Skip to main content

Aug 18, 2021

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် Video conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့် ကိစ္စနှင့်ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ဩဂုတ်လ ၁၂ ရက်နေ့ ၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်ဝန်းကျေးရွာ အနောက်တောင်ဘက်ရှိ လောပိတအမှတ်(၂) ဓာတ်အားပေးစက်ရုံနှင့် နေပြည်တော် (တပ်ကုန်း)ရွှေမြို့ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော National Grid ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ အောက်ခံကွန်ကရစ်ခုံ ၄ ခုနှင့် သံဖရိန်အား ယမ်းကပ်၍ ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

၁။         ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် အောင်ဘာလေ သိန်းထီကံစမ်းသူမိဘပြည်သူများမှ ထီလက်မှတ်များကို အဆင်ပြေချောမွေ့စွာ ဝယ်ယူကံစမ်းနိုင်စေရေးအတွက် အောင်ဘာလေသိန်းထီ လက်မှတ်များအား လစဉ်ရောင်းချပေးလျက်ရှိပြီး ထီဖွင့်ပွဲများကိုလည်း လစဉ်လဆန်း (၁) ရက်နေ့တွင်  ကျင်းပပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

 

                                                                                                              နေပြည်တော် ဩဂုတ် ၁၈

 

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်များကို ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်။ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီက မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနက ငါးအမျိုးမျိုးကို ဝန်ထမ်းများ သက်သာချောင်ချိစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍ မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်းစည်ပင်အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချနေမှုကိုသွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက် ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

Stay at Home နေတာကြာလာတာနဲ့အမျှ လူတွေက လမ်းပေါ်ပြန်ထွက်ချင်ပါတယ်။ ဒီလိုအခြေအနေမှာ စိတ်တော့မချရသေးပါဘူး။ ကူးစက်တာတွေက ရှိနေပါသေးတယ်။ အကြွင်းအကျန်တွေရှိရင် ဒီအကြွင်းအကျန်က ပြန်ပြီးပွားနိုင်ပါတယ် (ဒေါက်တာ သန်းနိုင်စိုး)

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိမ်သုံး အောက်ဆီဂျင်စက် ၁၃၇၇ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၄၃၂၈စုံ၊ လက်အိတ်တစ်တန်နှင့် နှာခေါင်းစည်း ၂၅ တန်၊ ဆိပ်ကမ်းများမှ အောက်ဆီ ဂျင်စက်တစ်ခုအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် Bowser ယာဉ် ရှစ်စီးဖြင့် ၁၄၉ တန်၊ အောက်ဆီဂျင် အရည် အိုးဖြင့် ၃၁ တန်၊ အောက်ဆီဂျင်အရည် Storage Container လေးခု၊ အောက်ဆီဂျင်အိုး အခွံ ၅၀၁၄ ခု၊ အောက်ဆီဂျင်စက် လေးခု၊ အောက်ဆီဂျင် Generator တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၃၇၃၅ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၅၅၂၈ စုံ၊ လက်အိတ်တစ်တန်နှင့် နှာခေါင်းစည်း ၈၆ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၃၁ ခုမှ ယာဉ်စီးရေ ၇၂ စီးဖြင့် တင်သွင်းလာ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၅ ရက်နှင့် ယနေ့တို့တွင် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦး ၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၁၂၀ ဦး၊ စုစုပေါင်း ၂၂၀ ဦး၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၆၆ ဦး၊ စုစုပေါင်း ၁၅၉ ဦး၊ မြဝတီမြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၉၆ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို နယ်စပ်ဂိတ်အသီးသီးမှတဆင့် လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 18, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပျဉ်မနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(ပျဉ်မနား)သို့ ရောက်ရှိပြီး ဗဟိုဌာနသင်တန်းခန်းများနှင့် အစည်းအဝေးခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်