Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး The International Education and Skill Summit-TIESS အခမ်းအနားသို့ တက်ရောက်ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၉

The International Education and Skill Summit-TIESS အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် India Didactics Association က ဉီးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က  “How Can We Develop an Ed-tech Culture in Education Encouraging Creativity and Development of New Approaches Within and Beyond Education?” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် တိုးတက်လာသည့် နည်းပညာ ပြောင်းလဲခြင်းများနှင့်အတူ စွမ်းဆောင် ရည်မြင့် နည်းပညာသုံးကိရိယာများ အသုံးပြုကာ လေ့လာသင်ယူမှုဝန်းကျင် ကောင်းများကို ပုံဖော်ရန်အတွက် ဒီဂျစ်တယ် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာ ပါကြောင်း၊ ၂၁ ရာစု၏ ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များ ရရှိရန်၊ ရေရှည် တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SDGs)ပါ ရည်မှန်းချက် ၁၇ ချက်ပြည့်ဝရန်နှင့် ရာသီဥတု ပြောင်းလဲ မှု၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် ကျောင်းသား၊‌ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်း များကို ဒီဂျစ်တယ် နည်းပညာများ တတ်မြောက်ရန် လေ့ကျင့်ပေး ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် KG+12 စနစ်စတင်ကျင့်သုံးခြင်း၊ စွမ်းဆောင်ရည်များ၊ အသိပညာဗဟုသုတ များ၊ ကျွမ်းကျင်မှုများ၊ သဘောထားများနှင့် ပင်မ တန်ဖိုးများ ကောင်းမွန်လာစေရေးအတွက် အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို ပြန်လည် သုံးသပ်ပြင်ဆင်ခြင်း၊ ဆရာများ၊ အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် သင်တန်းပေးခြင်း၊ အခြေခံပညာဆရာ၊ ဆရာမ များအားလုံးကို သင်ရိုးသစ်စာအုပ် သင်ကြား နည်းစနစ်များနှင့် သင်ထောက်ကူပစ္စည်း များ ထိရောက်စွာအသုံးပြုနည်း သင်တန်းများ ပို့ချ ပေးခြင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်ကို ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်ဆောင်ရွက်ခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရာတွင် ဖွံ့ဖြိုးမှုအားနည်း သော ဒေသများနှင့် တိုင်းရင်းသားဒေသများကို ဦးစားပေးခြင်း၊ နည်းပညာ၊ သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး၊ တက္ကသိုလ်များတွင် လုပ်သားဈေးကွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော ဒီဂရီဘွဲ့သင်တန်းများကို တက်ရောက်နိုင်ရေး အခွင့်အလမ်းများ ပိုမိုဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့ပြင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ကို ရေးဆွဲလျက် ရှိရာ လူတိုင်းအတွက် ဒီဂျစ်တယ်ပညာရေးကို မဟာဗျူဟာ တစ်ခုအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလနှင့် ကိုဗစ်အလွန်ကာလ အတွက် ထည့်သွင်းထားပါကြောင်း၊ အဆိုပါ မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အတွက် ၂၀၁၉-၂၀၂၁ ဘဏ္ဍာနှစ် တွင် အထက် တန်းကျောင်း တစ်ကျောင်းလျှင် ကွန်ပျူတာ ၁၀ လုံးစီနှင့် တက္ကသိုလ် တစ်ကျောင်းလျှင် ကွန်ပျူတာ အလုံး ၃၀ စီ ပံ့ပိုးပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ အခြေခံ ပညာကျောင်း တစ်ကျောင်းလျှင် Tablet တစ်လုံးစီကို လည်းကောင်း၊ အခြေခံ၊ နည်းပညာ၊ သက်မွေးပညာနှင့် တက္ကသိုလ်များတွင် Tablets/ Laptops/ Computers များ ပံ့ပိုးပေးရန် လည်း စီစဉ်ထားပါကြောင်း၊ ဒီဂျစ်တယ် လေ့လာသင်ယူမှု စင်တာများ ဖွင့်ပေးကာ ရေရှည် တွင် အိုင်စီတီဆိုင်ရာ လိုအပ်သောပစ္စည်းများကို ဆက်လက်ပံ့ပိုးပေး မည်ဖြစ်ပါကြောင်း။

တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များတွင် အင်တာနက်လိုင်းများ၊ Wifi ရရှိရေးနှင့် Websites များ တည်ထောင်နိုင်ရေးအတွက် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ Learning Management System (LMS) ကို အသုံးပြု၍ အခြေခံပညာကဏ္ဍ၊ အဆင်မြင့်ပညာကဏ္ဍနှင့် နည်းပညာ၊  သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍများရှိ ဆရာ၊ ဆရာမများအတွက် ဒီဂျစ် တယ် နည်းပညာဖြင့် သင်ကြားသင်ယူမှု နည်းစနစ်များကို သင်ကြားပို့ချပေးလျက်ရှိပါ ကြောင်း။

တက္ကသိုလ်များတွင်လည်း မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့ သင်တန်းများ၊ ဒီပလိုမာ သင်တန်းများကို အွန်လိုင်းမှတစ်ဆင့်ပို့ချရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မြန်မာဒီဂျစ် တယ်ပညာရေး ပလက်ဖောင်းမှတစ်ဆင့် Website ပေါ်တွင် တင်ထားသည့် အခြေခံပညာ ကျောင်းသင်ခန်းစာများ၊ နည်းပညာနှင့်သက်မွေးပညာရပ်များကို မည်သူမဆို မှတ်ပုံတင်ရန် မလိုဘဲ အင်တာနက်အခမဲ့ဖြင့် သုံးစွဲနိုင်ပါကြောင်း၊ လွန်ခဲ့သည့် ၃ လ ခန့်က သင်တန်းသား ၂၀၀၀ ကျော်ကို LMS, Digitization နှင့် Video Editing သင်တန်း ပို့ချပေးနိုင်ခဲ့ပါကြောင်း၊ အင်တာနက်လိုင်းများ မရရှိသည့် ဝေးလံခေါင်ဖျား ဒေသများနှင့် ဖွံ့ဖြိုမှုနည်းပါးသည့် ဒေသများသို့ DBE Boxes နှင့် DBE Sticks များ အခမဲ့ဖြန့်ဝေပေးခဲ့ ပါကြောင်း၊ အရည် အသွေးရှိသည့် ပညာရေးနှင့်နည်းပညာများကသာ ပိုမိုဆိုးရွားသည့် မညီမျှမှုများကို ကာကွယ် တားဆီးခြင်းနှင့် လူတိုင်းအတွက် သာယာဝပြောသည့် အနာဂတ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ မျက်မှောက်ကမ္ဘာကြီးတွင် ကျောင်းသားများအားလုံး စဉ်ဆက်မပြတ် လေ့လာသင် ယူမှု အခွင့်အလမ်းများ ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ၊ စုပေါင်းအင်အားများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။

ယင်းနောက် Secretary General of Education and Research, Estonia ၊ Lead, International Cloud Innovation Porgrammes & International Education Strategy၊ Amazon Web Services နှင့် Director General, British Educaitonal Suppliers Association တို့နှင့်အတူ Panel Discussion ဆက်လက်ဆွေးနွေး မေးမြန်းဖြေကြားခဲ့သည်။

(သတင်းစဉ်)