Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
Jan 30, 2020
မောင်တော ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံ တိုင်းရင်းသားများ နေထိုင်သည့် ရွာမကျေးရွာနှင့် မြို့မစေတီတောင်ကျေးရွာများသို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများအား တွေ့ဆုံကာ သိရှိလိုသည်များအား မေးမြန်းသတင်းရယူကြသည်။
Jan 30, 2020
နေပြည်တော်၊ ဇန်နဝါရီ ၃၀
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 30, 2020
ရန်ကုန် ဇန်နဝါရီ ၃၀
၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆) ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
Jan 30, 2020
မန္တလေး ဇန်နဝါရီ ၂၉
တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်ခေါ်လာမည့် မြန်မာကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် မန္တလေးမြို့တွင် အသင့်ပြင်ဆင်ပြီးကြောင်း သိရသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပြင်းထန်အဆုတ် ရောင်ရောဂါ (2019 Novel Coronavirus) အန္တရာယ်ကြောင့် ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင် လျက်ရှိကြသည့် မြန်မာအလုပ်သမားများမှ ၎င်းတို့၏ နေရပ်သို့ ပြန်လိုကြောင်းဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ကြောင်း၊
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၂)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သဘောရေးဖြေပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပခဲ့ရာ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဘဒ္ဒန္တပညာဝံသာဘိဝံသ သက်တော်(၄၅)နှစ်၊ သိက္ခာတော် (၂၄)ဝါသည် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒအဖြစ် သာသနာ့အာဇာနည် အရှင်မြတ်(၁)ပါး ထပ်မံပေါ်ထွန်းခဲ့သည်။
Jan 30, 2020
မောင်တော ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုကိုးစု အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း၂၆ ဦးတို့အား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၃၀
လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာကျောင်းသူ/ကျောင်းသား (၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာ အဆောင် အမှတ် (-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 30, 2020
မန္တလေး ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီးအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားပျံ့နှံ့မှု မရှိစေရေးအတွက် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းထားသည့် စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ Surveillance and Respond Team (SRT) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းစာများ အမြန်ဆုံးပေးပို့ထားရန် လိုအပ်
Jan 30, 2020
ရန်ကုန် ဇန်နဝါရီ ၂၉
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ခွင့်ပြုမိန့်နှင့် အတည် ပြုမိန့်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရေး ဂျာမန်အပြည်ပြည်ဆိုင်ရာ ကူညီပေးရေးအဖွဲ့ (GIZ) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်နေ
Jan 30, 2020
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ၌ တရားစွဲဆို လျှောက်ထားမှုကို ဇန်နဝါရီ ၂၃ ရက်တွင် ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) အဖြစ် အချက် (၄) ချက်ချမှတ်ခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ICJ ၏ ကြားဖြတ်စီမံဆောင်ရွက်ချက် ချမှတ်ခြင်းဆိုင်ရာ အတွေအကြုံများ စကားဝိုင်းကို ထုတ်လွှင့်ခဲ့သည်။
Jan 30, 2020
လူတို့ အသက်ရှင်သန်ရန်အတွက် လိုအပ်သည့် အာဟာရဓာတ်ကို ရရှိ စေရန်အလို့ငှာ အစားအစာကို မဖြစ်မနေစားကြသည်။ ယင်းသို့ မဖြစ်မနေ စားကြရသည့် အစားအစာသည်လည်း သန့်ရှင်းရန်၊ ကျန်းမာရေး နှင့် ညီညွတ်ရန်လိုသည်။ စားလိုက်သည့် အစာအာဟာရတို့ မသန့်မရှင်း၊ ဘေးမကင်းပါက အသက်ကိုပင် အန္တရာယ်ပြုနိုင်သည်။
Jan 30, 2020
မျက်မှောက်ကာလသည် နိုင်ငံတော်အစိုးရက တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးနေသော အချိန်ကာလဖြစ်သည်။ တိုင်းရင်းသားဒေသများမှာ သွားလာမှုခက်ခဲပြီး ဝေးလံသောကြောင့် အနေဝေးကာ ဖွံ့ဖြိုးမှုနည်းခဲ့သည်။ တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝမြင့်မား တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှသာ တိုင်းရင်းသားအချင်းချင်း ချစ်ခင် ရင်းနှီးမှုဖွံ့ဖြိုးပြီး ပြည်ထောင်စုကြီး အေးချမ်းသာယာမည်ဖြစ်၍ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
Jan 30, 2020
နေပြည်တော် ဇန်နဝါရီ ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။
Jan 30, 2020
သုံးလတစ်ကြိမ်ထုတ် မြန်မာရေးရာ (Myanmar Affairs) အမှတ် ၁၄၊ ဇန်နဝါရီ ၂၀၂၀ ထွက်ရှိ လာသည်