Skip to main content

ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေမှာရှိတဲ့ ပြည်သူလူထုဝန်ဆောင်မှု လုပ်ငန်းတွေအားလုံးကို တစ်ဖက်တစ်လမ်းကနေ ပြည်သူလူထုအတွက်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေဖို့ ကျွန်တော်တို့ ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေမှာရှိတဲ့ ပြည်သူလူထုဝန်ဆောင်မှု လုပ်ငန်းတွေအားလုံးကို တစ်ဖက်တစ်လမ်းကနေ ပြည်သူလူထုအတွက်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေဖို့ ကျွန်တော်တို့ ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။
 
ကိုဗစ်-၁၉ လူနာများအတွက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူနာများ အောက်ဆီဂျင် မပြတ်လပ်စေရန် အထူးလိုအပ်ပါသည်။ အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူး လှူဒါန်းနေမှုများနှင့် ပတ်သက်၍ ဦးကျော်မျိုးအောင် မန်နေဂျာ (ရွှေဗျိုင်းဖြူကုမ္ပဏီ)နှင့် တွေ့ဆုံမေးမြန်း ထားပါသည်။
 
ဦးကျော်မျိုးအောင်
မန်နေဂျာ (ရွှေဗျိုင်းဖြူကုမ္ပဏီ)
 
" ဒီနေ့ကျွန်တော်တို့ ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်ကနေပြီးတော့ အများပြည်သူအတွက် ရန်ကုန် တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူလူထု အတွက်ကျန်းမာရေးဝန်ဆောင်မှုအနေနဲ့ တစ်ဖက် တစ်လမ်းက လိုအပ်တဲ့ အောက်ဆီဂျင်ကို ပေးဝေလှူဒါန်းခြင်းဖြစ်ပါတယ်။
 
ပေးဝေလှူဒါန်းတာက ရွှေဗျိုင်းဖြူး ကုမ္ပဏီလိမိတက်နဲ့အတူ အလှူရှင်များစွာ လှူဒါန်းတဲ့ အလှူလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် လိုအပ်တဲ့ အောက်ဆီဂျင်ကို ပထမအကြိမ် ကနဦးအလှူရှင် ခုနှစ်ဦးကနေပြီးတော့မှ စုစုပေါင်း အလုံး ရေ ၂၆လုံးကို လှူဒါန်းပြီးတဲ့နောက်မှာ နောက်ထပ်လည်း ဒီလိုပဲ အလှူရှင်တွေ ထပ်ထပ်တိုး လာတဲ့အခါမှာ အလှူရှင် အားလုံးဟာ ၂၄ ဦးရှိပြီးတော့ ဒုတိယအကြိမ် အခုလ ၁၅ ရက်နေ့မှာပဲ နောက်ထပ် ၄၄ လုံး စုစုပေါင်းအလုံး ၇၀ ရှိတဲ့ အောက်ဆီဂျင်ပမာဏကို ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
 
ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကနဦးအနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီဘက်ကနေပြီးတော့ မန္တလာမင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်ကနေမှာယူရရှိပြီး ဖြစ်ပါတယ်။နောက်ထပ်နောက်ထပ်လည်း လှူဒါန်းမှုအတွက် အလှူရှင်အများကြီးရှိသလို မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ လိုအပ်တဲ့တိုင်းဒေသကြီး တို့မှာလည်း ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ပေးဖို့ ရှိပါတယ်။
 
အလှူရှင်တွေရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ် စင်တာတွေမှာရှိတဲ့ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းတွေအားလုံးကို တစ်ဖက်တစ်လမ်းကနေ ပြည်သူလူထု အတွက် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေဖို့အတွက် ကျွန်တော်တို့ ကူညီဆောင်ရွက်ခြင်း ဖြစ်ပါ တယ်။
ကျွန်တော်မှာယူတဲ့ ထိုင်းနိုင်ငံက အောက်ဆီဂျင်အနေနဲ့ကတော့ Medical Industrial Liquid Oxygen အမျိုးအစားဖြစ်ပါတယ်။ ဒီနေ့မှာတော့ Unity Oxygen Plus ကနေတစ်ဆင့် ပြည်သူလူထုလိုအပ်တာတွေ ကို ပေးလှူခြင်းဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ကိုဗစ်စင်တာတွေ၊ ဆေးရုံတွေ၊ လူမှုအဖွဲ့ အစည်းတွေနဲ့ တခြားသောဝန်ဆောင်မှုတွေ လုပ်နေတဲ့ သူတွေလက်ထဲကို တတ်နိုင်သမျှ လက်ထဲရောက်အောင် ဖြန့်ဖြူး ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ။
 
ဦးစားပေးအနေနဲ့ကတော့ ကိုဗစ်စင်တာတွေ၊ ဆေးရုံတွေ၊ ကျန်းမာ ရေးအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေကို ဦးစားပေးဆောင်ရွက် ပေးပါတယ်။ ပြည်သူလူထုကို ကိုဗစ်ရောဂါ စည်းကမ်းချက်များနှင့် အညီ ရောဂါပြန့်ပွားမှုမဖြစ်အောင် Token စနစ်နဲ့ ၁၀ လုံးဆို ၁၀ လုံး ပမာဏကိုသွင်းကာ ဖြည့်သွင်းခြင်းများလုပ်ပြီး သူတို့ကို ပြန်ပေး ခြင်းလုပ်ပါတယ်။ အခြားသော အလှူရှင်တွေရဲ့ မွန်မြတ်တဲ့အလှူဒါန ဇီဝိတဒါနတွေမှာ ပင်ပန်းတယ်လို့မရှိဘဲနဲ့ လုပ်ဆောင် ပေးရတာကို ကျွန်တော့်အနေနဲ့ ပြည်သူလူထုနဲ့အတူ ထပ်တူဝမ်းသာပီတိဖြစ်ရပါ တယ်။
 
သတင်းစဉ်