Skip to main content

Dec 13, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မင်းဘူးမြို့ မန်းရေနံမြေအိမ်ရာ၌ တရားမဝင်ရေနံစိမ်း ၂၅ ဂါလန်နှင့် Kenbo 110 ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ မကွေးမြို့ မြို့မအိုးဘိုရပ်ကွက် ဧရာဝတီတံတားအနီး၌ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည့် Turbo 125 တစ်စီး၊ YHJJ 125 တစ်စီးနှင့် New Sumbo 125 တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၇၅၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

တီမောလက်စ်တေနိုင်ငံသမ္မတ၏ ပြောဆိုချက်များမှာ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးနှင့်အချုပ်အခြာအာဏာကို ဖောက်ဖျက်ရာကျပြီး NUG အငှားသဘောမျိုး ဖြစ်သောကြောင့် သမ္မတဈေးကျဟု ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်သူ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက GNLM ကို ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ e-Government Training အမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမကြီး၌ပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်းအောင်လက်မှတ်နှင့် ထူးချွန်ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ခရိုင်တာဝန်ခံနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၃/ ၂၀၂၃-၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၅၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

“အများပြည်သူအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်” ဆိုသည့် လူမှုကွန်ရက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ၍ ထုတ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဖြည့်တင်းပေးနိုင်မှုစွမ်းအား ကျော်လွန်သည်အထိ စက်သုံးဆီများကိုဝယ်ယူလျက်ရှိရာ စက်သုံးဆီဖြည့်တင်းသည့် ဆီတင်ယာဉ် (Bowser) များ မရောက်ရှိမီ ခေတ္တအချိန်ပိုင်း အရောင်းရပ်ဆိုင်းရသည့်အခြေအနေအချို့ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့်အပြင် စစ်ရေးနှင့်မသက်ဆိုင်သော နိုင်ငံတော်ပိုင်အဆောက်အဦများနှင့် ပြည်သူလူထုပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ကျင်းပသော ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့ရေး၊ ပြည်သူများ လာရောက်လေ့ကျင့်ကစား နိုင်ရေးနှင့်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အားကစားကွင်းနှင့်အားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသပ်ရပ်မှုရှိရေး၊ စိမ်းလန်းစိုပြည်ရေး၊ လူငယ်များ စိတ်ချမ်းမြေ့စွာ ကစားနိုင်‌ရေးမှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်း ရေးနေ့ Belt and Road အခမ်း အနားကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ခြင်းနှင့် ဆွမ်းကပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Wyndham Hotel (Yangon)၌ ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း ဗိုလ်လုပွဲပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့ အားကစားရုံနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် သက်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

မလေးရှားနိုင်ငံ ပီနန်မြို့တွင် ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပသော PENANG INVITA-TIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအားကစားအဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မလေးရှားနိုင်ငံပီနန်မြို့မှ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းမှကျောင်းသားကျောင်းသူများ၊ မိဘဆွေမျိုးများကပန်းစည်းများ၊ အိုးစည် ဒိုးပတ်များဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဝမ်းပန်းတသာကြိုဆို ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းဘုရားများကို ကြည့်ရှုစစ်ဆေးရာ အဆောက်အဦဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်နှင့်အဆောက်အဦ အထူးအဖွဲ့ (၇) တာဝန်ခံ အင်ဂျင်နီယာများက မိုးကြိုးလွှဲတပ်ဆင်ရန်စီမံဆောင်ရွက်မှုနှင့် ဘုရားများမွမ်းမံ ထိန်းသိမ်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်လင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲနှင့် ဇမ္ဗူသီရိမြို့နယ်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနရုံးများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 13, 2023

မနေ့ကတော့ ကျွန်တော်တို့ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရဖြေရှင်းဆောင်ရွက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီသတင်းနဲ့ပတ်သက်ပြီး အနောက်နိုင်ငံ အားပေးမီဒီယာများ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ မီဒီယာများကနေပြီး ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်တဲ့သဘောပေါ့။ မဖြစ်စေချင်တဲ့သဘော။ ပြီးရင်ဒါနဲ့ပတ်သက်ပြီး မဟုတ်ဘူးဆိုတဲ့သဘောတွေ ထုတ်လွှင့်နေတာရှိပါတယ်။ ဒီတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအနေနဲ့လည်း ပြောပြီးဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်ထပ်ပြီးတော့ အသေးစိတ်ပြောစရာမရှိပါဘူး။ ဒီနေရာမှာ ပြောချင်တာကတော့ အနောက်နိုင်ငံအားပေးမီဒီယာများ၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ ဒေါက်တိုင် မီဒီယာများအနေနဲ့ ကျွန်တော်တို့ တရုတ် - မြန်မာနှစ်နိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားနေတာတော့အမှန်ပဲဖြစ်ပါတယ်။ တရုတ် - မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးပြေလည်သွားမှာကို၊ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းသွားမှာကို မလိုလားဖြစ်နေတာတော့ အထင်းသားတွေ့နိုင်တယ်လို့ ပြောချင်ပါတယ်။ အနောက်နိုင်ငံအားပေးမီဒီယာများ၊ အနောက်နိုင်ငံရဲ့ ဒေါက်တိုင်မီဒီယာများကတော့ ဒီကိစ္စမှမဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ဘယ်နေရာကိုမှ ငြိမ်းချမ်းစေချင်တာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မငြိမ်းချမ်းလေ သူတို့အတွက်ဝင်ငွေရရှိလေပဲဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်