Feb 05, 2020
ဖားဆောင်း ဖေဖော်ဝါရီ ၆
ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လ ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖားဆောင်းမြို့၊ ဖားစည်သံလွင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Feb 05, 2020
(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောက်ရွက်လျက်ရှိရာ ယနေ့ (၅-၂-၂၀၂၀) ရက်နေ့အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါ လူနာများထံမှ ဓာတ်ခွဲနမူနာများ ရယူခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ညပိုင်းတွင် အောက်ပါလူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများကို ရရှိခဲ့ပါသည် -
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆) ကျောင်း၏ ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
နေပြည်တော်၌ ဝန်ကြီးဌာနများ စုပေါင်း၍ “ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲ”အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 05, 2020
နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက် (၈) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။
Feb 05, 2020
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 05, 2020
နေပြည်တော် ဖေဖော်ဝါရီ ၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 05, 2020
မန္တလေး ဖေဖော်ဝါရီ ၅
အမေရိကန်ကုမ္ပဏီများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုရရှိစေရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ အမေရိကန်ကုန်သည်ကြီးများ အသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အမေရိကန် စီးပွားရေးပြပွဲ (U.S Business Showcase) ကို မန္တလေးမြို့၊ သိပ္ပံလမ်း ပေါ်ရှိ Mandalay Convention Center တွင် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
Feb 05, 2020
ထားဝယ် ဖေဖော်ဝါရီ ၅
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေး ကောလိပ်ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။
Feb 05, 2020
မုံရွာ ဖေဖော်ဝါရီ ၅
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့်ပန်းမန်ပြိုင်ပွဲအား စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာ(ရွှေလိမ္မော်ကျွန်း)၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 05, 2020
မူဆယ် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သည် တရုတ်နိုင်ငံခရီးသွားများ စိတ်ဝင်စားသည့် မြို့ဖြစ်သည့်အလျောက် တရုတ်နိုင်ငံခရီးသွား ဧည့်သည်များ နေ့စဉ်လာရောက် လာပတ်မှု များပြားလျက်ရှိရာ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မူဆယ်မြို့သို့ တရုတ်နိုင်ငံ၊ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု လျော့နည်းလာကြောင်း မူဆယ်မြို့၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မူဆယ်ရုံးခွဲမှ သိရသည်။
Feb 05, 2020
ကြိုတင်ကာကွယ်ခြင်း
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်းသည်ဟု ဆိုရိုးစကားရှိပါသည်။ ပြစ်မှုများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်ခြင်း လိုအပ်ပါသည်။ ငြိမ်ဝပ်အေးချမ်းစွာ နေထိုင်ရန်နှင့် ကောင်းစွာကျင့်ကြံ အသက်မွေးဝမ်းကျောင်းပြုရန် ပြည်သူပြည်သားတိုင်း၊ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထိုတာဝန်ကျေပွန်ရန် တရားဥပဒေက ကာကွယ်စောင့်ရှောက်ပါသည်။
ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၀၆ (၁)
Feb 05, 2020
ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ကျင်းပနေသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော်တွင် “အောင်အနုပညာလုပ်ငန်း” မှ ဖန်တီးပြသထားသည့် မြန်မာ့အနုပညာလက်ရာပစ္စည်းများ၊ မြန်မာတို့ လေးစားဂုဏ်ယူရသည့် သူရဲကောင်းများ၏ မြင်းစီးရုပ်တုများကို ကြည့်ရှုဖြတ်ကျော်ပြီးသည်နှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းများ၊ ရိုးရာစားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ခင်းကျင်းပြသထားမှုမှာ တိုင်းရင်းသား ကမ္ဘာကြီးထဲသို့ ရောက်ရှိလည်ပတ်ရသလို စိတ်ခံစားမှုကို ရရှိစေမည်ဖြစ်သည်။