Nov 18, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 18, 2023
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။
Nov 18, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 18, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
Nov 18, 2023
သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal တို့မှ စက်သုံးဆီများအား ဆီသယ်ယာဉ် (Bowser)များဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်းသယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိသည်။
Nov 18, 2023
နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါသတင်းများကိုဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။
Nov 18, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Nov 18, 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားရှေ့တွင် ယနေ့ညနေ ၄ နာရီက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို အမျိုးသားရေးလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့သည်။
Nov 18, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေပြည်တော်အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။
Nov 18, 2023
မလေးရှားနိုင်ငံအခြေစိုက် International Strategy Institute (ISI) က ကြီးမှူး၍ “Towards a Corrupt-Free Future: Strengthening Global Governance Together” ခေါင်းစဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ (World Anti-Corruption Conference - WACC) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း တက်ရောက်၍ Panellist အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။
Nov 18, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 18, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် အာဆီယံနိုင်ငံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေပညာလေ့ကျင့်သင်ကြားရေး နယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Nov 18, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ တိုးလ်ဂိတ်များဖြစ်သည့် စီလမ်းဆုံတိုးလ်ဂိတ်၊ ပန်းတင်တိုးလ်ဂိတ်၊ ပေပင်လေးတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ ကံကောင်းတိုးလ်ဂိတ်၊ စကားအင်းတိုးလ်ဂိတ်၊ အိုးထုတ္တန်းတိုးလ်ဂိတ်များ၌ လမ်းအသုံးပြုခကောက်ခံနေမှုကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်ဖြတ်သန်းခကောက်ခံရာတွင် လေလွင့်ပျောက်ဆုံးမှုမရှိစေရေး တိုးလ်ဂိတ်တိုင်းတွင် CCTV များတပ်ဆင်ပြီး Computer စနစ်ဖြင့် ဆောင်ရွက်ရေး မှာကြားသည်။
Nov 18, 2023
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
Nov 18, 2023
မြန်မာနိုင်ငံ စာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ မြဝတီစာပေတိုက်က အလှူငွေကျပ် ငါးသိန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် ဒလမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်သုံးသိန်းစီ၊ ဒေါ်မြမြသန်း (မနှင်းဖွေး)နှင့် ဦးသက်နောင် (ပုလော စိုးနံ့သာ)- ဒေါ်အေးမိုးသူ မိသားစုတို့က ငွေကျပ်တစ်သိန်းစီ၊ ဘားအံမြို့နယ်စာရေးဆရာအသင်းက ငွေကျပ်ငါးသောင်း၊ သဲကုန်းမြို့နယ် စာရေးဆရာအသင်းက ငွေကျပ်လေးသောင်း ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူး(၃) ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်) တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။
Nov 18, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော် ခြင်းပြိုင်ပွဲ” ကို နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား အသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အားကစားကို စိတ်ပါဝင်စားသူများ (အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
Nov 18, 2023
နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနဖွင့်လှစ်
Nov 18, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ပါမောက္ခဌာနမှူးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖိတ်ကြားထားသူ များ၊ရှေးဟောင်းသုတေသန ပညာရှင်များ တက်ရောက်ကြသည်။
Nov 18, 2023
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် MEVM စက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။
Nov 18, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲပေးသွားမည်
