Skip to main content

Dec 15, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အခြေခံပညာကျောင်းများနှင့် အထက်တန်းကျောင်းတို့တွင် ကျောင်းသားများ မူးယစ်ဆေးသုံးစွဲနေသော်လည်း ကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမများမှ တားဆီးနိုင်ခြင်းမရှိသည့်အပြင် ကျောင်းအတွင်း မူးယစ်ဆေးရောင်းဝယ်မှုများ ပြုလုပ်နေကြောင်း ဟင်္သာတမြို့နယ် ဒေသခံများထံမှ သိရှိရဟု သတင်းတု၊ သတင်းမှားများအား ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ကျယ်ပြန့်စွာ သိရှိနားလည်နိုင်စေရန်နှင့် LNG ကို အကျိုးရှိစွာအသုံးချခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာစေရန်ကို ရည်ရွယ်ကာ စွမ်းအင်ဖူလုံရေးနှင့် သဘာဝဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ (Energy Security and The Role of Liquefied Natural Gas – LNG) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၁၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ လိုင်စင်မဲ့ Vigo Ford Ranger မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၅၀၀၀၀၀) ၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀)၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ လိုင်စင်မဲ့ Hitachi ဘက်ဟိုးတစ်စီး၊ CAT ဘက်ဟိုးတစ်စီး၊ Doosan ဘက်ဟိုးတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀၀၀)၊ မြိတ်ခရိုင် မြိတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀) နှင့် ဘုတ်ပြင်းခရိုင် ဘုတ်ပြင်း မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင် မြိတ်မြို့နယ်၌ တရားမဝင် အခြားသစ် ၃ ဒသမ ၀၉၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၉၇၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၁၆၄၉၇၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်သည် ဒီဇင်ဘာ ၁၂ ရက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဟံသာဝတီဆက်သွယ် ရေးစခန်းသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာနှင့် နည်းပညာဆိုင်ရာ လိုအပ်သည် များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Dongfeng Motor Corporation Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA NIRO အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

(၇၆) နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ယနေ့တွင် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ အား ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း အောက်တိုဘာ ၂၇ ရက်မှစ၍ MNDAA၊ TNLA၊ AA အဖွဲ့တို့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သောကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင် စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော် ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်လျက်ရှိသည်။ အဆိုပါ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့မှဦးဆောင်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေးနှင့် ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာ လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ် (၃) တို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး အစီအစဉ် (Knowledge Sharing Program-KSP) ၏ ဆွေးနွေးပွဲအမှတ်စဉ် (၃၆) ကို “တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အရအသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ “Unlocking the Power of AI Technology: Empowering Universities and Enterprises for Accelerating Digital Myanmar” URI Collaboration Forum ကို ယနေ့တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

ဒီနေ့မှာတော့ အနောက်နိုင်ငံများနဲ့ အနောက်နိုင်ငံအားကိုး မီဒီယာများအနေနဲ့ ညနေတိုင်းနဲ့ ညပိုင်းတိုင်းမှာ ထုတ်လွှင့်နေကျ ပုံသေနည်း သတင်းတစ်ပုဒ်ထပ်တိုးလာတယ်ဆိုတာ တွေ့ရတယ်။ ဒီထုတ်လွှင့်နေကျ ပုံသေနည်း သတင်းတစ်ပုဒ်ဆိုတာကတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေရှိတယ်ဆိုတာ ထုတ်လွှင့်ပြီးဖြစ်တယ်။ အဲဒီဆွေးနွေးချက်တွေ၊ ဆွေးနွေးမှုတွေ အပေါ်မှာမူတည်ပြီး မစိုးရိမ်ကြဖို့နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ စိုးရိမ်စရာ မရှိတဲ့အကြောင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ MNDAA၊ TNLA၊ AA အဖွဲ့က ပြောတဲ့အကြောင်းဆိုတာကို အမြဲတမ်းထုတ်လွှင့်နေတဲ့ပုံစံမျိုးလေးတွေ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားများ၊ ပြည်သူလူထုအနေနဲ့ ဘယ်သူမှငြိမ်းချမ်းရေးကို မလိုလားတဲ့သူမရှိဘူး။ ပဋိပက္ခတွေ မဖြစ်ပွားစေချင်ဘူး။ ကိုယ့်ရဲ့လူမှုစီးပွားဘဝ တည်ငြိမ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝပြည့်စုံ တည်ငြိမ်ရေးကိုပဲ သူတို့အားပေးကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မေးခွန်းထုတ်စရာရှိတာက သူတို့ပြောသလို မြန်မာပြည်သူလူထုကို မစိုးရိမ်ပါနဲ့ဆိုတော့ မြန်မာပြည်သူလူထုက စိုးရိမ်နေတာလား၊ သူတို့ကစိုးရိမ်နေတာလားဆိုတာပဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အဖြေကတော့ ရှင်းရှင်းလေးပါပဲ၊ မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေလျော့ပါးသွားမှာ၊ မြန်မာနိုင်ငံလေး ငြိမ်းချမ်းရေး ရရှိမှာ၊ ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲပြီး ငြိမ်းချမ်းသွားမှာကို သူတို့ပဲမလိုလားနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မြန်မာနိုင်ငံထဲမှာ အပစ်အခတ်ရပ်စဲမယ့်ကိစ္စတွေ၊ ပဋိပက္ခလျော့နည်းမယ့်ကိစ္စတွေ၊ လူမှုစီးပွားဘဝတည်ငြိမ်စေမယ့်ကိစ္စတွေကို မျိုးစုံသွေးထိုး လှုံ့ဆော်ပြီး ဆောင်ရွက်နေကြခြင်းဖြစ် တယ်ဆိုတာကို အားလုံးက သတိပြုရမှာဖြစ်ပါတယ်။ ဝိုင်းဝန်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) သို့ရောက်ရှိပြီး ရုံးဝင်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (စတုတ္ထအကြိမ်) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 15, 2023

လာမည့်နှစ်အစမှစတင်ကာ ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရသော ကုန်တင်ယာဉ်များမှတ်ပုံတင်ခြင်း ပြန်လုပ်ပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်