(ယမန်နေ့မှအဆက်)
အခန်း(၃)
ပြည်ပအကူအညီရယူခြင်း
၁၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှုတို့ဖြင့် ရယူခွင့်ပြုနိုင်သည်။
၁၄။ ဇယား (၁)၊ (၃) နှင့် (၇) တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပအကူအညီရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ပိုမိုရရှိသောငွေများဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား(၂)၊ (၄)နှင့် (၈)တို့တွင် ဖော်ပြခွင့်ပြုသော သုံးငွေများထက် ပိုမိုသုံးစွဲရန်လိုအပ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့ကစိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်း၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့်နည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့်သုံးငွေများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ခွင့်ပြုခဲ့သည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ
၁၅။ လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့အပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
၁၆။ (က) လူမှုဖူလုံရေးအဖွဲ့၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၅)နှင့် (၆)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
(ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၁၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့၏ ဇယား(၅)နှင့်(၆)တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများ ကို အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့အား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။
၁၈။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးရန်ပုံငွေနှင့်အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေတို့ဖြင့် ရပ်တည်ပြီး ယင်းရန်ပုံငွေမှ အကျိုးခံစားခွင့်များပေးရာတွင် လုံလောက်မှုမရှိ၍ တောင်းခံလာပါက ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် လိုအပ်သည့် ချေးငွေများထုတ်ချေးခြင်း၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။
အပိုင်း ၃
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
အခန်း (၁)
ရငွေများနှင့် သုံးငွေများ
၁၉။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၂၀။ (က) ဇယား (၇) နှင့် (၈)တို့တွင် ဖော်ပြထားသည့် ရငွေများနှင့် သုံးငွေများသည် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသော ငွေများဖြစ်သည်။
(ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၇)နှင့်(၈)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
(ဂ) ပုဒ်မခွဲ (ခ)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဃ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
အခန်း(၂)
ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်
၂၁။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် စီးပွားရေးဆန်ဆန်ဆောင်ရွက်ရမည့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၇)တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၈)အရ ခွင့်ပြုထားသောသုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည်သုံးငွေများကို အောက်ပါအတိုင်း ပြောင်းလဲပေးခြင်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်–
(၁) အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများ ပြောင်းလဲသုံးစွဲခြင်း၊
(၂) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း။
(ဃ) ထိုသို့ရငွေများနှင့် သုံးငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
(င) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
အခန်း(၃)
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်
၂၂။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား(၇)နှင့်(၈)တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများကို စီမံခန့်ခွဲရမည်။
(ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်းလိုအပ်ချက်အရဇယား(၇)တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဇယား(၈)အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်လွှဲအပ်ချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ ပြောင်းလဲနိုင်သည်။ ထိုသို့ ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
၂၃။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့သတ်မှတ်ပေးခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အကျိုးအကြောင်း ဖော်ပြချက်နှင့်အတူ အစီရင်ခံရမည်။
(ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည်ဆောင်ရွက်ကြရမည်။
(ဂ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန် အလို့ငှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။
၂၄။ (က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၉)နှင့်(၁၀)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်း ပြုရမည်။
(ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
၂၅။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၉)နှင့်(၁၀)တို့တွင် ဖော်ပြထားသောရငွေများနှင့် သုံးငွေများကိုလုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းများလုပ်ကိုင်ရန် ကနဦးရင်းနှီးမြှုပ်နှံငွေကို သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်နိုင်သည်။
(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေများကို မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ထားသောဘဏ်များမှ သတ်မှတ်ချက်များနှင့်အညီ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။
အပိုင်း ၄
အရေးပေါ်ရန်ပုံငွေ
၂၆။ (က) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား(၄)တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှကျခံသုံးစွဲခြင်းကို အောက်ပါစည်းကမ်းချက်များနှင့်အညီသာလျှင် ဆောင်ရွက်ခွင့်ရှိသည်-
(၁) ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက် အသုံးစရိတ်ဖြစ်ခြင်း၊
(၂) ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် အထူးကိစ္စရပ်ဖြစ်ခြင်း၊
(၃) တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများအရ ခေါင်းစဉ်လွှဲပြောင်း ကျခံရန်မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ်လွှဲပြောင်းကျခံရန်အတွက် ရန်ပုံငွေမရှိခြင်း။
(ခ) ပုဒ်မခွဲ(က)အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။
(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်။
(ဃ) နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား(၄)နှင့် (၁၄) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။ ဤပုဒ်မခွဲပါ အရေးပေါ်ရန်ပုံငွေဟူသောစကားရပ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြပါ အရေးပေါ်ရန်ပုံငွေနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(င) ပုဒ်မခွဲ(ဃ)အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို နေပြည်တော်ကောင်စီအစည်းအဝေး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။
(စ) နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ပုဒ်မခွဲ (ဃ) နှင့် (င) တို့အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။
အပိုင်း ၅
တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ
၂၇။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။
၂၈။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၁)နှင့် (၁၂)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
(ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကိုစီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၂၉။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ဇယား(၁၁)နှင့် (၁၂) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကိုဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။
၃၀။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။
အပိုင်း ၆
နေပြည်တော်ကောင်စီ
၃၁။ နေပြည်တော်ကောင်စီသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။
၃၂။ (က) နေပြည်တော်ကောင်စီ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၃)နှင့် (၁၄)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
(ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်ကောင်စီ၏ ဇယား(၁၃)နှင့်(၁၄)တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
အပိုင်း ၇
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
၃၄။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိ၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍လုပ်ငန်းများကို မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
၃၅။ (က) နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၅)နှင့်(၁၆)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
(ခ) ပုဒ်မခွဲ (က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကိုစီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၃၆။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဇယား(၁၅)နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီအား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။
၃၇။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိနှင့်သက်ဆိုင်သောတည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။
အပိုင်း ၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
၃၈။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ဘဏ္ဍာငွေအပေါ် ရပ်တည်၍ မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ရယူရမည်။
(ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။
၃၉။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၇)နှင့်(၁၈)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
(ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၄၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ဇယား(၁၇)နှင့် (၁၈)တို့တွင် ဖော်ပြထားသောရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြသော ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
၄၁။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်အခါ အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းသို့ပေးသွင်းပြီး၊ အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကိုင်ဆောင်ထားသော အစိုးရငွေချေး သက်သေခံလက်မှတ်များကို ရွေးယူရန် အသုံးပြုပြီးနောက် ကျန်ရှိသောအသားတင်အမြတ် လက်ကျန်ငွေကို နိုင်ငံတော်သို့ ထည့်ဝင်ရမည်။
(ခ)ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံတော်သို့ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။
(ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်ပါက အဆိုပါအရှုံးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့် ငွေစာရင်းမှခုနှိမ်ရမည်။
(ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေး နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