Skip to main content

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှကြီးမှူး၍ ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှမြှင့်တင်ရေးအဖွဲ့ညီလာခံခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (World Trade Promotion Organization - WTPO)၊ အာရှကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ် (Asian Trade Promotion Forum - ATPF) တို့အပါအဝင် ဒေသတွင်းကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့များနှင့် ပူးပေါင်း‌ဆောင်ရွက်လျက်ရှိသောကြောင့် ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ (Trade Promotion Officer-TPO) များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို အဓိကတာဝန်ယူထမ်းဆောင်နေရသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာသိရှိနားလည်မှသာ ထိရောက်သည့် ရလဒ်များရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။

ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ (Trade Promotion Officer – TPO) သင်တန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သင်တန်းသားသင်တန်းသူများ တက်ရောက်မည်ဖြစ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိများ သိသင့်သိထိုက်သည့် စာတွေ့လက်တွေ့ အသိပညာ၊ အတွေ့အကြုံနှင့် ဗဟုသုတများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှနည်းပြများ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များမှ နည်းပြများက (Physical / Virtual) စနစ်ဖြင့် ရက်သတ္တနှစ်ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်