Skip to main content

Dec 14, 2023

၁၃၈၅ ခုနှစ် နတ်တော်လဆန်း (၁)ရက်တွင်ကျရောက် သည့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေပညာရှင် ကြီးများ ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ် သက်တာဆု လေးဆု၊ အမျိုး သားစာပေဆု ၁၁ ဆုနှင့် စာပေဗိမာန်စာမူဆု ၂၉ ဆု ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ ဆုရစာပေပညာရှင်ကြီးများ၏ ဝမ်းမြောက် ပီတိစကားနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လမ်းညွှန်အမှာစကားများအား မြန်မာ့ အလင်းမှ တွေ့ဆုံမေးမြန်း စုစည်းဖော်ပြအပ် ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

ဒီနေ့မနက် ၆ နာရီ ၁၅ မိနစ်အချိန်လောက်မှာ KNLA ၊ PDF အကြမ်း ဖက်သောင်းကျန်းသူတွေက မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာရှိတဲ့ 230 KV ဓာတ်အားခွဲရုံကို Drop Bomb နဲ့ ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ဓာတ်အားခွဲရုံမှာရှိတဲ့ ဓာတ်အားခွဲရုံသုံးပစ္စည်းတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့တာရှိပါတယ်။ အဲဒါကြောင့် သင်္ကန်း ညီနောင်-မြဝတီဘက်မှာတော့ လျှပ်စစ်ဓာတ်အားပေးပို့မှု ပြတ်တောက် လျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ၏ သတင်းအတတ်ပညာဆိုင်ရာ အခြေခံရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ General Life News Agency မှ သင်တန်းတာဝန်ခံများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Ramanathan Balakrishnan ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

အမျိုးသားရေး တက်ကြွလှုပ်ရှား သူများအဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ် ချပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေး ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဆီတန်းစီ ဝယ်ယူသူအရေအတွက်မှာ သိသိသာသာ လျော့ပါးသွားပြီဖြစ်ကာ မိမိဝယ်ယူလိုသည့် ပမာဏဝယ်ယူရရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအားရှိသည့် ကျစ်လျစ်ခိုင်မာတောင့်တင်းသော တပ်မတော်ဖြစ်စေရန် “စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်”ဆိုသည့် စွမ်းရည်သုံးရပ်ပြည့်ဝစေရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 14, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံခဲ့သည့်သတင်းကို နိုင်ငံပိုင်မီဒီယာများတွင် မိမိတို့တွေ့မြင်ဖတ်ရှုသိရှိ ခဲ့ကြရပြီးဖြစ်သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အောက်တို ဘာလ ၂၇ ရက်မှစ၍ MNDAA ၊ TNLA ၊ AA အဖွဲ့တို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၎င်းတို့နေထိုင်ရာ မြို့ရွာ များကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၆)အစုန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားသို့ ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်တိုင်အမှတ်၊ ၁၀၄/၁-၁၀၃/၂၄ အရောက် တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီး တို့၌ ရထားလမ်းအား အကြမ်းဖက် သောင်းကျန်းသူ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ မိုင်းခွဲဖျက် ဆီးထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီးနေ၍ ရထားစက်ခေါင်း နှင့်အတူ လူစီးတွဲ(၃)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများကအလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အားကစား ကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ပန်းချီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်သတ်ခံရပြီး နေအိမ် ၃၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြကန်သာပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲတွင် အဆိုပါပန်းခြံမုခ်ဦးရှေ့၌ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာအဖွဲ့များနှင့် ပန်းပွားအက အဖွဲ့များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

“ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ အမှတ်(၉)အထက်တန်းကျောင်းတွင် ကျောင်း မတက်ကြရန် လှုံ့ဆော်ထားသည့်စာရွက်များ အကပ်ခံရကြောင်းနှင့် ကျောင်းဝန်းထဲ ဗုံးတွေ့တယ်ဟုဆိုကာ ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်” ဟု ပြည်ဖျက်မီဒီယာအချို့မှ မဟုတ်မမှန်ကောလာဟလ သတင်းများ ဖြန့်ဝေရေးသားလျက် ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံ ၈ ဦးကို တပ်မတော်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူလု၏ လူမှုစီးပွားဘဝထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိကအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များ၊ စက်ရုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်