Skip to main content

တစ်ဦးကိုတစ်ဦး အသိပေးခြင်း သတိပေးခြင်း မိသားစုစီမံချက် လူထုလှုံ့ဆော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေး ဇန်နဝါရီ ၂၉

တစ်ဦးကိုတစ်ဦး အသိပေးခြင်း  သတိပေးခြင်း မိသားစုစီမံချက် လူထုလှုံ့ဆော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက ၂၆လမ်းနှင့်၆၆လမ်းထောင့်ရှိ ကျုံးဘေးပလက်ဖောင်းပေါ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တစ်ဦးကိုတစ်ဦးအသိ ပေးခြင်း သတိပေး ခြင်း မိသားစုစီမံချက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြပြီး လမ်းသွား လမ်းလာ ပြည်သူများကို 75% Ethyl ALcohol ရေမဆို လက်သန့်ဆေးရည်ဘူး အသေးနှင့် နှာခေါင်းစည်း(Mask)များကို ဝေငှပေးခဲ့‌ ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)