May 05, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (စတုတ္ထနေ့) နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၆၃ ဌာနတို့တွင် စာဖြေသံဃာတော်နှင့်သီလရှင်များ စာရင်းသွင်း ၁၂၅၅၁ ပါး အနက် ၉၅၃၅ ပါး ဖြေဆိုကြသဖြင့် ၇၅ ဒသမ ၉၇ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရှိရသည်။
May 05, 2022
နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာအသိပညာဖြန့်ဝေခြင်းနှင့် ဝန်ဆောင်မှုများကို အဓိကတာဝန်ယူထားသည့် မိမိတို့ဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာလျက် မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ကျေပွန်စွာဖြင့် လုပ်ငန်းများထိရောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
May 05, 2022
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ပင်မအုပ်ချုပ်မှု အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း အဆောက်အအုံ၌ ကျင်းပသည်။
May 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံအမှာစကားပြောကြားသည်။
May 05, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအားရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ မေ ၄ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၁၄ မျိုး စုစုပေါင်း ၂၇၂၄၀ ဒသမ ၉၂ KG၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီ
May 05, 2022
ချင်းပြည်နယ် ပလက်ဝမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ယာယီနေထိုင်၍ နေရပ်ဒေသအသီးသီးသို့ ပြန်လည် နေထိုင်ကြမည့် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီတိုက်ပွဲရှောင်အိမ်ထောင်စု များကို ချင်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် နေအိမ်အသစ်ဆောက်လုပ်ရန်နှင့် နေအိမ်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ဧပြီ ၃၀ ရက်က ပလက်ဝမြို့ ကီမိုခန်းမ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။
May 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 05, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၈ နှစ်နှင့်အထက် လုပ်သားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ အသက်အုပ်စုအလိုက် အဆင့်ဆင့်ထိုးနှံပေးခဲ့သည်။ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၃၄ သန်းကျော်ရှိသော်လည်း ပြည်ပတွင် သွားရောက်နေထိုင်သူများ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် တာဝန်ထမ်းဆောင်သူဦးရေမှာ ၂ ဒသမ ၄ သန်းကျော် ရှိသည့်အတွက် နိုင်ငံအတွင်းမြေပြင်၌ အမှန်တကယ်နေထိုင်လျက်ရှိသည့် အသက် ၁၈နှစ်နှင့်အထက် လူဦးရေ ၃၁ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ပေးခဲ့သည်။
May 05, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မေ ၂ ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် စမ်းခါးကျေးရွာရှိ လုံယောင်းကုမ္ပဏီက စိုက်ပျိုးထားရှိသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများနှင့် ငှက်ပျောခိုင်များ ခုတ်သိမ်း ထုပ်ပိုးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။