Skip to main content

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တွင် တပ်ဆင်ထားရှိသော Oxygen Plant (Oxymet)မှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် လူမှုရေးအဖွဲ့အစည်းများသို့ ပေးပို့လှူဒါန်း

နေပြည်တော်၊ ဇူလိုင် ၁၈
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ကာ ပြည်သူ့ ဆေးရုံများနှင့် ကိုဗစ်ကုသရေး စင်တာများသို့ ပို့ဆောင်ဖြန့်ဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့ ထုတ်လုပ်ဖြန့်ဝေလှူဒါန်းလျက်ရှိရာ တပ်မတော်(ရေ)မှ ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ပေါ်၌ တပ်ဆင်ထားရှိသော oxygen Plant (Oxymet) မှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ ဆေးရုံများနှင့် လူမှုရေးအဖွဲ့အစည်းများသို့ ပို့ဆောင်ဖြန့်ဝေလှူဒါန်း ပေးခြင်း များလည်း ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်မှ ယနေ့အထိ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၂၆ လုံးနှင့် ၁၅ လီတာဆံ့အောက်ဆီဂျင်အိုး ၄ လုံးတို့အား ဖြန့်ဝေလှူဒါန်းပေးနိုင်ခဲ့သည်။
ယင်းသို့ဖြန့်ဝေလှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ၅ လုံး၊ ကွမ်းခြံကုန်းပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး
၈ လုံး၊ ဆိပ်ကြီးခနောင်တို ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၁၀ လုံး၊ ကော့မှူးမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၅ လုံး၊ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံနှင့် စိတ္တသုခလူမှုကူညီရေး အသင်းသို့ အောက်ဆီဂျင်အိုး ၄၀ လုံး၊ (MAB) မြန်မာ့ရှေ့ဆောင်လူမှုကူညီရေးအသင်း သို့ အောက်ဆီဂျင် အိုး ၂၂ လုံးနှင့် အခြားလူမှုရေးအဖွဲ့အစည်းများသို့ အောက်ဆီဂျင်အိုး ၃၅ လုံး စုစုပေါင်း အောက်ဆီဂျင်အိုး ၁၃၀ လုံးတို့ကို ပို့ဆောင်လှူဒါန်း ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။