Dec 13, 2023
အရှေ့တီမောသမ္မတ၏ မြန်မာ့အရေးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာသိအောင်ပြုလုပ်သင့်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက တုံ့ပြန်ပြောကြားလိုက်ကာ တီမောသမ္မတ၏ မြန်မာ့အရေးစွက်ဖက်မှုနှင့်ပတ်သက်၍ လက်မခံကြောင်း နိုင်ငံရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။
Dec 13, 2023
Myanmar Digital News အမည် ဖြင့် Online Digital Newspaper & News Portal Services လုပ်ငန်း၏ နည်းပညာပိုင်းဆိုင်ရာများနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလှူဒါန်း ပေးအပ်ခြင်းအခမ်းအနားကိုယနေ့မွန်းလွဲပိုင်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 13, 2023
နတ်တော်လသည် ဓနုရာသီဖြစ်သည်။ မိဂသီနက္ခတ်စန်းယှဉ်သည်။ ဂမုန်းပန်း၊ သဇင်ပန်းတို့ ပွင့်ကြသည်။ ဂမုန်းနှင့်သဇင်သည် အတူတူပင်ဖြစ်သည်။ ဂမုန်းနီ၊ သဇင်ဖြူ၊ သဇင်နီ၊ သဇင်နက်စသည့် ဂမုန်းပေါင်း ၁၂၀ ရှိသည်။ ရှေးကမြန်မာတို့သည် သဇင်ပန်းကို တော်ဝင်ပန်းဟုဆိုကြသည်။ ရှေးကမြန်မာတို့သည် သဇင်ပွင့်ပေါ် လနတ်တော်မှာ မဟာဗိန္နဲ သို့မဟုတ် စာဆိုပုဂ္ဂိလ်တို့ကို ပူဇော်သည့် စာဆိုတော်ပွဲလဟု ဆိုခဲ့ကြပြန်သည်။
Dec 13, 2023
တီမောသမ္မတ၏ပြောပုံဆိုပေါက်နှင့်လုပ်ရပ်များက ကမ္ဘာ့နိုင်ငံအသီးသီးမှ သမ္မတများအကြားတွင် မတွေ့စဖူးရှားရှားပါးပါးပင်ဖြစ်သည်။ မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော NUG ၏ လေသံအတိုင်း ပါးစပ်အငှားလိုက်ပြောကြားခဲ့ခြင်းက ကိုယ့်ထမင်းထုပ်နှင့်ကိုယ် ကြီးတော်နွားအငှားလိုက် ကျောင်းသည်ဆိုသော မြန်မာ့ရိုးရာဟာသစကားပုံကို ပြန်လည်အမှတ်ရစဖွယ်လည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏သမ္မတတာဝန်ကို ယူထားသူတစ်ဦးက အခြားနိုင်ငံမှ အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးကဲ့သို့ မဆီမဆိုင်ဝင်ရောက်ပြောကြားနေခြင်းသည် သူတစ်ပါး၏ပြည်တွင်းရေးတွင် ဗြောင်ကျကျ ပါဝင်စွက်ဖက်ခြင်း ဖြစ်သည့်အပြင် အကြမ်းဖက်အားပေးခြင်းလည်း ဖြစ်သည်။
Dec 12, 2023
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် အမိုးဒိုင်းသံချောင်း (Lip Channel) (၁၀၀)တန်၊ သံချောင်းလုံး (၆၂၀.၅၄)တန်၊ (၁၀)ပေ ခေါင်အုပ်သွပ် (၁၇,၇၀၀) ချပ်၊ ထရန်စဖော်မာ (၄)လုံး၊ ဘိလပ်မြေ ဖျော်စက် (၄) လုံး၊ အမိုးချိတ် (၁၅၀,၀၀၀) ချောင်းနှင့် သစ်ခွဲသား (၁၆၄၀.၀၉) တန် အပါအဝင် စုစုပေါင်းတန်ချိန် (၂၄၁၄.၁၄) တင်ဆောင်၍ (၁၂-၁၂-၂၀၂၃) ရက်နေ့၊ (၁၄ : ၀၀) နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိ ပါသည်။
Dec 12, 2023
၂၀၂၂ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေကြသည့် ဆုရစာပေပညာရှင်ကြီးများသည် ယနေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီးခုတင် (၁၀၀၀) ၌ ကျန်းမာရေးစစ်ဆေးမှုများခံယူကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
Dec 12, 2023
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီး၌ ဒီဇင်ဘာလ ၁ ရက် ည ၇ နာရီခန့်တွင် တင်ဇော်လတ်မောင်းနှင်၍ ကျော်စန်းဌေးလိုက်ပါလာသည့် CHENGLONG TIPPER မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူထန်ခိုဆေးအား ယင်းနေ့ ည ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ x ၂၈ ကြား၊ ၆၃ (C)လမ်းရှိ Hotel တွင် ဖမ်းဆီးရမိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ၎င်း၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ် ၁,၂၀၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊
