခမ်းအနားကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ် များ၊ မြို့နယ်ကုသရေးဦးစီး ဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ တက်ရောက်ကြသည်။
Sep 18, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ချစ်ခင် ရင်းနှီးစွာ မိတ်ဝတ်မပျက်ဆက်ဆံဆောင်ရွက်လျက်ရှိရာ ယခုရက်ပိုင်း အတွင်း အာဆီယံနိုင်ငံများနှင့် အတူ နိုင်ငံအများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင် သည်ကို တွေ့ရသည်။
Sep 18, 2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဌာနဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ခြင်းနှင့် လုပ်ငန်းစဉ်များ ချမှတ် ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပရာ (ယာပုံ) အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများက အွန်လိုင်းမှ တက်ရောက် ကြသည်။
Sep 18, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အတွင်း၌ အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက် ပေးနိုင် မည့် အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
