Skip to main content

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ မှာယူထားသည့် အောက်စီဂျင်အိုးများရောက်ရှိ

တာချီလိတ် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ထိုင်းနိုင်မှ မှာယူထားသည့် အောက်စီဂျင်အိုး(၈၂)လုံး ချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် ယမန်နေ့ကရောက်ရှိလာကြောင်းသိရသည်။

တာချီလိတ်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များမှ စုပေါင်းလှူဒါန်းထားသည့် Oxygen (40 L) အိုးကြီး (၇၂)လုံး၊ တာချီလိတ်မြို့အတွက် (၁၀)လုံး၊ စုစုပေါင်း (၈၂)လုံးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့်ဌာနဆိုင်ရာများ၊ အလင်းရောင်ပရဟိတအသင်းတို့က မြန်မာ-ထိုင်း နယ်ခြားကော်မတီ ( TBC )မှတစ်ဆင့် ထိုင်းနိုင်ငံသို့မှာယူထားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ရောက်ရှိလာသည့် အောက်စီဂျင်အိုးများကို ပုသိမ်မြို့ရှိ ပရဟိတအသင်းသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးနိုင်ရန် တာဝန်ရှိသူများကစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)