Dec 12, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူအများက အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Dec 12, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Dec 12, 2023
“ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်များကို ပြန်မဆပ်ပါက အရေးယူမည်ဆိုပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာပို့ကာ ဖိအားပေးတောင်းယူနေသည်” ဟု ကောလာဟလ သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 12, 2023
“အင်းစိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ CDM ဝန်ထမ်းများ၏ နေအိမ်များကိုပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် Non CDM ဒုတိယပါမောက္ခချုပ်အဖွဲ့မှ စစ်တပ်နှင့်ပူးပေါင်းကာ ဦးဆောင်ဖျက်ဆီးဖယ်ရှားခဲ့ဟု တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန် ကောလာဟလသတင်းအမှားများအား ရေးသားဖြန့်ဝေထားကြောင်း တွေ့ရှိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ “ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်းမရှိပါကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်း” သိရှိရပါသည်။
Dec 12, 2023
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ဝိုင်ဘီအက်စ်ယာဉ်များအား လိုက်ပါစီးနင်းနေသည့် ခရီးသွားပြည်သူများအနေဖြင့် YPS QR Code ဖြင့် ယာဉ်စီးခပေးချေနိုင်တော့မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ရုံးချုပ်၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲမှ သိရသည်။
Dec 12, 2023
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၈၁၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၅၄၈၄)ကိုလည်းကောင်း၊ ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင် သစ်မာ ၂၀ ဒသမ ၇၄ တန်နှင့် အခြားသစ် ၁၈ ဒသမ ၇၆၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀၃၀၄၀)ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၈၅၂၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 12, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွန်းလက်လီဈေးနှုန်းများ
Dec 12, 2023
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။
Dec 12, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မကွေးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက်ရေး၊ ရေရရှိရေးနှင့် စက်မှုလယ်ယာစနစ်ဖော်ဆောင် ပေးနိုင်ရေး၊ သွင်းအားစုမှန်ကန်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ စီမံခန့်ခွဲအသုံးပြုခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
Dec 12, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းဆောင်ရွက်နေမှု၊ တောင်ဘက်တန်ဆောင်းရှိ Pagoda Digital Directory Control Center ထားရှိမည့်နေရာ၊ တောင်ဘက်တန်ဆောင်းလှေကားများ ပြုပြင်မှုနှင့် ပုညကုသလဗဟုကရအသင်းစောင်းတန်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဝင်များအား လိုအပ်သည်များ မှာကြားသည်။
Dec 12, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးခရိုင်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အင်ဂျင်နီယာချုပ်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စည်းလုံးညီညွတ်စွာ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ် နောက်ဆုံးသုံးလပတ် နီးကပ်လာပြီဖြစ်၍ လုပ်ငန်းများ အမြန်ပြီးပြတ်ရန်နှင့် စာရင်း၊ ဇယားများ ရှင်းလင်းစွာဆောင်ရွက်ရန် မှာကြားသည်။
Dec 12, 2023
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 12, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။
