နေပြည်တော်၊ ဇူလိုင် - ၁၈ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။ ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေး ကျောင်းများ၊ စာသင်ကျောင်းများနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၉၉၁ လုံး၊ Mask ၃၀၈၃၆၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၉၆၀ စုံ၊ Hand Gel ၅၀၉ ဘူး၊ Face Shield ၁၅၀ ခု၊ လက်ဆေးဆပ်ပြာရည် ၄ လုံး၊ လက်အိတ် Surgical Gloves ၈၀၀ ခု၊ ခေါင်းစွပ် ၅၀၀ ခု၊ စက်သုံးဆီများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို သွားရောက် ပေးအပ်လှူဒါန်း နိုင်ခဲ့ကြောင်း နှင့် ဆက်လက်ပေးအပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အလားတူ တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင် အလှူရှင်များကလည်း သက်ဆိုင်ရာနယ်မြေများ အလိုက်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ X-Ray စက်များ၊ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် အလှူငွေများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးသို့ လာရောက်လှူဒါန်းလျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
နောက်ဆုံးရသတင်းများ
19 May, 2025