Nov 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၃-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇,၁၆၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Nov 20, 2023
မြန်မာ့ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်နေသူများအား ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂×၆၆ လမ်းကြား၊ ၁၁×၁၂ လမ်းကြားရှိ နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒမုနိဘုရားအရှေ့မုခ်၌ ပြုလုပ်ခဲ့သည်။
Nov 20, 2023
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးအားပေးမြှင့်တင်နိုင်ရန် One Region One Product အစီအစဉ်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လားရှိုးမြို့ လွယ်လွမ့်ကျေးရွာရှိ ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနှင့် တူရိယာလုပ်ငန်းရှင် ဦးစိုင်းမောဝ်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။
Nov 20, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့နံနက်ပိုင်းက အိန္ဒိယသမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သော မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology- MIIT)၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 20, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Nov 20, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာ ပေ (၁၄၀ x ၃၀) RCC နှစ်ထပ်ကျောင်းဆောင် သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
Nov 20, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Nov 20, 2023
နိုင်ငံတော်အစိုးရအနေဖြင့် One Region One Product အစီအစဉ်ဖြင့် ဒေသအလိုက် အဓိကကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပျဉ်းမနားမြို့နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်းအရေအတွက်မှာ ၁၇၈ ခုရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာရှိ ငွေဟင်္သာနှင့် အင်ကြင်းစံကြက်သွန်ကြော် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
Nov 20, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် စက်ကုန်းကျေးရွာတွင် စိမ်းလဲ့မြေသမဝါယမအသင်းနှင့် နရိန္ဒြာကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီးပွားဖြစ် အသေးစားမျှစ်ခြောက်ကုန်ထုတ်စက်ရုံမှ ထုတ်လုပ်သည့် မျှစ်ခြောက်ထုတ်ကုန်ပစ္စည်းများကို ပြည်ပဝယ်လိုအားကြောင့် နှစ်စဉ်ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံများသို့လည်း တင်ပို့ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
Nov 20, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 20, 2023
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှ ပိုင်ရှင်က ထုတ်ယူလိုသော ဆန္ဒမရှိသည့် ကုန်ပစ္စည်းများဖြစ်သော Textile Materials အထည်အလိပ် ၂၀၅၇၈၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၆၄၄၆၆၅)၊ Textile Fabric Fiber ၁၅၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၁၁ ၄၇၅)၊ Trifamox (ပိုးသတ်ဆေး) ဆေးဝါးဘူး ၉၈၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၀၇၂၈၇၈၂)၊ ဂုန်အိတ်နှင့် အိတ်မျိုးစုံ ကုန်ကြမ်းပစ္စည်း ၆၀၇၀၀ ကီလိုဂရမ် (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၈၃၂၇၉၂၂)၊ ရော်ဘာ စေးထုတ်လုပ်ရန် ကုန်ကြမ်း ပစ္စည်း ၁၇၉၂၅ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၁၂၄၆၈၅)နှင့် ဓာတုကုန်ကြမ်းပစ္စည်း Polymers Of Ethylene ၄၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၇၆၈၆၀)ကို လည်းကောင်း။
Nov 20, 2023
မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာရေးဆရာ၊ ဆရာမကြီးအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်မှုများကို ဖော်ပြလိုက်ပါသည်။
Nov 20, 2023
နိုင်ငံတော်ဩဝါဒါစရိယ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့၊ မဟာ ဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ (သက်တော်(၈၅)၊ သိက္ခာတော် (၆၆)ဝါ)သည် မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
Nov 20, 2023
ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ အခြေခံမူများဖြစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) ကို ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ ၌ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထိုစဉ်က အဖွဲ့ဝင် (၇၈) နိုင်ငံအားလုံးက အပြည့်အဝတညီတညွတ်တည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child-CRC) ကို (၄၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၄၄/၂၅ ဖြင့် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပါသည်။ ထိုဖြစ်စဉ်နှစ်ရပ်ကို ဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children's Day) အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့တွင် (၃၄) ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ ကလေးများနေ့အတွက် ဦးတည်ချက်ဆောင်ပုဒ်မှာ “အခွင့်အရေးအားလုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး” "For Every Child, Every Right" ဖြစ်ပါသည်။
Nov 20, 2023
မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာများ၊ ဓာတ်သတ္တုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များပါဝင်သည့် သဘာဝသယံဇာတများ ပေါများကြွယ်ဝပြီး ကမ္ဘာပေါ်တွင် ကျောက်စိမ်းထုတ်လုပ်မှုနှင့် တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ရာ သတ္တုနှင့်သတ္တုရိုင်းများ၊ ကျောက်စိမ်းများ၊ အခြားသတ္တုများ၊ တွင်းထွက်ကျောက်များနှင့်သတ္တုတို့ကို တန်ဖိုးမြှင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကို ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေ များစွာရှာဖွေပေးလျက်ရှိပါသည်။ ထို့အပြင် အရည်အသွေးမြင့် ကျောက်စိမ်းနှင့် ပတ္တမြားရရှိနေသည့် ကမ္ဘာ့အကြီးမားဆုံး အရင်းအမြစ် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းနှင့် ကျောက်စိမ်းထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်းလည်း သိရှိရသည်။
Nov 20, 2023
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ထည့်သွင်းကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ ဒုတိယအဆင့်အရည်အချင်းစစ် ခရီးရှည်မြင်းစီးအားကစား ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရ သီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။
Nov 20, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)နှင့် အစိုးရနည်းပညာအထက် တန်းကျောင်း (ကျောက်ဆည်)တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Nov 20, 2023
ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပုံမှန်အတိုင်းဆောင်ရွက် လျက်ရှိခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-
Nov 20, 2023
ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပြီး လွှဲပြောင်းပေးတဲ့အခြေအနေတွေ ရှိပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၁၀၁၇ ဦးကို ဥပဒေနဲ့အညီစစ်ဆေး ပြီးတော့ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောလိုပါတယ်။
