Skip to main content

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) အင်္ဂလိပ်-မြန်မာ/ မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များ ပို့ချမှုသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် မေ ၂

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) အင်္ဂလိပ်-မြန်မာ/ မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များ ပို့ချမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင်ရှိ AA-202 စာသင်ခန်းမတွင်ကျင်းပရာ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ စာကြည့်တိုက်မှူး၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါသင်တန်းသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပထမဆုံးအကြိမ် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး ဘာသာပြန်နည်းစနစ်များ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခြင်းဖြင့် ဝေါဟာရသစ်၊ အတွေးအခေါ်သစ်များ တိုးတက်လာစေခြင်းဖြင့် မိမိဖန်တီးထုတ်လုပ်လိုက်သော အနုပညာရပ်အသီးသီးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခြင်း၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ဘာသာပြန်ဆိုနိုင်မည့် ဆရာ ဆရာမများအဖြစ် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ပေးအပ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ ငါးရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်