Nov 20, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 20, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ရှိ ညောင်ခါးရှည် အမြဲတမ်း စစ်ဆေးရေးစခန်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး(ယာပုံ) လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်ရေး၊ အရည်အသွေး ပြည့်မီရေး၊ အဂတိကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာနစိုက်ကွင်း၌ တောင်သူများပူးပေါင်းပါဝင်၍ မျိုးစပါးသားဆက်လိုင်းများ ရွေးချယ်
Nov 20, 2023
မျိုးစပ်မွေးမြူထားသော စပါးသား ဆက်လိုင်းများ၏ အရည်အချင်းလက္ခဏာများကို အကဲဖြတ်ခြင်း၊ စပါးမျိုးကောင်းများ ရွေးချယ်ခြင်း လုပ်ငန်းများကို စိုက်ပျိုးသူ တောင်သူကိုယ်တိုင် ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ဒေသအလိုက် အထွက်နှုန်းမြင့်မားသည့် မျိုးကောင်းမျိုးသန့်များ မွေးမြူအသုံးပြုမှုနှင့် တောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘက်ပေါင်းစုံမှ တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်လာစေရေး ကြိုးပမ်းလျက်ရှိသည်။
Nov 20, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာနအကြီးအကဲ မစ္စတာ ကျန်းကျင့်ဟွား၏ ဖိတ်ကြားချက်အရ (၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ စွမ်းအင်ကြီးကြပ်မှုဆိုင်ရာဖိုရမ် တက်ရောက်ရန်နှင့် လေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှုများကို လေ့လာနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန်းမြို့နှင့် ကူမင်းမြို့တို့သို့ သွားရောက်ခဲ့သည်။
Nov 20, 2023
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မြို့ရှိ အသက် ၇၀ နှင့်အထက် သက်ကြီးဆရာဝန်ကြီးများအား ခြောက်လတစ်ကြိမ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ကို ဆောင်ရွက်ပေးပြီး လိုအပ်သောဆေးဝါးများကို ပုံမှန်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာန၌ ဒုတိယအကြိမ် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးသည်။
Nov 20, 2023
အခြေခံအဘိဓမ္မာတရားတွင် စိတ်ကို မကောင်းအောင် ခြယ်လှယ်တတ်သော အကုသိုလ်စိတ် ၁၄ ပါးကို မှတ်သားရှောင်ရှားနိုင်ရန် အရေးကြီးပါသည်။ ယခုကာလ လူတို့၌ အကုသိုလ်စိတ်တစ်မျိုးဖြစ်သည့် သောကစိတ်များ များပြားနေကြလေသည်။ သောကကို ဝမ်းနည်းမှုဟုဆိုသည်။ ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာဖြစ်ရာ၌ သောကဟုခေါ်ရလေသည်။ သောကဖြစ်တိုင်း ဒေါသလည်းပါနေပြီး စိတ်မချမ်းသာမှု၊ စိုးရိမ်ကြောင့်ကြမှုတို့ ဖိစီးနှိပ်စက်တတ်သည်။
Nov 20, 2023
ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးများ၏ အနာဂတ်ပိုမိုတောက်ပနိုင်စေရေး၊ ကလေးများအား ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏ အခွင့်အရေးများ ပိုမိုရရှိစေနိုင်ရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရတတ်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ‘‘ကမ္ဘာ့ကလေးများနေ့” (World Children's Day) အဖြစ် ကျင်းပလျက်ရှိသည်။ ထိုနေ့သည် ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) နှင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Rights of the Child) တို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းတို့ကို ကိုယ်စားပြုထားခြင်းလည်းဖြစ်သည်။
Nov 19, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် နေထိုင်လျက်ရှိကြောင်းသိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Nov 19, 2023
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မောင်ရွှေလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 19, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 19, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 19, 2023
နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါ သတင်းများကိုဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများကစိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။
Nov 19, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကုတင် (၁၀၀၀)ရှိ အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုသမှုဌာန၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားသည်။
