May 03, 2022
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) အင်္ဂလိပ်-မြန်မာ/ မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များ ပို့ချမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင်ရှိ AA-202 စာသင်ခန်းမတွင်ကျင်းပရာ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ စာကြည့်တိုက်မှူး၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 03, 2022
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်သော အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆)နှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၄)ကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် လည်းကောင်း၊ စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ်(၈၈)ကို နံနက် ၉ နာရီတွင် Inhouse ဖြင့် လည်းကောင်း ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 03, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 03, 2022
ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်
May 03, 2022
၁၉၆၇ ခုနှစ် သြဂုတ် ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သော စာပေဗိမာန်သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် (၇၅) နှစ်ပြည့် မြောက်လျက် စိန်ရတုခရီး တိုင်ပြီဖြစ်ပါသည်။ သို့ဖြစ်ရာ ရွှေသွေးဌာနအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၂)ကို ထုတ်ဝေဖြန့်ချိလိုက်သည်။
May 03, 2022
စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို နေပြည်တော်ကောင်စီနှင့် နေပြည်တော်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီတို့ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 03, 2022
လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၁/၂၀၂၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
May 03, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ညောင်ဦးမြို့ရှိ အကျဉ်းထောင်၊ ညောင်ဦးမြို့မနှင့် ပုဂံနယ်မြေရဲစခန်း အချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
May 03, 2022
ကမ္ဘာ့နိုင်ငံအများစုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/ သေဆုံးမှုများ ကျဆင်းလာသည်နှင့်အတူ နိုင်ငံတကာ ခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူများအား ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို ဖြေလျှော့ပေးမှုများ ဆောင်ရွက်လျက်ရှိသည်။
May 03, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၄ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် (မေ ၂၂ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။