Nov 17, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 17, 2023
နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသမားများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများကို တရားမဝင်ပို့ဆောင်ပြီး Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
Nov 17, 2023
KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယားပြည်နယ်အတွင်း အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား ဝင်ရောက်ဖျက်ဆီးခြင်းနှင့် လုယက်ခြင်းများအား ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ အဆိုပါ အကြမ်းဖက်သမားများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့်ချိတ်ဆက်ကာ လက်နက်၊ ခဲယမ်းများဝယ်ယူ၍ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်။
Nov 17, 2023
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်
Nov 17, 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြိုနယ်တွင် မြောက်ပိုင်းအရေးကိစ္စများနှင့်ပတ်သက်သော အကြမ်းဖက်/ ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၃ နာရီခန့်က စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားအနီး ကစားကွင်းနေရာ (ယခင်ရေပေါ်ညဈေး) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 17, 2023
၁။ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့သည်။
Nov 17, 2023
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးအား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး (Exploring Myanmar Culture & Tourism Organization) ၏ အမှုဆောင် ဥက္ကဌ Mr. Liu Wei ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကယနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံရှိ TikTok တွင် ဖွင့်လှစ်ထားသော “Myanmar Pavilion” ခရီးသွားမြှင့်တင်ရေး ပလက်ဖောင်းကို အသုံးပြု၍ မြန်မာနိုင်ငံ၏ ခရီးသွား ဆွဲဆောင်မှုများနှင့် ယဉ်ကျေးမှုများကို တရုတ်နိုင်ငံသားတိုင်း သိရှိစေရန် မိတ်ဆက်ပေးနိုင်ရေးနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများကို လာရောက်တွေ့ဆုံတင်ပြသည်။
Nov 17, 2023
စစ်ကိုင်းပညာရေး တက္ကသိုလ် ၏(၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Nov 17, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် အဓိကအခန်းကဏ္ဍမှပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်လျက်ရှိရာ စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုတိုအတွင်း ထိရောက်အကျိုး ဖြစ်ထွန်းသကဲ့သို့ ဒေသခံများအား အလုပ်အကိုင်အခွင့် အလမ်းပေးပြီး နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ ချနိုင်သည့် စွန့်ဦးတီထွင်သူ ရွှေမိုး စက်မှုလက်မှုလုပ်ငန်းရှင် တစ်ဦးနှင့်တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
Nov 17, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍ မြို့သစ်မြို့နယ်ရုံးဝန်ထမ်းများ၊ နတ်မောက်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 17, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Nov 17, 2023
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့ညနေ ပိုင်းက ပြင်ဦးလွင်မြို့ရှိနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာ သုတေသနဌာန၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ EV နည်းပညာ ပြန့်ပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းများအတွက် သင်ထောက် ကူပစ္စည်းများ ဖြည့်တင်းထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
Nov 17, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အမှုဆောင်အဖွဲ့ဝင်များနှင့် အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Nov 17, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းပေါ်၌ ယမန်နေ့ညနေပိုင်းက အကြမ်းဖက်အဖွဲ့များနှင့် နောက်ကွယ်မှ ပံ့ပိုးနေသည့် နိုင်ငံများအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17, 2023
(၁၉)ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟာလောင်းမြို့တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ် ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့သည်။
Nov 17, 2023
ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့နံနက် ပိုင်းတွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြရာ အဆိုပါအဖွဲ့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာ ရှိကြီးများက နေပြည်တော်လေဆိပ်၌ပို့ဆောင်နှုတ်ဆက်ကြသည်။
Nov 17, 2023
အကြမ်းဖက်မှု ပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်
Nov 17, 2023
ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 17, 2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သိန်း ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
