Feb 03, 2020
မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၉) ရပ်ကွက် ဦးဘိုးလှိုင်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေး ဦးစီးဌာန၊ ရွှေပေါက်ကံအိမ်ရာဝင်းအတွင်းတွင် ထပ်မံဆောက်လုပ် ထားသည့် ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၃)ထပ်တိုက် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီ ၂၀ မိနစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
နေပြည်တော် ရေပန်းဥယျာဉ်တွင် ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့စ၍ တစ်လခန့်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပန်းပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များနှင့် အပတ်စဉ် ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပြီး စားသောက်ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်သည်။
ပန်းပွဲတော်ကာလအတွင်း ရေပန်းဥယျာဉ်အတွင်းဝင်ကြေးကို လူကြီး၊ ကလေးတစ်ဦးလျှင် ကျပ်(၁၅၀၀) သတ်မှတ်ထားကာ (၅)နှစ်အောက်ကလေးများကို အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
Feb 03, 2020
မုံရွာ ဖေဖော်ဝါရီ ၃
ကုန်တင်ရေယာဉ်များနှင့် လူစီးအမြန်ရေယာဉ်များ ချင်းတွင်းမြစ်ရေနည်းကာလအတွင်း ရေစူးသတိပေးချက်များ ထုတ်ပြန်ထားရာ ၎င်းကာလတွင် ရေယာဉ်များအနေဖြင့် ရေကြောင်းပြအမှတ်အသားများ ပြသထားသည့် ရေလမ်း ကြောင်းများအတိုင်း စနစ်တကျမောင်းနှင် ကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း၏ ပြောကြားချက်များအရ သိရသည်။
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နှင့် ၃၅ ကြိမ်မြောက် ဆိုက်ဘာမှုခင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးအောင်ဒင်က JICA ပညာသင်ဟောင်းများအနေဖြင့် ဂျပန်နိုင်ငံတွင် သင်ယူလေ့လာခဲ့သော အတတ်ပညာများနှင့် လုပ်ငန်းခွင်အတွေ့အကြုံများကို အသင်းသားများသို့ ဖြန့်ဝေပေးပြီး ဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ JICA ပညာသင်ဟောင်းများအသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
Feb 03, 2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guaungzhuo) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၁၁:၄၅)နာရီ အချိန်ခန့်တွင် ဆိုက်ရောက်လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီ အထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under in
Feb 03, 2020
ဖေဖော်ဝါရီ ၃
“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ပွဲတော် ဒုတိယနေ့တွင် တိုင်းရင်းသားရိုးရာပြခန်းများ၊ ရိုးရာအဝတ်အထည်များနှင့် အစားအသောက် အရောင်းဆိုင် များ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ရာ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိသည့်အပေါ် ၎င်းတို့၏ အမြင်များ၊ ပီတိစကားသံများကို ဖော်ပြလိုက် သည်။
ဦးအောင်သိန်းနိုင် (ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ)
Feb 03, 2020
ဖေဖော်ဝါရီ ၃
ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက် အထိ ကျင်းပလျက်ရှိ သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) ပွဲတော်ကြီး ဒုတိယမြောက်နေ့တွင် ပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ပွဲတော်ကာလအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ဝ၊ ကိုးကန့်၊ တအာင်း၊ ပအိုဝ်း၊ နာဂ၊ ဓနု စသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြခန်းများကို တစ်နေရာတည်းတွင် တစုတစည်း တည်း ပြသထားသည်ကို တွေ့မြင်ရ မည်ဖြစ်သည်။
ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များသည် ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အားကစားလေ့ကျင့်ရေးစခန်းသို့ အသီးသီး ရောက်ရှိကြသည်။
Feb 03, 2020
နတ်မောက် ဖေဖေါ်ဝါရီ ၃
Feb 03, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂
(၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း (၁၄)ရက်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ လ ၇ ရက်(သောကြာနေ့) မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့၊ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာစာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားခဲ့သည်။
Feb 03, 2020
ပခုက္ကူ ဖေဖော်ဝါရီ ၃
ပခုက္ကူဒေသဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီခွဲ အချိန်က ပခုက္ကူမြို့၊ ချမ်းမြေ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ မိုးအလင်္ကာတေးဂီတနှင့်ချစ်သူများအဖွဲဥက္ကဋ္ဌ၊ ကျန်းမာရေးမှူး(ငြိမ်း) ဒေါက်တာလှိုင်မိုးက ပခုက္ကူ ဒေသ ဂုဏ်ပြုသီချင်းဆိုပြိုင်ပွဲပြုလုပ်မည့် ရည်ရွယ်ချက်များအကြောင်း၊ ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပွဲအစီအစဉ်များ ရေးဆွဲနိုင်ရေးတို့အတွက် ဝိုင်းဝန်းကူညီအကြံဉာဏ်ပေးကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားသည်။
Feb 02, 2020
နေပြည်တော် ဖေဖော်ဝါရီ ၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Myanmar Network Organization for Free and Fair Elections (MYNFREL)အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 02, 2020
မုံရွာ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
နှစ်နိုင်ငံ နယ်နမိတ်ထိစပ်နေသော ပြည်နယ်များအချင်းချင်း ရင်းနှီးချစ်ခင်မှု ပိုမိုရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများ ပိုမိုပူးတွဲ လုပ်ဆောင် နိုင်စေရန် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
Feb 02, 2020
ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် Football for schools program ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်း၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အားကစား စိတ်ဓာတ်ဖြင့် စုပေါင်းညီညွတ်သည့်စိတ်ဓာတ် ပြုစုပျိုးထောင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။
Feb 02, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အော်ပရေတာများတွင် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခြင်းမရှိသောကြောင့် ပိတ်သိမ်းလိုက်ရသည့် ဖုန်း SIM Card အရေအတွက် ၆ ဒသမ ၅၅ သန်းကျော်တွင် ကျန်ရှိသည့် လက်ကျန်ငွေကျပ် ၁ ဒသမ ၅၇၃၁ ဘီလီယံကို သုံးစွဲသူအများ ပြည်သူများကိုယ်စား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ဇန်နဝါရီ ၃၁ ရက်က လာရောက်လှူဒါန်းသည်။
ပြန်လည်အသုံးပြုနိုင်
Feb 02, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့ လျက်ရှိသည့် (2019 nCoV) ရောဂါပိုးကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
Feb 02, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ (၃၁-၁-၂၀၂၀)ရက်နေ့တွင်ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံတွင်အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက်(၂၉)နှစ် အရွယ်အမျိုးသား သည်(၂-၂-၂၀၂၀)ရက်နေ့တွင် ကိုယ် အပူချိန်မြင့်မားသဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိကဆေးခန်းတွင် သွားရောက်ပြသခဲ့ရာ အဆိုပါဆေးခန်းမှ နေပြည်တော်ခုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။